iMyanmarHouse.com - Best Property Website for Myanmar
×


 ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္နဲ႔ ေမာ္ဒယ္လ္ ေလာကမွာ နာမည္ႀကီး သတင္းႀကီးတဲ့ အလွပိုင္ရွင္ မင္းသမီးတစ္ဦးျဖစ္တဲ့ သင္ဇာဝင့္ေက်ာ္ဆိုရင္ မသိသူ မရွိေလာက္ေအာင္ ကိုယ္ခႏၶာ အခ်ိဳးအစား က်စ္လစ္ လွပၿပီး အၿမဲတမ္း ေခတ္ေရွ႕ ေျပးေနတဲ့ ဖက္ရွင္လ္ေတြနဲ႔ ျမင္ေတြ႕ ေနရသူေလးပါ . . . ႐ုပ္ရွင္ေလာကမွာပါ နာမည္ရေနၿပီျဖစ္တဲ့ ထိပ္တန္ းမင္းသမီးတစ္ဦးျဖစ္ၿပီး က်ရာ ဇာတ္႐ုပ္ေတြကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးေကာင္း တစ္လက္လည္း ျဖစ္ပါတယ္ .


၂၀၁၈ ႏွစ္အတြင္း ႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ေတြထဲမွာေတာ့ “ တိုးေက်ာ္မန္းနဲ႔ နန္းဆန္တဲ့႐ြာ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ သင္ဇာတစ္ေယာက္ ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး သူမရဲ႕ ၾကည္လင္ လွပတဲ့ သဘာဝအလွတရားနဲ႔ အတူ ခ်စ္စရာေကာင္းေလာက္ သ႐ုပ္ေဆာင္ ပုံေလးေတြကို ျမင္ေတြ႕ရမွာပါ . . . ျမန္မာႏိုင္ငံရဲ႕ Sexy အက်ဆုံး Model တစ္ဦးလို႔ ဆိုႏိုင္သလို လတ္တေလာ အႏုပညာ လႈပ္ရွားမႈေတြအေနနဲ႔ သင္ဇာတစ္ေယာက္ ဆိုင္ဖြင့္ပြဲေတြကို တက္ေရာက္ေပးျဖစ္ၿပီး ဖြင့္ပြဲတိုင္းကို အၿမဲတမ္း တမူထူးျခားတဲ့ ခပ္ေဟာ့ေဟာ့ ဖက္ရွင္ေတြနဲ႔ တက္ေရာက္ခဲ့တာေၾကာင့္ ပရိသတ္တခ်ိဳ႕ရဲ႕ ေဝဖန္ျခင္းကို အျပင္းအထန္ ခံခဲ့ရပါတယ္ . . .


အဲ့ဒီအတြက္ သင္ဇာတစ္ေယာက္ သူမရဲ႕ Facebook စာမ်က္နာထက္ကေန ေတာင္းပန္စကားဆိုခဲ့သလို ၂၀၁၉ခုႏွစ္အတြင္း မွာ Sexy က်က် ဝတ္ဆင္တာေတြ ေလ်ာ့သြားမယ္လို႔ လည္း ဆိုထားပါတယ္ . . . လုံး၀ မဝတ္ေတာ့ဘူးရယ္လို႔ မဟုတ္ေပမဲ့ ဝတ္သင့္တဲ့ ေနရာမွာေတာ့ ဝတ္ဆင္မွာ ျဖစ္သလို အၿမဲတမ္းေတာ့ Sexy က်က် ဝတ္ဆင္သြားမွာ မဟုတ္ဘူးဆိုတဲ့ ပရိသတ္ေတြကို ဆိုထားတဲ့ ကတိစကားေလးေၾကာင့္ သင္ဇာတစ္ေယာက္ ကန္ေတာ္ႀကီး ၊ ေမွ်ာ္စင္ကြၽန္းမွာ က်င္းပခဲ့တဲ့ Made in Myanmar ပြဲေလးကို ျမန္မာဆန္ဆန္ အျဖဴေရာင္ ဝတ္စုံေလးနဲ႔ တက္ေရာက္ခဲ့ၿပီး ယဥ္စစနဲ႔ လွပေနတဲ့ သင္ဇာရဲ႕ ပုံရိပ္ေလးေတြကို ေဖာ္ျပလိုက္ရပါတယ္ . . .


Credit: Burmese.asia

#Unicode Version#

 မြန်မာနိုင်ငံရဲ့ ရုပ်ရှင်နဲ့ မော်ဒယ်လ် လောကမှာ နာမည်ကြီး သတင်းကြီးတဲ့ အလှပိုင်ရှင် မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ဆိုရင် မသိသူ မရှိလောက်အောင် ကိုယ်ခန္ဓာ အချိုးအစား ကျစ်လစ် လှပပြီး အမြဲတမ်း ခေတ်ရှေ့ ပြေးနေတဲ့ ဖက်ရှင်လ်တွေနဲ့ မြင်တွေ့ နေရသူလေးပါ . . . ရုပ်ရှင်လောကမှာပါ နာမည်ရနေပြီဖြစ်တဲ့ ထိပ်တန် းမင်းသမီးတစ်ဦးဖြစ်ပြီး ကျရာ ဇာတ်ရုပ်တွေကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကောင်း တစ်လက်လည်း ဖြစ်ပါတယ် .

၂၀၁၈ နှစ်အတွင်းမ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ “ တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သင်ဇာတစ်ယောက် ပါဝင် သရုပ်ဆောင်ထားပြီး သူမရဲ့ ကြည်လင် လှပတဲ့ သဘာဝအလှတရားနဲ့ အတူ ချစ်စရာကောင်းလောက် သရုပ်ဆောင် ပုံလေးတွေကို မြင်တွေ့ရမှာပါ . . . မြန်မာနိုင်ငံရဲ့ Sexy အကျဆုံး Model တစ်ဦးလို့ ဆိုနိုင်သလို လတ်တလော အနုပညာ လှုပ်ရှားမှုတွေအနေနဲ့ သင်ဇာတစ်ယောက် ဆိုင်ဖွင့်ပွဲတွေကို တက်ရောက်ပေးဖြစ်ပြီး ဖွင့်ပွဲတိုင်းကို အမြဲတမ်း တမူထူးခြားတဲ့ ခပ်ဟော့ဟော့ ဖက်ရှင်တွေနဲ့ တက်ရောက်ခဲ့တာကြောင့် ပရိသတ်တချို့ရဲ့ ဝေဖန်ခြင်းကို အပြင်းအထန် ခံခဲ့ရပါတယ် . . .

အဲ့ဒီအတွက် သင်ဇာတစ်ယောက် သူမရဲ့ Facebook စာမျက်နာထက်ကနေ တောင်းပန်စကားဆိုခဲ့သလို ၂၀၁၉ခုနှစ်အတွင်း မှာ Sexy ကျကျ ဝတ်ဆင်တာတွေ လျော့သွားမယ်လို့ လည်း ဆိုထားပါတယ် . . . လုံး၀ မဝတ်တော့ဘူးရယ်လို့ မဟုတ်ပေမဲ့ ဝတ်သင့်တဲ့ နေရာမှာတော့ ဝတ်ဆင်မှာ ဖြစ်သလို အမြဲတမ်းတော့ Sexy ကျကျ ဝတ်ဆင်သွားမှာ မဟုတ်ဘူးဆိုတဲ့ ပရိသတ်တွေကို ဆိုထားတဲ့ ကတိစကားလေးကြောင့် သင်ဇာတစ်ယောက် ကန်တော်ကြီး ၊ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ Made in Myanmar ပွဲလေးကို မြန်မာဆန်ဆန် အဖြူရောင် ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပြီး ယဉ်စစနဲ့ လှပနေတဲ့ သင်ဇာရဲ့ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ရပါတယ် . . .
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top