iMyanmarHouse.com - Best Property Website for Myanmar
×


ေမြးေန႔မွာ သူလုပ္ခ်င္တဲ့ အလႉဒါနေတြကို တစ္ခုခ်င္းျပဳလုပ္ခဲ့တာပါ။ကေလးသ႐ုပ္ေဆာင္ကတည္းကေန ပရိသတ္ေတြအခ်စ္ကို ရရွိထားတဲ့ အိစိေကြးဟာ အခုဆိုရင္ အသက္(၁၈)ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။

ကေလးသ႐ုပ္ေဆာင္ဘဝကေန ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ့ သ႐ုပ္ေဆာင္ အိစိေကြးက ဇန္နဝါရီ(၂၁) ရက္ေန႔က အသက္(၁၈)ႏွစ္ျပည့္ခဲ့ပါၿပီ။ သူ႔ရဲ႕ ေမြးေန႔မွာ သူလုပ္ခ်င္တဲ့ အလႉဒါနေတြကို တစ္ခုၿပီး တစ္ခု ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။အိစိေကြးဟာ ေမြးေန႔မွာ သူ႔ရဲ႕ ခႏၶာကိုယ္နဲ႔ မ်က္ၾကည္လႊာကို လႉဒါန္းခဲ့သလို နာေရးကူညီမႈအသင္းအတြက္ အလႉေငြ(၃)သိန္းတိတိကိုလည္း လႉဒါန္းျဖစ္တယ္လို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးထားတာ ေတြ႕ရပါတယ္။


“ဒီေန႔ ကြၽန္ေတာ့ရဲ႕ ေမြးေန႔ေလးမွာ ဆြမ္းေလာင္းတယ္။ ခႏၶာကိုယ္ လႉတယ္။ မ်က္ၾကည္လႊာ လႉတယ္။ ဦးေမာင္ရဲ႕ နာေရးကူညီမႈအသင္းအတြက္ အလႉေငြ ၃ သိန္းလႉဒါန္းျဖစ္ခဲ့ပါတယ္။နတ္လူ သာဓုေခၚနိင္ပါေစ။လူေလာကထဲကို ေခၚေဆာင္လာခဲ့တဲ့ အေဖနဲ႔အေမကိုေက်းဇူးတင္ပါတယ္” ဆိုၿပီး ဇန္နဝါရီ(၂၁) ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။ အိစိေကြးရဲ႕ ေမြးေန႔အလႉဒါန္ေတြနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြလည္း ၾကည္ႏူးပီတိျဖစ္ေနၾကပါတယ္။


 အိစိေကြးဟာ အႏုပညာအလုပ္ေတြ လုပ္ေနတဲ့ၾကားက ပရဟိတလုပ္ဖို႔လည္း လက္မေႏွးတဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။သူ ဒီလိုအလႉအတန္းေတြ လုပ္ျဖစ္တာကလည္း မိခင္ရဲ႕ သင္ျပ၊ ေျပာျပမႈေတြေၾကာင့္လို႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

"အလႉအတန္းဆိုတာက ငယ္ငယ္ေလးကတည္းက ဝါသနာပါတဲ့အရာေပါ့။ အေမက ငယ္ငယ္ေလးကတည္းက ဘုန္းဘုန္းေတြ ေတြ႕ရင္ပဲ ျဖစ္ျဖစ္၊ အေမအိုႀကီးေတြ ေတြ႕ရင္ပဲ ျဖစ္ျဖစ္ အၿမဲတမ္းလႉခိုင္းတာေလ။ အဲ့ဒီကေနမွ တဆင့္ အက်င့္ျဖစ္သြားၿပီးေတာ့ အခုဆို ေတြးလိုက္ရင္ မလႉရရင္ မေနႏိုင္ဘူး ေက်ာ္သြားလို႔လည္း မျဖစ္ႏိုင္ဘူးဆိုေတာ့ လႉျဖစ္ေနတာပါ'' လို႔ အိစိေကြးက ေျပာပါတယ္။


အိစိေကြးဟာ သူ႔ရဲ႕ ေမြးေန႔မတိုင္ခင္ ဇန္နဝါရီ(၂၀) ရက္ေန႔ညက ရႈတင္အဖြဲ႕သားေတြနဲ႔အတူေမြးေန႔အႀကိဳပြဲကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ့ သ႐ုပ္ေဆာင္ အိစိေကြးက အခုဆိုရင္ ေခါင္းေဆာင္မင္းသား ေနရာကေန ဇာတ္ကားေတြ ႐ိုက္ကူးေနရပါၿပီ။

လက္ရွိမွာ “တုႏႈိင္းမရတဲ့ ေမတၱာ’’ ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲကို ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

မွေးနေ့မှာ သူလုပ်ချင်တဲ့ အလှူဒါနတွေကို တစ်ခုချင်းပြုလုပ်ခဲ့တာပါ။ကလေးသရုပ်ဆောင်ကတည်းကနေ ပရိသတ်တွေအချစ်ကို ရရှိထားတဲ့ အိစိကွေးဟာ အခုဆိုရင် အသက်(၁၈)နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်ဘဝကနေ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက ဇန်နဝါရီ(၂၁) ရက်နေ့က အသက်(၁၈)နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ မွေးနေ့မှာ သူလုပ်ချင်တဲ့ အလှူဒါနတွေကို တစ်ခုပြီး တစ်ခု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။အိစိကွေးဟာ မွေးနေ့မှာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မျက်ကြည်လွှာကို လှူဒါန်းခဲ့သလို နာရေးကူညီမှုအသင်းအတွက် အလှူငွေ(၃)သိန်းတိတိကိုလည်း လှူဒါန်းဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရပါတယ်။

“ဒီနေ့ ကျွန်တော့ရဲ့ မွေးနေ့လေးမှာ ဆွမ်းလောင်းတယ်။ ခန္ဓာကိုယ် လှူတယ်။ မျက်ကြည်လွှာ လှူတယ်။ ဦးမောင်ရဲ့ နာရေးကူညီမှုအသင်းအတွက် အလှူငွေ ၃ သိန်းလှူဒါန်းဖြစ်ခဲ့ပါတယ်။နတ်လူ သာဓုခေါ်နိင်ပါစေ။လူလောကထဲကို ခေါ်ဆောင်လာခဲ့တဲ့ အဖေနဲ့အမေကိုကျေးဇူးတင်ပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။ အိစိကွေးရဲ့ မွေးနေ့အလှူဒါန်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။

 အိစိကွေးဟာ အနုပညာအလုပ်တွေ လုပ်နေတဲ့ကြားက ပရဟိတလုပ်ဖို့လည်း လက်မနှေးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သူ ဒီလိုအလှူအတန်းတွေ လုပ်ဖြစ်တာကလည်း မိခင်ရဲ့ သင်ပြ၊ ပြောပြမှုတွေကြောင့်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲ ဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှ တဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးက ပြောပါတယ်။

အိစိကွေးဟာ သူ့ရဲ့ မွေးနေ့မတိုင်ခင် ဇန်နဝါရီ(၂၀) ရက်နေ့ညက ရှုတင်အဖွဲ့သားတွေနဲ့အတူမွေးနေ့အကြိုပွဲကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။

လက်ရှိမှာ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top