iMyanmarHouse.com - Best Property Website for Myanmar
×


ဆံေကသာေလး က်န္းမာ သန္စြမ္းၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းခ်င္တာကေတာ့ မိန္းကေလးတိုင္းရဲ႕ အျဖစ္ခ်င္ဆုံးဆႏၵတစ္ခုပါပဲ။ ဒီလိုဆႏၵေလးျပည့္ဝဖို႔အတြက္ အလွျပင္ဆိုင္သြားရ၊ ဆံပင္ေပါင္းတင္ရနဲ႔ ဆံေကသာအလွကို နည္းမ်ိဳးစုံနဲ႔ ထိန္းသိမ္းေနၾကရပါတယ္။

ဒီတစ္ခါမွာေတာ့ ဆံပင္ညႇပ္ဆိုင္သြားၿပီး အခ်ိန္အကုန္ခံစရာမလိုသလို၊ ပိုက္ဆံ မကုန္ေစမယ့္သဘာဝနည္းလမ္းေလးတစ္ခုကို ေဝမွ်ေပးခ်င္ပါတယ္။ ၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ အခ်ိန္ေပးလိုက္႐ုံနဲ႔ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ဆံေကသာေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။

အဆင့္ ၁

သင့္ဆံေကသာအတိုအရွည္ေပၚမူတည္ၿပီး ၾကက္ဥတစ္လုံး (သို႔) ႏွစ္လုံး အသုံးျပဳပါ။ အဆီထြက္လြယ္တဲ့ေစးကပ္ကပ္ဆံပင္ပိုင္ရွင္ေတြဆိုရင္ေတာ့ ၾကက္ဥအကာကို အသုံးျပဳပါ။ ေျခာက္ေသြ႕ပ်က္စီးတဲ့ ဆံပင္ပိုင္ရွင္ေတြကေတာ့ ၾကက္ဥအႏွစ္အသုံးျပဳပါ။ ပုံမွန္ဆံေကသာပိုင္ရွင္မ်ားကေတာ့ ၾကက္ဥအႏွစ္ေရာ အကာကိုပါ အသုံးျပဳရပါမယ္။

အဆင့္ ၂

ထို႔ေနာက္ ပန္းကန္လုံးထဲထည့္ၿပီး ၾကက္ဥကို ေမႊခေလာက္လိုက္ပါ။

အဆင့္ ၃

ၾကက္ဥေမႊခေလာက္ၿပီးတဲ့အခါ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ ႏြားႏို႔ ပန္းကန္လုံးတစ္လုံးတို႔ကို ၾကက္ဥနဲ႔ ေရာၿပီး ထပ္ေမႊေပးလိုက္ပါ။ သံလြင္ဆီအစား အုန္းဆီအသုံးျပဳလို႔လည္း ရပါတယ္။

အဆင့္ ၄

သံပုယိုရည္အနည္းငယ္ကို ေလာင္းထည့္ၿပီး ထပ္ေမႊခေလာက္လိုက္ပါ။

အဆင့္ ၅

ထို႔ေနာက္ ဆံပင္အရင္းကေန အဖ်ားအထိ သုတ္လိမ္းေပးၿပီး ဦးေရျပားကို ႏွိပ္နယ္ေပးလိုက္ပါ။

အဆင့္ ၆

ထို႔ေနာက္ အရည္မ်ား တစက္စက္မက်ဖို႔နဲ႔ မေပက်ံေစဖို႔ ေခါင္းစြပ္ေလးစြပ္ထားလိုက္ပါ။

အဆင့္ ၇

ဆယ့္ငါးမိနစ္ေလာက္ၾကာတဲ့အခါ ေရေအးေအးေလးနဲ႔ ေဆးခ်လိုက္ပါ။ ၾကက္ဥအနံ႔ေပ်ာက္ကင္းဖို႔အတြက္ မိမိႀကိဳက္ႏွစ္သက္ရာ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္လိုက္ပါ။ Conditioner အသုံးျပဳဖို႔လည္း မေမ့ပါနဲ႔ေနာ္။ ဒီနည္းလမ္းေလးကို တစ္လမွာ ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးမယ္ဆိုရင္ ႏူးညံ့ေတာက္ေျပာင္တဲ့ ဆံေကသာေလးကို ပိုင္ဆိုင္ႏိုင္ၿပီေပါ့။

Credit: Mystyle

# Unicode Version ျဖင့္ ဖတ္ပါ #

ဆံကေသာလေး ကျန်းမာ သန်စွမ်းပြီး နူးညံ့ပျော့ပျောင်းချင်တာကတော့ မိန်းကလေးတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါပဲ။ ဒီလိုဆန္ဒလေးပြည့်ဝဖို့အတွက် အလှပြင်ဆိုင်သွားရ၊ ဆံပင်ပေါင်းတင်ရနဲ့ ဆံကေသာအလှကို နည်းမျိုးစုံနဲ့ ထိန်းသိမ်းနေကြရပါတယ်။

ဒီတစ်ခါမှာတော့ ဆံပင်ညှပ်ဆိုင်သွားပြီး အချိန်အကုန်ခံစရာမလိုသလို၊ ပိုက်ဆံ မကုန်စေမယ့်သဘာဝနည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အချိန်ပေးလိုက်ရုံနဲ့ နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အဆင့် ၁

သင့်ဆံကေသာအတိုအရှည်ပေါ်မူတည်ပြီး ကြက်ဥတစ်လုံး (သို့) နှစ်လုံး အသုံးပြုပါ။ အဆီထွက်လွယ်တဲ့စေးကပ်ကပ်ဆံပင်ပိုင်ရှင်တွေဆိုရင်တော့ ကြက်ဥအကာကို အသုံးပြုပါ။ ခြောက်သွေ့ပျက်စီးတဲ့ ဆံပင်ပိုင်ရှင်တွေကတော့ ကြက်ဥအနှစ်အသုံးပြုပါ။ ပုံမှန်ဆံကေသာပိုင်ရှင်များကတော့ ကြက်ဥအနှစ်ရော အကာကိုပါ အသုံးပြုရပါမယ်။

အဆင့် ၂

ထို့နောက် ပန်းကန်လုံးထဲထည့်ပြီး ကြက်ဥကို မွှေခလောက်လိုက်ပါ။

အဆင့် ၃

ကြက်ဥမွှေခလောက်ပြီးတဲ့အခါ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နွားနို့ ပန်းကန်လုံးတစ်လုံးတို့ကို ကြက်ဥနဲ့ ရောပြီး ထပ်မွှေပေးလိုက်ပါ။ သံလွင်ဆီအစား အုန်းဆီအသုံးပြုလို့လည်း ရပါတယ်။

အဆင့် ၄

သံပုယိုရည်အနည်းငယ်ကို လောင်းထည့်ပြီး ထပ်မွှေခလောက်လိုက်ပါ။

အဆင့် ၅

ထို့နောက် ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။

အဆင့် ၆

ထို့နောက် အရည်များ တစက်စက်မကျဖို့နဲ့ မပေကျံစေဖို့ ခေါင်းစွပ်လေးစွပ်ထားလိုက်ပါ။

အဆင့် ၇

ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ကြက်ဥအနံ့ပျောက်ကင်းဖို့အတွက် မိမိကြိုက်နှစ်သက်ရာ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ Conditioner အသုံးပြုဖို့လည်း မမေ့ပါနဲ့နော်။ ဒီနည်းလမ်းလေးကို တစ်လမှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် နူးညံ့တောက်ပြောင်တဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top