iMyanmarHouse.com - Best Property Website for Myanmar
×


ျပည့္သူ႔ အခ်စ္ေတာ္ မင္းသား တေယာက္ျဖစ္တဲ့ အကယ္ဒမီ ေျပတီဦး ကေတ့ာ ေပ်ာ္႐ႊင္စရာမိသားစုေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသားတေယာက္လည္း ျဖစ္သလို ႐ုပ္ရွင္ကားေတြလည္း အဆက္မျပတ္႐ိုက္ေနရတဲ့ မင္းသားတေယာက္လည္း ျဖစ္ပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ ျမန္မာဇာတ္ကားေတြကလည္း အရည္အေသြးကို ထိန္းသိမ္းလာတာေၾကာင့္ ဇာတ္လမ္းေကာင္းေကာင္းေလးေတြကို ျမင္ေတြ႕လာရတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕ေသာ ပရိသတ္ေတြကေတာ့ ျမန္မာဇာတ္ကားေတြကို ေပါကားလို႔ေျပာေနၾကတုန္းပါပဲ။ ဒီလိုေျပာၾကတဲ့အေပၚမွာေတာ့ မင္းသားေျပတီဦးက သူ႔အျမင္ေလးကို ေျပာၾကားသြား ခဲ့ပါတယ္။

ေျပတီဦးကေတာ့ Sunday Journal နဲ႔ အင္တာဗ်ဴးမွာေတာ့ ျမန္မာေပါကားလို႔ ေျပာေနၾကတဲ့အေပၚမွာ ဘယ္လိုျမင္လဲဆိုတဲ့အေပၚမွာ “အဲ့ဒါကေတာ့ အဆုံးအျဖတ္ေပၚမွာပဲ မူတည္တယ္။ တေယာက္ခ်င္းဆီက မတူပါဘူး။ တခ်ိဳ႕က်ေတာ့လည္း ဒါက ေပါကားပါလို႔ပဲ ခံစားရတဲ့ ပရိသတ္ေတြလည္း ရွိပါတယ္။ ဒါေလးကေတာ့ ဟာသေလးေတြ ေျမာက္တယ္။ ငါတို႔စိတ္အပန္းေျပတယ္လို႔ ခံစားရတဲ့သူေတြလည္း ရွိမွာပဲ။ အဲ့ေတာ့ ခံစားတဲ့သူေပၚပဲ မူတည္ပါတယ္။ ေပါကားလို႔ ခံစားတဲ့သူကလည္း ေပါကားျဖစ္မွာပဲ။ ဟာသကားလို႔ ခံစားတဲ့သူအတြက္လည္း ဟာသကား ျဖစ္မွာပါပဲ။ ကြၽန္ေတာ္တို႔ကေတာ့ အဲ့အေပၚမွာ ဘာမွ ေဇာဒက တက္စရာအေၾကာင္းမရွိပါဘူး”

“ကြၽန္ေတာ္အခုေလာေလာဆယ္ေတာ့ ကား႐ိုက္နားထားပါတယ္။ နားထားတယ္ဆိုတာကလည္း ဆံပင္လည္း မရွိလို႔ေပါ့။ ဆံပင္ရွည္လာမွပဲ ျပန္႐ိုက္ျဖစ္မယ္။ ဆံပင္ရွည္လာရင္လည္း ႐ိုက္ခ်င္မွ ႐ိုက္ဦးမယ္။ ကြၽန္ေတာ္နည္းနည္း ျပင္ဆင္ေနတယ္။ ျပင္ဆင္တယ္ဆိုတာကေတာ့ ဇာတ္လမ္းေတြေရာ ကိုယ္ကိုတိုင္ေရာ၊ ေနာက္ပိုင္းေခတ္ေတြကလည္း ေျပာင္းလာေတာ့ ကြၽန္ေတာ္တို႔ ဇာတ္လမ္းတခုကို အရင္လို တလအတြင္း ႏွစ္လအတြင္း ႐ိုက္လို႔ မရေတာ့ဘူး။ ကြၽန္ေတာ္တို႔က အနည္းဆုံး ၆ လနဲ႔ ၁ ႏွစ္ၾကားထဲမွာ အခ်ိန္ေပးၿပီးေတာ့မွ ႐ုပ္ရွင္ကားတစ္ကားကို ႐ိုက္ရေတာ့မယ္ ေခတ္ကို ေရာက္လာပါၿပီ။ ၿပီးေတာ့ ပရိသတ္ေတြ ျဖစ္ေစခ်င္တဲ့ ဆႏၵအတိုင္း ျမင္ခ်င္တဲ့အတိုင္း ကြၽန္ေတာ္တို႔ကလည္း ကိုယ့္ဘာကိုယ္ ျပဳျပင္ၿပီးေတာ့ ႀကိဳးစားရတာေပ့ါ”

“ကြၽန္ေတာ္ထင္ပါတယ္။ ၂၀၁၉ တႏွစ္လုံးမွာမွ ကြၽန္ေတာ္အမ်ားဆုံး ႐ိုက္ႏိုင္ရင္ ၅ ကားပါပဲ။ ၇ ကားေလာက္ေတာ့ မျဖစ္ႏိုင္ဘူး ထင္ပါတယ္။ အားလပ္ခ်ိန္ေတြ အရမ္းမ်ားေနမွာပါ။ အဲ့ဒါကေတာ့ ေက်နပ္ပါတယ္။ အရင္တုန္းကေတာ့ဗ်ာ။ ဘယ္သူက လုပ္ခ်င္မွာလဲ။ ဒီေန႔တကား႐ိုက္တယ္။ ေနာက္ေန႔တကား႐ိုက္ အရမ္းပင္ပန္းတယ္ေလ။ ကြၽန္ေတာ္တို႔မွာ အားလပ္ရက္ဆိုတာ မရွိဘူး။ အလုပ္ၿပီးရင္းအလုပ္နဲ႔ ကြၽန္ေတာ္တို႔က ျဖတ္သန္းလာရေတာ့ေလ။ အခုခ်ိန္မွာေတာ့ အားလပ္ခ်ိန္ေတြ ရလာၿပီ ေသခ်ာျပင္ဆင္ခ်ိန္ေတြ ရလာၿပီ စဥ္းစားခ်ိန္ေတြ ရလာၿပီ ဆိုေတာ့ မိသားစုအတြက္လည္း အရမ္းေကာင္းသလို ကိုယ္ကိုယ္တိုင္အတြက္လည္း အရမ္းေကာင္းပါတယ္။ ဒါကိုေတာ့ ကြၽန္ေတာ္အရမ္းသေဘာက်ပါတယ္”

“ေနာက္ထပ္ ပရိသတ္ႀကီးေတြဆီကို ေရာက္လာမယ့္ ကားေတြကေတာ့ အစုံပဲ။ ဟာသကားေတြလည္း ရွိေသးတယ္။ ဒရာမာေတြလည္း ရွိပါေသးတယ္။ ႏွစ္သစ္မွာလည္း အားလုံး က်န္းမာခ်မ္းသာၾကပါေစ။ ကိုယ္ခ်စ္ခင္ႏွစ္သက္တဲ့သူေတြနဲ႔ပဲ တဘဝလုံး ျဖတ္သန္းႏိုင္ပါေစ။ ေကာင္းေသာအက်ိဴးရလဒ္မ်ားသာ ရရွိၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္” ဟု ေျပာၾကားလိုက္ပါတယ္။

Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

ပြည့်သူ့ အချစ်တော် မင်းသား တယောက်ဖြစ်တဲ့ အကယ်ဒမီ ပြေတီဦး ကတေ့ာ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသားတယောက်လည်း ဖြစ်သလို ရုပ်ရှင်ကားတွေလည်း အဆက်မပြတ်ရိုက်နေရတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ မြန်မာဇာတ်ကားတွေကလည်း အရည်အသွေးကို ထိန်းသိမ်းလာတာကြောင့် ဇာတ်လမ်းကောင်းကောင်းလေးတွေကို မြင်တွေ့လာရတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော ပရိသတ်တွေကတော့ မြန်မာဇာတ်ကားတွေကို ပေါကားလို့ပြောနေကြတုန်းပါပဲ။ ဒီလိုပြောကြတဲ့အပေါ်မှာတော့ မင်းသားပြေတီဦးက သူ့အမြင်လေးကို ပြောကြားသွား ခဲ့ပါတယ်။

ပြေတီဦးကတော့ Sunday Journal နဲ့ အင်တာဗျူးမှာတော့ မြန်မာပေါကားလို့ ပြောနေကြတဲ့အပေါ်မှာ ဘယ်လိုမြင်လဲဆိုတဲ့အပေါ်မှာ “အဲ့ဒါကတော့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ တယောက်ချင်းဆီက မတူပါဘူး။ တချို့ကျတော့လည်း ဒါက ပေါကားပါလို့ပဲ ခံစားရတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒါလေးကတော့ ဟာသလေးတွေ မြောက်တယ်။ ငါတို့စိတ်အပန်းပြေတယ်လို့ ခံစားရတဲ့သူတွေလည်း ရှိမှာပဲ။ အဲ့တော့ ခံစားတဲ့သူပေါ်ပဲ မူတည်ပါတယ်။ ပေါကားလို့ ခံစားတဲ့သူကလည်း ပေါကားဖြစ်မှာပဲ။ ဟာသကားလို့ ခံစားတဲ့သူအတွက်လည်း ဟာသကား ဖြစ်မှာပါပဲ။ ကျွန်တော်တို့ကတော့ အဲ့အပေါ်မှာ ဘာမှ ဇောဒက တက်စရာအကြောင်းမရှိပါဘူး”

“ကျွန်တော်အခုလောလောဆယ်တော့ ကားရိုက်နားထားပါတယ်။ နားထားတယ်ဆိုတာကလည်း ဆံပင်လည်း မရှိလို့ပေါ့။ ဆံပင်ရှည်လာမှပဲ ပြန်ရိုက်ဖြစ်မယ်။ ဆံပင်ရှည်လာရင်လည်း ရိုက်ချင်မှ ရိုက်ဦးမယ်။ ကျွန်တော်နည်းနည်း ပြင်ဆင်နေတယ်။ ပြင်ဆင်တယ်ဆိုတာကတော့ ဇာတ်လမ်းတွေရော ကိုယ်ကိုတိုင်ရော၊ နောက်ပိုင်းခေတ်တွေကလည်း ပြောင်းလာတော့ ကျွန်တော်တို့ ဇာတ်လမ်းတခုကို အရင်လို တလအတွင်း နှစ်လအတွင်း ရိုက်လို့ မရတော့ဘူး။ ကျွန်တော်တို့က အနည်းဆုံး ၆ လနဲ့ ၁ နှစ်ကြားထဲမှာ အချိန်ပေးပြီးတော့မှ ရုပ်ရှင်ကားတစ်ကားကို ရိုက်ရတော့မယ် ခေတ်ကို ရောက်လာပါပြီ။ ပြီးတော့ ပရိသတ်တွေ ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း မြင်ချင်တဲ့အတိုင်း ကျွန်တော်တို့ကလည်း ကိုယ့်ဘာကိုယ် ပြုပြင်ပြီးတော့ ကြိုးစားရတာပေ့ါ”

“ကျွန်တော်ထင်ပါတယ်။ ၂၀၁၉ တနှစ်လုံးမှာမှ ကျွန်တော်အများဆုံး ရိုက်နိုင်ရင် ၅ ကားပါပဲ။ ၇ ကားလောက်တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ အားလပ်ချိန်တွေ အရမ်းများနေမှာပါ။ အဲ့ဒါကတော့ ကျေနပ်ပါတယ်။ အရင်တုန်းကတော့ဗျာ။ ဘယ်သူက လုပ်ချင်မှာလဲ။ ဒီနေ့တကားရိုက်တယ်။ နောက်နေ့တကားရိုက် အရမ်းပင်ပန်းတယ်လေ။ ကျွန်တော်တို့မှာ အားလပ်ရက်ဆိုတာ မရှိဘူး။ အလုပ်ပြီးရင်းအလုပ်နဲ့ ကျွန်တော်တို့က ဖြတ်သန်းလာရတော့လေ။ အခုချိန်မှာတော့ အားလပ်ချိန်တွေ ရလာပြီ သေချာပြင်ဆင်ချိန်တွေ ရလာပြီ စဉ်းစားချိန်တွေ ရလာပြီ ဆိုတော့ မိသားစုအတွက်လည်း အရမ်းကောင်းသလို ကိုယ်ကိုယ်တိုင်အတွက်လည်း အရမ်းကောင်းပါတယ်။ ဒါကိုတော့ ကျွန်တော်အရမ်းသဘောကျပါတယ်”

“နောက်ထပ် ပရိသတ်ကြီးတွေဆီကို ရောက်လာမယ့် ကားတွေကတော့ အစုံပဲ။ ဟာသကားတွေလည်း ရှိသေးတယ်။ ဒရာမာတွေလည်း ရှိပါသေးတယ်။ နှစ်သစ်မှာလည်း အားလုံး ကျန်းမာချမ်းသာကြပါစေ။ ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ပဲ တဘဝလုံး ဖြတ်သန်းနိုင်ပါစေ။ ကောင်းသောအကျိူးရလဒ်များသာ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု ပြောကြားလိုက်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top