iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Daily Hot News
# Unicode Version ဖြင့် ဖတ်ပါ #
အချို့လူတွေကတော့electric toothbrush နဲ့သွားတိုက်ကြပေမဲ့ သွားတိုက်တဲ့အခါသွားတိုက်တံသုံးပြီး တိုက်တဲ့လူတွေလည်းအများကြီးပါသွားတိုက်တံကို သွားတိုက်ဖို့အပြင်အခြားနေရာတွေမှာလည်းသုံးနိုင်ပါတယ်။
၁။ဆံပင်ကိုhair dryer နဲ့အခြောက်ခံတတ်တဲ့လူဆိုရင် dryer ရဲ့လေထုတ်ပေးတဲ့အပေါက်မှာ ဖုန့်မှုန်တွေရှိတတ်တာကိုသိမှာပါ ဒါဟာdryer ရဲ့လေထုတ်နိုင်စွမ်းကိုလည်းလျော့နည်းစေပါတယ် သွားတိုက်တံနဲ့dryer ရဲ့လေထုတ်ပေးတဲ့အပေါက်ကို သန့်ရှင်းပေးလိုက်ပါ။
၂။မီးဖိုပေါ်က gas burners တွေက သန့်ရှင်းပေးရခက်ပါတယ် ကံကောင်းစွာနဲ့ပဲသွားတိုက်တံလေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။
၃။အိပ်ခန်းကြမ်းပြင်မှာ ကပ်နေတဲ့ကြေးကြောင်းတွေက ဖယ်ရှားရခက်ပါတယ် သွားတိုက်တံကိုအရောင်ချွတ်ဆေးအရည်ထဲစိမ်ပြီးကြမ်းပြင်တွေကို တိုက်ချွတ်ပေးလိုက်ပါ။
၄။မီးဖိုချောင်တွေရေချိုးခန်းတွေက ရေပိုက်ခေါင်းမှာကြေးတွေ ရေညှိတွေကပ်လွယ်ပါတယ်။သန့်ရှင်းရလည်းခက်ပါတယ် သွားတိုက်တံလေးနဲ့ လျင်လျင်မြန်မြန်ဆေးကြောလိုက်လို့ရပါတယ်။
၅။keyboard တွေမှာဖုန်တွေ၊ အစားအစာအစအနတွေ၊ ဆံပင်တွေကပ်နေတတ်ပါတယ် ၎င်းတို့ကိုသွားတိုက်တံလေးနဲ့ ဖယ်ရှားပေးလို့ရပါတယ်။
၆။ရေခဲသေတ္တာထဲက ရော်ဘာလေးတွေကြားထဲမှာbacteria တွေပေါက်ဖွားနိုင်တယ် မှိုတွေလည်းပေါက်ဖွားနိုင်ပါတယ် ဒါအပြင်သန့်ရှင်းရလည်းခက်တယ် ဒါပေမဲ့သွားတိုက်တံနဲ့ဆိုရင်တော့သန့်ရှင်းပေးလို့ရပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top