iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ပြိုင်းပွဲတစ်လျှောက်အသံပါဝါကောင်းကောင်း နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုကြောင့် ပရိသတ်တွေရော ဒိုင်တွေကပါ အမြဲချီးကျူးခံခဲ့ရသူပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ကို ဂီတနဲ့ ပတ်သက်ပြီး သင်းကြားပေးနေတဲ့ မြန်မာပြည်သိန်းတန် နဲ့ ဖြိုးမြတ်အောင် တို့က ပွဲတစ်ခုမှာ သီချင်းအတူဆိုခဲ့တဲ့ video လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင် ရဲ့ ပြိုင်ပွဲတစ်လျှောက်မှာလည်း မြန်မာပြည်သိန်းတန်ဟာဆိုရင် ဒိုင်တစ်ဦးအနေနဲ့ ဝေဖန်အကြံပေးမှုတွေရှိသလို ချီးကျူးစကားများကို လည်း အမြဲပြောလေ့ရှိသူပါ။ ဒီတစ်ခါမှာတော့ မြန်မာပြည်သိန်းတန်ကဖြိုးမြတ်အောင် နဲ့အတူ ပွဲတစ်ခုမှာ စုံတောမြိုင် မြန်မာသံစဉ် သီချင်းကို သီဆိုခဲ့တာပါ။

ပရိသတ်တွေက ဆရာတပည့်နှစ်ယောက် ဖြစ်တဲ့ မြန်မာပြည်သိန်းတန် နဲ့ ဖြိုးမြတ်အောင် တို့ရဲ့ သီဆိုမှုကို အရမ်းကို သဘောကြနေကြတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ။မြန်မာပြည်သိန်းတန် နဲ့ ဖြိုးမြတ်အောင် တို့ သီဆိုထားတဲ့ စုံတောမြိုင် သီချင်းလေးကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top