iMyanmarHouse.com - Best Property Website for Myanmar
×
Credit: cele gabar
# Unicode Version ဖြင့် ဖတ်ပါ #
ဝိုင်း လို့ ကြားလိုက်တာနဲ့ အကယ်ဒမီ ရွှေစင်ရုပ်တွေအများအပြား ကို ဖန်တီၤးပေးနိုင်တဲ့ ရွှေလက်တစ်စုံပိုင်ရှင် ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းလိုလို ပေါက်တဲ့အပြင် ဒါရိုက်တာ ဝိုင်းရိုက်ကူးပေးလိုက်တဲ့ မင်းသား၊ မင်းသမီးတိုင်းဟာ ရုပ်ရှင်လောကမှာ သူမတူတဲ့ နေရာတစ်နေရာပိုင်ဆိုင်ခွင့်ရတာဟာလည်း ထူးခြားချက်တစ်ခုပါ ။ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဝိုင်း တစ်ယောက် ၂၀၁၉ ခုနှစ်မှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားကြီးတွေကို ပရိသတ်တွေအတွက် အမြည်းသဘောချပြ ခဲ့ရာမှာ ပရိသတ်တွေပွဲဆူခဲ့ရပါတယ်။
ဒါရိုက်တာဝိုင်း တစ်ယောက် ၂၀၁၉ မှာလည်း ထူးခြားတဲ့ဇာတ်လမ်းကောင်းတွေကို ပရိသတ်တွေအတွက် ဖန်တီးထားပေမယ့် သရုပ်ဆောင်ကြတဲ့ မင်းသားမင်းသမီးတွေနေရာမှာ အလင်းရောင် နဲ့ ဖွေးဖွေး ကို ထည့်သွင်းထားပြန်တဲ့အတွက် ပရိသတ်တစ်ချို့ ဘဝင်မကျဖြစ်ခဲ့ရပါတယ်။
ဒါတွေ အပြင် တစ်ချိန်က သက်မွန်မြင့် ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့ မိတင်စိန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးမယ်လို့ ကြေညာထားတဲ့အတွက် သက်မွန်မြင့် ရဲ့ ပရိသတ်တွေကြားမှာ ပွဲဆူခဲ့ပြီး ဖွေးဖွေးနဲ့ရိုက်ကူးမယ့်အစား သက်မွန်မြင့်နဲ့ ပြန်လည်ရိုက်ကူးပေးဖို့တောင်းဆိုထားကြပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top