iMyanmarHouse.com - Best Property Website for Myanmar
×


ပ်ိဳေမတို႕ ခ်စ္သူနဲ႕ မက္ေဆ့ပို႕တဲ့အခါမွာပဲျဖစ္ျဖစ္၊ Crush ေလးနဲ႕မက္ေဆ့ပို႕တဲ့အခါမွာျဖစ္ျဖစ္ သူတို႕ေတြ အခုေျပာေနတဲ့ အေၾကာင္းအရာအေပၚမွာ စိတ္၀င္တစားရွိရဲ႕လား၊ သူတို႕စိတ္ေတြ ကိုယ့္ဆီမွာရွိရဲ႕လားဆိုတာ သူတို႕ပို႕တဲ့ မက္ေဆ့ေတြကို ၾကည့္ရင္သိနိုင္ပါတယ္။ ေယာက်ာ္းေလးေတြဘက္က ဒီလိုမက္ေဆ့ေတြ ပို႕လာရင္ သူတို႕စိတ္ေတြက သင့္ဆီမွာ မရွိဘူး၊ တျခားအေၾကာင္းအရာတစ္ခု ဒါမွမဟုတ္ တျခားလူတစ္ေယာက္အေပၚ စိတ္၀င္စားေနလို႕ဆိုတာ သိေစခ်င္ပါတယ္။

(၁) စကားတစ္လံုးတည္း
ကိုယ္က ဘာပဲေျပာေျပာသူ႕ဘက္က စကားတစ္လံုးတည္း ျပန္ပို႕တာမ်ိဳး။ ဥပမာ – haha , yeah, okay, omm စတာေတြေပါ့။

(၂) ေရွ႕ဆက္လို႕မရတဲ့စကားေတြ

ေမးခြန္္းတစ္ခုေမးရင္ တစ္ခုပဲေျဖတယ္၊ ေျဖလိုက္တဲ့ စကားေတြကလည္း ေရွ႕ဆက္လို႕ မရတာမ်ိဳးေတြျဖစ္ျပီး စကားစကို ျမန္ျမန္ျဖတ္ခ်င္ေနတဲ့ပံုစံမ်ိဳးေတြ ပို႕တတ္ပါတယ္။

(၃) အရမ္းရိုးရွင္းတဲ့စကားေတြ

ကိုယ့္ကို စိတ္၀င္စားေနတဲ့သူတစ္ေယာက္၊ ကိုယ္နဲ႕စကားေျပာရတာ ေပ်ာ္ေနတဲ့သူတစ္ေယာက္က တံုးတိစကားေတြ ေျပာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ႕ဘက္က အရမး္ကိုရိုးရွင္းတဲ့ စကားေလးေတြပဲေျပာေနတယ္ဆိုရင္ေတာ့ သူဟာ သင့္အေပၚမွာ ထူးထူးျခားျခား စိတ္၀င္စားတာမ်ိဳး မရွိဘူး၊ သူ႕စိတ္ေတြ တျခားဆီေရာက္ေနတယ္လို႕ ယူဆရမွာပါ။

(၄) ခံစားခ်က္ကိုေဖာ္ျပတဲ့ emoji ေတြလံုး၀မသံုးဘူး

သူဟာ သင့္ကို မက္ေဆ့မပို႕လို႕ မျဖစ္ေတာ့တဲ့အေျခအေနမ်ိဳးမွာမွ ပို႕တတ္ျပီး၊ မက္ေဆ့ပို႕တိုင္းလည္း emoji ေတြ တစ္ခါမွ ထည့္မပို႕တတ္ဘဲ ေျပာစရာရွိတာေတြကို ရိုးရိုးရွင္းရွင္းပဲ ေျပာတတ္တယ္ဆိုရင္ သူသင့္အေပၚမွာ ရိုးသားတယ္၊ စိတ္မ၀င္စားဘူးဆိုတာ ေသခ်ာပါတယ္။ ရယ္တာကိုေတာင္ Emoji မပို႕ဘူး၊ Haha လို႕ ပို႕တာမ်ိဳး :3 ။

Credit:MAY THAZINHTOO

# Unicode Version ျဖင့္ ဖတ္ပါ #

ပျိုမေတို့ ချစ်သူနဲ့ မက်ဆေ့ပို့တဲ့အခါမှာပဲဖြစ်ဖြစ်၊ Crush လေးနဲ့မက်ဆေ့ပို့တဲ့အခါမှာဖြစ်ဖြစ် သူတို့တွေ အခုပြောနေတဲ့ အကြောင်းအရာအပေါ်မှာ စိတ်ဝင်တစားရှိရဲ့လား၊ သူတို့စိတ်တွေ ကိုယ့်ဆီမှာရှိရဲ့လားဆိုတာ သူတို့ပို့တဲ့ မက်ဆေ့တွေကို ကြည့်ရင်သိနိုင်ပါတယ်။ ယောကျာ်းလေးတွေဘက်က ဒီလိုမက်ဆေ့တွေ ပို့လာရင် သူတို့စိတ်တွေက သင့်ဆီမှာ မရှိဘူး၊ တခြားအကြောင်းအရာတစ်ခု ဒါမှမဟုတ် တခြားလူတစ်ယောက်အပေါ် စိတ်ဝင်စားနေလို့ဆိုတာ သိစေချင်ပါတယ်။

(၁) စကားတစ်လုံးတည်း
ကိုယ်က ဘာပဲပြောပြောသူ့ဘက်က စကားတစ်လုံးတည်း ပြန်ပို့တာမျိုး။ ဥပမာ – haha , yeah, okay, omm စတာတွေပေါ့။

(၂) ရှေ့ဆက်လို့မရတဲ့စကားတွေ

မေးခွန်းတစ်ခုမေးရင် တစ်ခုပဲဖြေတယ်၊ ဖြေလိုက်တဲ့ စကားတွေကလည်း ရှေ့ဆက်လို့ မရတာမျိုးတွေဖြစ်ပြီး စကားစကို မြန်မြန်ဖြတ်ချင်နေတဲ့ပုံစံမျိုးတွေ ပို့တတ်ပါတယ်။

(၃) အရမ်းရိုးရှင်းတဲ့စကားတွေ

ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူတစ်ယောက်၊ ကိုယ်နဲ့စကားပြောရတာ ပျော်နေတဲ့သူတစ်ယောက်က တုံးတိစကားတွေ ပြောမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ဘက်က အရမ်းကိုရိုးရှင်းတဲ့ စကားလေးတွေပဲပြောနေတယ်ဆိုရင်တော့ သူဟာ သင့်အပေါ်မှာ ထူးထူးခြားခြား စိတ်ဝင်စားတာမျိုး မရှိဘူး၊ သူ့စိတ်တွေ တခြားဆီရောက်နေတယ်လို့ ယူဆရမှာပါ။

(၄) ခံစားချက်ကိုဖော်ပြတဲ့ emoji တွေလုံးဝမသုံးဘူး

သူဟာ သင့်ကို မက်ဆေ့မပို့လို့ မဖြစ်တော့တဲ့အခြေအနေမျိုးမှာမှ ပို့တတ်ပြီး၊ မက်ဆေ့ပို့တိုင်းလည်း emoji တွေ တစ်ခါမှ ထည့်မပို့တတ်ဘဲ ပြောစရာရှိတာတွေကို ရိုးရိုးရှင်းရှင်းပဲ ပြောတတ်တယ်ဆိုရင် သူသင့်အပေါ်မှာ ရိုးသားတယ်၊ စိတ်မဝင်စားဘူးဆိုတာ သေချာပါတယ်။ ရယ်တာကိုတောင် Emoji မပို့ဘူး၊ Haha လို့ ပို့တာမျိုး :3 ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top