iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြကုိ ဟာသ ဒရာမာ အက္႐ွင္ စတဲ့ ပုံစံမ်ိဳးစုံနဲ႔ ရသအျပည့္ေပးတဲ့အျပင္ ႐ုပ္႐ွင္အစည္းအ႐ုံးမွာလည္း ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္နဲ႔ဒါ႐ုိက္တာလူမင္းက ဇန္တဝါရီလ ၂၂ရက္ေန႔ မနက္ပုိင္းက ပုပၸါးမွာ ဇာတ္ကား႐ုိက္ရင္းနဲ႔ ခြၽဲက်ပ္ၿပီး ေသဆုံးသြားခဲ့တဲ့ ဟာသသ႐ုပ္ေဆာင္ ကင္းေကာင္နဲ႔ ပတ္သက္ၿပီး ႐ွိခဲ့ဖူးတဲ့ အမွတ္တရေတြကုိ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

လူမင္းက “ဒီေန႔ မနက္အေစာႀကီးပဲ Facebook ကုိစဖြင့္လုိက္ေတာ့ ပထမဆုံး ျမင္တာက ကုိငွက္ေပ်ာေၾကာ္ရဲ႕ အမ်ိဳးသမီး ပုိ႔စ္ေလးတစ္ခု တင္ထားတာ ကုိကင္းဆုိၿပီး ဝမ္းနည္းတဲ့ သေကၤတေလးေတြနဲ႔ဆုိေတာ့ လန္႔သြားတာ။ ဘာလဲဆုိၿပီး comment ဝင္ေရးလုိက္ေတာ့ အခုမနက္ပဲ ၆နာရီက ပုပၸါးမွာ ဆုံးသြားၿပီဆုိတဲ့ သတင္းၾကားရတယ္ေပါ့ေနာ္။ ၾကားၾကားခ်င္း သူက်န္းမာေရး ခ်ဴခ်ာေနတာၾကာၿပီဆုိတာေတာ့ သိတယ္ေလ။ ဒါေပမဲ့ သူျပန္ေကာင္းလုိ႔ပဲ ကားေတြျပန္႐ုိက္ေနၿပီဆုိေတာ့ ဒီလုိႀကီး ျဖစ္သြားမယ္လုိ႔ လုံးဝေမွ်ာ္လင့္မထားေသးတဲ့ အခ်ိန္မွာ ျဖစ္သြားတာေတာ့ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ရပါတယ္။

သူကေတာ့ ဟာသပညာနဲ႔ ပတ္သက္ရင္ ကံၾကမၼာကုိက ဒီအႏုပညာအလုပ္မွာမွ ဒီလုိဟာသသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ဖုိ႔ကုိ ေမြးဖြားလာတဲ့ ပါရမီ႐ွင္လုိပါပဲ။ သူရဲ႕ ဂလန္ဂလား အရပ္ႀကီးနဲ႔ ဟာသေတြ လုပ္ခဲ့တဲ့ တစ္ခ်ိန္က သရဲေလးေကာင္ဆုိၿပီး အတြဲညီခဲ့ၾကတယ္။ ကြၽန္ေတာ္တုိ႔နဲ႔လည္း ဇာတ္ကားေတြ အမ်ားႀကီး႐ုိက္ခဲ့ၾကတယ္။ ႐ွဴတင္မွာကုိရယ္ေနရတာ သေဘာလည္း ေကာင္းတယ္။ အားလုံးကုိလည္း ေပ်ာ္ရႊင္ေအာင္ လုပ္တတ္တယ္။ ဒါေပမဲ့ တစ္ခ်ိန္တုန္းက ေပေပေတေတ ေနခဲ့တာေတြကလည္း ျပန္ျပဳျပင္တဲ့ အခ်ိန္မွာ အဲ့ဒီဒဏ္ေတြကုိ သူျပန္ခံသြားရတာပါပဲ ကြၽန္ေတာ္က အဲ့လုိပဲ ယူဆပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဦးကင္းေကာင္နဲ႔ အတူ႐ွိခဲ့တဲ့ အမွတ္တရေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း လူမင္းက “အမွတ္တရေတြက အမ်ားႀကီးပဲ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီးေတာ့ ကြၽန္ေတာ္တုိ႔ေတြ အလုပ္ေတြ အတူတူလုပ္ခဲ့ၾကတာဆုိေတာ့ အတူတူတြဲ႐ုိက္ခဲ့တဲ့ ကားေပါင္းကလည္း မေရမတြက္ႏုိင္ေအာင္ အမ်ားႀကီး႐ွိတယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္ကုိယ္တုိင္က ကုိကင္းေကာင္ရဲ႕ ပရိသတ္ပါ။ သူ႔ရဲ႕ဟာသေတြ သူရဲ႕ရယ္စရာလုပ္တဲ့ ခ်စ္စရာေကာင္းေနတဲ့ ဟာသသ႐ုပ္ေဆာင္ခ်က္ေတြကုိ ကြၽန္ေတာ္ေရာ ကြၽန္ေတာ့္အမ်ိဳးသမီးေရာ မိသားစုေတြေရာ အရမ္းသေဘာက်ၾကတယ္။ အမ်ိဳးသမီးဆုိလုိ႔ ကြၽန္ေတာ့္အမ်ိဳးသမီး နဲ႔ ကုိကင္းနဲ႔က ေမြးေန႔လည္း တူတယ္ ၂၁ရက္ ေမလ ခုႏွစ္ေတာ့ ကြဲတာေပါ့ေနာ္။ ကြၽန္ေတာ့္အမ်ိဳးသမီး ေမြးေန႔ေရာက္တုိင္း ကုိကင္းနဲ႔က Birthday wish ေတြအျပန္အလွန္လုပ္ျဖစ္တယ္။ အဲ့တာေလးေတြက အမွတ္တရေလးေတြပါပဲ။ ဒါေပမဲ့လည္း ခြဲခ်ိန္တန္ေတာ့လည္း ခြဲရတာေပါ့ဗ်ာ။ ကုိသူရ ပုိ႔စ္တင္ထားသလုိေပါ့ေနာ္ ကံေပးသေလာက္ပဲ ေနရတာဆုိေတာ့ ခြဲခ်ိန္တန္ေတာ့ ခြဲရတာေပါ့ စိတ္မေကာင္းပါဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ လူမင္းက “သီးျခားအမွတ္တရကေတာ့ ဟုိးတစ္ခ်ိန္ကေပါ့ ကြၽန္ေတာ္ ေခါင္းေဆာင္မင္းသားေတာင္ ေကာင္းေကာင္းမျဖစ္ေသးပါဘူး။ အဲ့အခ်ိန္တုန္းက စစ္ေသြးသစၥာဆုိတဲ့ TV ဇာတ္လမ္း တပ္မေတာ္ေန႔ ႏွစ္ပတ္လည္ ဇာတ္ကား ႐ုိက္ၾကေတာ့ ညႀကီးမုိးခ်ဳပ္ ဗုိက္ေတကလည္းဆာ ညႀကီး သန္းေခါင္ႀကီး အထိ ႐ုိက္ၾကေတာ့ အကုန္လုံး ေပေပပြပြေတြနဲ႔ စကားေတြ ေျပာျဖစ္ၾကတာေလးေတြ သူနဲ႔ ဆုံတုိင္း သူအျမဲတမ္း ျပန္ေျပာျပတယ္။

အဲ့အခ်ိန္တုန္းက ကြၽန္ေတာ္လည္း ေခါင္းေဆာင္မင္းသား မျဖစ္ခင္ေပါ့ေနာ္ အဲ့ကတည္းကသူက အားေပးခဲ့တာ ကုိလူမင္းၾကဳိးစား ကုိလူမင္းပုံစံနဲ႔ တစ္ေန႔ ေခါင္းေဆာင္မင္းသားျဖစ္ၿပီးေတာ့ ေသခ်ာေပါက္ ေအာင္ျမင္မွာ ဘယ္သူဘယ္သူဆုိၿပီး သူတိတိက်က်ေလး အားေပးခဲ့ဖူးတယ္။ အဲ့တာေလးကုိႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့ အခ်ိန္မွာ သူနဲ႔ ျပန္ေတြ႔တုိင္း လူမင္းေနာ္ ငါတုိ႔ စစ္ေသြးသစၥာကားတုန္းက ေျပာခဲ့တာ မွတ္မိလား အဲ့စကားက အဲ့အတုိင္း မင္းျဖစ္ၿပီ ဘာညာဆုိၿပီးေတာ့ေပါ့ ကြၽန္ေတာ့္ကုိ ေျပာခဲ့ဖူးတယ္ အဲ့တာကေတာ့ တကယ့္ကုိ မွတ္မွတ္ရရပါပဲ။ တကယ္ပဲ ကုိကင္းအတြက္ ဆုေတာင္းပါတယ္ ေကာင္းရာသုဂတိလားဖုိ႔ သူမ်ားကုိ ေပ်ာ္ရႊင္ေအာင္ ရယ္ေမာႏုိင္ေအာင္ ျဖည့္ဆည္းတဲ့ ဟာသသ႐ုပ္ေဆာင္ႀကီးတစ္ေယာက္က သူ႔ရဲ႕ ေကာင္းရာသုဂတိမွာလည္း ေပ်ာ္ရႊင္ႏုိင္ပါေစလုိ႔ပဲ ဆုေတာင္းပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit: Cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်တွေကို ဟာသ ဒရာမာ အက်ရှင် စတဲ့ ပုံစံမျိုးစုံနဲ့ ရသအပြည့်ပေးတဲ့အပြင် ရုပ်ရှင်အစည်းအရုံးမှာလည်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်နဲ့ဒါရိုက်တာလူမင်းက ဇန်တဝါရီလ ၂၂ရက်နေ့ မနက်ပိုင်းက ပုပ္ပါးမှာ ဇာတ်ကားရိုက်ရင်းနဲ့ ချွဲကျပ်ပြီး သေဆုံးသွားခဲ့တဲ့ ဟာသသရုပ်ဆောင် ကင်းကောင်နဲ့ ပတ်သက်ပြီး ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

လူမင်းက “ဒီနေ့ မနက်အစောကြီးပဲ Facebook ကိုစဖွင့်လိုက်တော့ ပထမဆုံး မြင်တာက ကိုငှက်ပျောကြော်ရဲ့ အမျိုးသမီး ပို့စ်လေးတစ်ခု တင်ထားတာ ကိုကင်းဆိုပြီး ဝမ်းနည်းတဲ့ သင်္ကေတလေးတွေနဲ့ဆိုတော့ လန့်သွားတာ။ ဘာလဲဆိုပြီး comment ဝင်ရေးလိုက်တော့ အခုမနက်ပဲ ၆နာရီက ပုပ္ပါးမှာ ဆုံးသွားပြီဆိုတဲ့ သတင်းကြားရတယ်ပေါ့နော်။ ကြားကြားချင်း သူကျန်းမာရေး ချူချာနေတာကြာပြီဆိုတာတော့ သိတယ်လေ။ ဒါပေမဲ့ သူပြန်ကောင်းလို့ပဲ ကားတွေပြန်ရိုက်နေပြီဆိုတော့ ဒီလိုကြီး ဖြစ်သွားမယ်လို့ လုံးဝမျှော်လင့်မထားသေးတဲ့ အချိန်မှာ ဖြစ်သွားတာတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။

သူကတော့ ဟာသပညာနဲ့ ပတ်သက်ရင် ကံကြမ္မာကိုက ဒီအနုပညာအလုပ်မှာမှ ဒီလိုဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ကို မွေးဖွားလာတဲ့ ပါရမီရှင်လိုပါပဲ။ သူရဲ့ ဂလန်ဂလား အရပ်ကြီးနဲ့ ဟာသတွေ လုပ်ခဲ့တဲ့ တစ်ချိန်က သရဲလေးကောင်ဆိုပြီး အတွဲညီခဲ့ကြတယ်။ ကျွန်တော်တို့နဲ့လည်း ဇာတ်ကားတွေ အများကြီးရိုက်ခဲ့ကြတယ်။ ရှူတင်မှာကိုရယ်နေရတာ သဘောလည်း ကောင်းတယ်။ အားလုံးကိုလည်း ပျော်ရွှင်အောင် လုပ်တတ်တယ်။ ဒါပေမဲ့ တစ်ချိန်တုန်းက ပေပေတေတေ နေခဲ့တာတွေကလည်း ပြန်ပြုပြင်တဲ့ အချိန်မှာ အဲ့ဒီဒဏ်တွေကို သူပြန်ခံသွားရတာပါပဲ ကျွန်တော်က အဲ့လိုပဲ ယူဆပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဦးကင်းကောင်နဲ့ အတူရှိခဲ့တဲ့ အမှတ်တရတွေနဲ့ ပတ်သက်ပြီးတော့လည်း လူမင်းက “အမှတ်တရတွေက အများကြီးပဲ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်တော်တို့တွေ အလုပ်တွေ အတူတူလုပ်ခဲ့ကြတာဆိုတော့ အတူတူတွဲရိုက်ခဲ့တဲ့ ကားပေါင်းကလည်း မရေမတွက်နိုင်အောင် အများကြီးရှိတယ်။ နောက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ကိုကင်းကောင်ရဲ့ ပရိသတ်ပါ။ သူ့ရဲ့ဟာသတွေ သူရဲ့ရယ်စရာလုပ်တဲ့ ချစ်စရာကောင်းနေတဲ့ ဟာသသရုပ်ဆောင်ချက်တွေကို ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးရော မိသားစုတွေရော အရမ်းသဘောကျကြတယ်။ အမျိုးသမီးဆိုလို့ ကျွန်တော့်အမျိုးသမီး နဲ့ ကိုကင်းနဲ့က မွေးနေ့လည်း တူတယ် ၂၁ရက် မေလ ခုနှစ်တော့ ကွဲတာပေါ့နော်။ ကျွန်တော့်အမျိုးသမီး မွေးနေ့ရောက်တိုင်း ကိုကင်းနဲ့က Birthday wish တွေအပြန်အလှန်လုပ်ဖြစ်တယ်။ အဲ့တာလေးတွေက အမှတ်တရလေးတွေပါပဲ။ ဒါပေမဲ့လည်း ခွဲချိန်တန်တော့လည်း ခွဲရတာပေါ့ဗျာ။ ကိုသူရ ပို့စ်တင်ထားသလိုပေါ့နော် ကံပေးသလောက်ပဲ နေရတာဆိုတော့ ခွဲချိန်တန်တော့ ခွဲရတာပေါ့ စိတ်မကောင်းပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ လူမင်းက “သီးခြားအမှတ်တရကတော့ ဟိုးတစ်ချိန်ကပေါ့ ကျွန်တော် ခေါင်းဆောင်မင်းသားတောင် ကောင်းကောင်းမဖြစ်သေးပါဘူး။ အဲ့အချိန်တုန်းက စစ်သွေးသစ္စာဆိုတဲ့ TV ဇာတ်လမ်း တပ်မတော်နေ့ နှစ်ပတ်လည် ဇာတ်ကား ရိုက်ကြတော့ ညကြီးမိုးချုပ် ဗိုက်တေကလည်းဆာ ညကြီး သန်းခေါင်ကြီး အထိ ရိုက်ကြတော့ အကုန်လုံး ပေပေပွပွတွေနဲ့ စကားတွေ ပြောဖြစ်ကြတာလေးတွေ သူနဲ့ ဆုံတိုင်း သူအမြဲတမ်း ပြန်ပြောပြတယ်။

အဲ့အချိန်တုန်းက ကျွန်တော်လည်း ခေါင်းဆောင်မင်းသား မဖြစ်ခင်ပေါ့နော် အဲ့ကတည်းကသူက အားပေးခဲ့တာ ကိုလူမင်းကြိုးစား ကိုလူမင်းပုံစံနဲ့ တစ်နေ့ ခေါင်းဆောင်မင်းသားဖြစ်ပြီးတော့ သေချာပေါက် အောင်မြင်မှာ ဘယ်သူဘယ်သူဆိုပြီး သူတိတိကျကျလေး အားပေးခဲ့ဖူးတယ်။ အဲ့တာလေးကိုနှစ်ပေါင်းများစွာ ကြာတဲ့ အချိန်မှာ သူနဲ့ ပြန်တွေ့တိုင်း လူမင်းနော် ငါတို့ စစ်သွေးသစ္စာကားတုန်းက ပြောခဲ့တာ မှတ်မိလား အဲ့စကားက အဲ့အတိုင်း မင်းဖြစ်ပြီ ဘာညာဆိုပြီးတော့ပေါ့ ကျွန်တော့်ကို ပြောခဲ့ဖူးတယ် အဲ့တာကတော့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ တကယ်ပဲ ကိုကင်းအတွက် ဆုတောင်းပါတယ် ကောင်းရာသုဂတိလားဖို့ သူများကို ပျော်ရွှင်အောင် ရယ်မောနိုင်အောင် ဖြည့်ဆည်းတဲ့ ဟာသသရုပ်ဆောင်ကြီးတစ်ယောက်က သူ့ရဲ့ ကောင်းရာသုဂတိမှာလည်း ပျော်ရွှင်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top