iMyanmarHouse.com - Best Property Website for Myanmar
×









Credit: Burmese.asia

#Unicode Version#

သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံဟာဆိုရင် အိမ်ထောင်ရေးမှာ အရမ်းကို ကံကောင်းလွန်းတဲ့ သူလေးတစ်ယောက်လို့ ဆိုရမှာပါ။ အရမ်းကို အလိုလိုက်ပြီး ချစ်တတ်လွန်းတဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ မိုးယုစံကတော့ အနုပညာအလုပ်တွေကို ဆက်မလုပ်ဖြစ်တော့ဘဲ သာယာပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုလေးနဲ့သာ ဘဝခရီးကို ပျော်ပျော်ကြီး ခရီးဆက်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဖေဖေ မေမေတို့ကို ပျော်ရွှင်စရာ မိသားစုဘဝလေးဖြစ်လာအောင် ဖန်တီးပေးခဲ့တဲ့ ၁ နှစ်ကျော် ၂ နှစ်အရွယ်ထဲကို ရောက်ရှိလာခဲ့ရပြီတဲ့ သားသားလေးကြောင့် အရမ်းကို သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိ ခဲ့ရတာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ မိသားစုရေးကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ မိုးယုကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်မှုမရှိတော့ပေမယ့်လည်း ပရဟိတအကျိုးဆောင်ပြီး ကူညီပေးနေတဲ့ အနုပညာအလုပ်ဖြစ်တဲ့ ” နှင်းဆီအငြိမ့် ” မှာတော့ တစ်ဖက်တစ်လှမ်းကနေ ပါဝင်ကူညီပြီး ဖျော်ဖြေပေးခဲ့တာပဲဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက် ၁၂ ရက်နေ့ကမှ ” နှင်းဆီပုဝါခြုံတဲ့လက် ” အငြိမ့်ကို ကပြဖျော်ဖြေ ပြီးမြောက်သွားတဲ့ မိုးယုကတော့ ချစ်စရာကောင်းတဲ့ သားသားလေးနဲ့အတူ တွဲရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ သားသားလေးနဲ့အတူ တွဲရိုက်ထားတဲ့ မိုးယုတို့ သားအမိနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

အငြိမ့်ကတဲ့ အချိန်မှာ အရမ်းကို ပျော်ရွှင်နေတဲ့ သားလေးရဲ့ ပုံတွေကိုပြန်လည်ဖော်ပြပေးလိုက်တဲ့ မိုးယုကတော့ ” မာမီ အငြိမ့်ကတုန်းက ချစ်သားလေးပုံတွေ ခုမှပဲတင်ဖြစ်တော့တယ် ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ကျော်ကျော်ဗိုလ်ရဲ့ သမီးလေးနဲ့ ဆော့ကစားနေတဲ့ မိုးယုရဲ့ သားသားလေးတို့ရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်အလှ

လူရွှင်တော် ဦးဦးရဲလေးနဲ့အတူ အမှတ်တရ အလှပုံလေး ရိုက်ကူးခဲ့တဲ့ မိုးယုရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

အရမ်းချောတဲ့ ” နှင်းဆီ ” မင်းသမီးချောများနဲ့အတူ ချစ်စရာကောင်းတဲ့ အမှတ်တရ ပုံရိပ်လေး ရိုက်ကူးခဲ့တဲ့ မိုးယုရဲ့ သားသားလေး
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top