iMyanmarHouse.com - Best Property Website for Myanmar
×


ေ႐ႊထူးရဲ႕ အႏုပညာနဲ႔ ပတ္သက္ၿပီး ဇနီးေခ်ာေလးေ႐ႊမႈန္ရတီရဲ႕ အားေပးမႈေတြကို ရင္ဖြင့္ေျပာျပလာပါတယ္။ ခင္ပြန္းျဖစ္သူ ဖန္တီးလိုက္တဲ့ အႏုပညာေတြကိုလည္း လက္ခုပ္တီးေပးဖို႔ အဆင္သင့္ပါပဲတဲ့။

အဆိုေတာ္ ေ႐ႊထူးက ၂၀၁၈ ခုႏွစ္အတြင္း သီခ်င္းေတာင္းဆိုခံရမႈ အမ်ားဆုံး ဆုကို City FM က ခ်ီးျမင့္ခဲ့တာျဖစ္ပါတယ္။ ဒီဆု အတြက္ သူ႔ရဲ႕ ဇနီးျဖစ္သူ ေ႐ႊမႈန္ရတီကလည္း ဝမ္းသာဂုဏ္ယူေနတာျဖစ္ၿပီး ဝမ္းသာေပ်ာ္႐ႊင္မႈေတြကို မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။


'' ကိုယ္က သူ႔ကိုလည္း ခ်စ္သလို သူ႔ရဲ႕ အႏုပညာကိုလည္း ခ်စ္တယ္။ ကိုယ္ေတြက အႏုပညာသမားျဖစ္တဲ့ အတြက္ ပိုၿပီးေတာ့ ခ်စ္တယ္ဆိုေတာ့ သူ႔အႏုပညာကို ဘယ္လိုပဲ ဖန္တီး၊ ဖန္တီး သူ႔ရဲ႕ အႏုပညာအလွအပေတြကို ခံစားဖို႔ အဆင္သင့္ပါပဲ'' လို႔ ဆိုပါတယ္။

ေ႐ႊမႈန္ရတီက ခင္ပြန္းျဖစ္သူ ေ႐ႊထူးကို စင္ေပၚမွာ သီခ်င္းဆိုရင္း ကတာကိုၾကည့္ၿပီး သေဘာက်မိတဲ့ အခ်က္ေတြကို ေျပာျပလာပါတယ္။ အဲ့ဒီေနာက္ ခင္ပြန္းျဖစ္သူရဲ႕ သီခ်င္းေတြကိုလည္း မၾကာခဏ ဆိုေလ့ရွိတယ္လို႔ ဇန္နဝါရီလ ၁၂ ရက္ေန႔ က City FM ဆုေပးပြဲမွာ ေျဖဆိုခဲ့တာပါ။


'' သူက အရမ္းကတယ္၊ ဒါေပမယ့္ သူ႔အရပ္ရွည္ရွည္ႀကီးနဲ႔ ကတာဆိုေတာ့ ေတာ္ေတာ္ၾကည့္လို႔ေကာင္းပါတယ္။ သေဘာက် တယ္။ ေ႐ႊထူးရဲ႕ သီခ်င္းေတြကို ရတာေပါ့ အရမ္းရတာ ဒါေပမယ့္ ကိုယ္က သီခ်င္းဆိုရင္ စာသားေတြ အမွားဆိုလို႔ သူကေလ သူ႔ သီခ်င္းေတြ လိုက္မဆိုပါနဲ႔ သီခ်င္းပ်က္လို႔တဲ့ အၿမဲေျပာတယ္'' ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျဖဆိုခဲ့တာပါ။

ေ႐ႊထူးဟာ ဇနီးေခ်ာေလး ေ႐ႊမႈန္ရတီနဲ႔ အိမ္ေထာင္ျပဳၿပီးတဲ့ေနာက္မွာေတာ့ ဇနီးျဖစ္သူရဲ႕ အေၾကာင္းေတြကို မၾကာခဏ သီခ်င္း ေရးဖြဲ႕ေလ့ရွိပါတယ္။


'' ဘာပဲျဖစ္ျဖစ္ ကိုယ့္ေယာက်္ားက ကိုယ့္ကို ရည္ၫႊန္းၿပီးေတာ့ပဲ ေရးသည္ျဖစ္ေစ၊ ေနာက္ထပ္ သူ႔ရဲ႕ စိတ္ခံစားခ်က္အရ သီခ်င္း ေတြကို ဖန္တီးသည္ျဖစ္ေစ သူ႔ရဲ႕ အႏုပညာကိုခ်စ္တယ္။ သူ ဘာပဲလုပ္လုပ္ သူ႔ရဲ႕ အႏုပညာက ျဖဴစင္တယ္၊ သန႔္ရွင္းတယ္ ဆိုေတာ့ ကိုယ့္ေယာက်္ား ဘာလုပ္လုပ္ လက္ခုပ္တီးဖို႔ အဆင္သင့္ပဲ'' လို႔ သူကဆိုပါတယ္။

 ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႔က ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး ႏိုဝင္ဘာ(၉) ရက္ေန႔မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့ပါတယ္။


Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ရွှေထူးရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ဇနီးချောလေးရွှေမှုန်ရတီရဲ့ အားပေးမှုတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူ ဖန်တီးလိုက်တဲ့ အနုပညာတွေကိုလည်း လက်ခုပ်တီးပေးဖို့ အဆင်သင့်ပါပဲတဲ့။

အဆိုတော် ရွှေထူးက ၂၀၁၈ ခုနှစ်အတွင်း သီချင်းတောင်းဆိုခံရမှု အများဆုံး ဆုကို City FM က ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ ဒီဆု အတွက် သူ့ရဲ့ ဇနီးဖြစ်သူ ရွှေမှုန်ရတီကလည်း ဝမ်းသာဂုဏ်ယူနေတာဖြစ်ပြီး ဝမ်းသာပျော်ရွှင်မှုတွေကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။


'' ကိုယ်က သူ့ကိုလည်း ချစ်သလို သူ့ရဲ့ အနုပညာကိုလည်း ချစ်တယ်။ ကိုယ်တွေက အနုပညာသမားဖြစ်တဲ့ အတွက် ပိုပြီးတော့ ချစ်တယ်ဆိုတော့ သူ့အနုပညာကို ဘယ်လိုပဲ ဖန်တီး၊ ဖန်တီး သူ့ရဲ့ အနုပညာအလှအပတွေကို ခံစားဖို့ အဆင်သင့်ပါပဲ'' လို့ ဆိုပါတယ်။


ရွှေမှုန်ရတီက ခင်ပွန်းဖြစ်သူ ရွှေထူးကို စင်ပေါ်မှာ သီချင်းဆိုရင်း ကတာကိုကြည့်ပြီး သဘောကျမိတဲ့ အချက်တွေကို ပြောပြလာပါတယ်။ အဲ့ဒီနောက် ခင်ပွန်းဖြစ်သူရဲ့ သီချင်းတွေကိုလည်း မကြာခဏ ဆိုလေ့ရှိတယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့ က City FM ဆုပေးပွဲမှာ ဖြေဆိုခဲ့တာပါ။


'' သူက အရမ်းကတယ်၊ ဒါပေမယ့် သူ့အရပ်ရှည်ရှည်ကြီးနဲ့ ကတာဆိုတော့ တော်တော်ကြည့်လို့ကောင်းပါတယ်။ သဘောကျ တယ်။ ရွှေထူးရဲ့ သီချင်းတွေကို ရတာပေါ့ အရမ်းရတာ ဒါပေမယ့် ကိုယ်က သီချင်းဆိုရင် စာသားတွေ အမှားဆိုလို့ သူကလေ သူ့ သီချင်းတွေ လိုက်မဆိုပါနဲ့ သီချင်းပျက်လို့တဲ့ အမြဲပြောတယ်'' ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

ရွှေထူးဟာ ဇနီးချောလေး ရွှေမှုန်ရတီနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူရဲ့ အကြောင်းတွေကို မကြာခဏ သီချင်း ရေးဖွဲ့လေ့ရှိပါတယ်။


'' ဘာပဲဖြစ်ဖြစ် ကိုယ့်ယောကျ်ားက ကိုယ့်ကို ရည်ညွှန်းပြီးတော့ပဲ ရေးသည်ဖြစ်စေ၊ နောက်ထပ် သူ့ရဲ့ စိတ်ခံစားချက်အရ သီချင်း တွေကို ဖန်တီးသည်ဖြစ်စေ သူ့ရဲ့ အနုပညာကိုချစ်တယ်။ သူ ဘာပဲလုပ်လုပ် သူ့ရဲ့ အနုပညာက ဖြူစင်တယ်၊ သန့်ရှင်းတယ် ဆိုတော့ ကိုယ့်ယောကျ်ား ဘာလုပ်လုပ် လက်ခုပ်တီးဖို့ အဆင်သင့်ပဲ'' လို့ သူကဆိုပါတယ်။

 ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top