iMyanmarHouse.com - Best Property Website for Myanmar
×


တနဂၤေႏြ

တနဂၤေႏြသားသမီးမ်ားအေနျဖင့္ ယခုအပတ္အတြင္း စီးပြားေရးလုပ္ငန္းမ်ားတြင္ စိတ္လိုက္မာန္ပါ ေျပာမိ၊ လုပ္မိတတ္ျခင္းေၾကာင့္ စီးပြားမိတ္ပ်က္တတ္သည္။ အထူးသတိထားပါ။ အလုပ္မွႏုတ္ထြက္ရျခင္းမ်ိဳးျဖစ္တတ္သည္။ လုပ္ေဖာ္ကိုင္ဖက္ ငယ္သူငယ္ခ်င္းတို႔ႏွင့္ မသင့္မတင့္ျဖစ္တတ္သည္။ စီးပြားေရးအတြက္ ယခုအခ်ိန္သည္ စြန္႔စားမႈမ်ားျပဳလုပ္ရန္ မသင့္ေသးပါ။ က်န္းမာေရးအေနျဖင့္ ေက်ာက္ကပ္ေရာဂါသည္မ်ား သတိထားရမည့္အခ်ိန္ျဖစ္သည္။ အစားမွားတတ္သည္။ အခ်စ္ေရးမွာ လက္ထပ္ရန္ စီစဥ္ပါက သေဘာထားမတိုက္ဆိုင္မႈ၊ႏွစ္ဘက္မိဘတို႔၏ သေဘာထားေဖာက္ျပန္မႈမ်ားျဖစ္ၿပီး ရက္ေရြ႕ဆိုင္းရတတ္သည္။ အထူးဂရုစိုက္ပါ။ အိမ္ေထာင္သည္မ်ား ဝတၱရားပ်က္ကြယ္တတ္သည္။ စပ္တူရွယ္ယာမ်ား အထူးဆင္ျခင္ပါ။ ပညာေရးသမားမ်ား တြက္စာကို ဦးစားေပးလုပ္ေဆာင္သင့္သည္။ ဝန္ထမ္းမ်ား အလုပ္တြင္ လြန္စြာအလုပ္မ်ားေနရလိမ့္မည္။

အက်ိဴးေပးဂဏန္း - ၇၊ ၆၊ ၉
ယၾတာ - အသက္ႀကီးေသာ အဘိုးအဘြားမ်ားကို ေဆးပစၥည္းမ်ားလွဴေပးပါ။

တနလၤာ

တနလၤာသားသမီးမ်ားအေနျဖင့္ ယခုအပတ္အတြက္ စြန္႔စားရေသာခရီး၊ စမ္းသပ္ရေသာအလုပ္၊ ေက်ာက္မ်က္ရတနာသတၱဳလုပ္ငန္းတို႔ျဖင့္ အဆင္ေျပေနမည္။ စီးပြားေရးအေနႏွင့္ သတိထားရမည္မွာ ျပည္ပႏွင့္ဆက္သြယ္ေသာ စီးပြားေရးသာျဖစ္သည္။ ေငြေၾကးကိစၥ တာဝန္ခံျခင္း၊အာမခံျခင္းအတြက္ တစ္ပါးသူက အထင္အျမင္လြဲမွားမႈျဖစ္လာလိမ့္မည္။ က်န္းမာေရးအတြက္ အဆုတ္ေရာဂါႏွင့္ မ်က္လံုးေရာဂါသမားမ်ား သတိထားပါ။ ယခုတစ္ပတ္အတြင္း ေနရာသစ္၊ ေဒသသစ္တို႔ေရာက္ရွိလာမည္။ အခ်စ္ေရးတြင္ ကံေကာင္းပါသည္။ အိမ္ေထာင္ေရးမွာေတာ့ စိတ္ညစ္စရာမ်ား စိတ္တိုင္းမက်မႈမ်ားျဖစ္မည္။ ပညာေရးမွာ အေျပာင္းအလဲတစ္ခုျဖစ္လိမ့္မည္။ စာကိုသာေသခ်ာလုပ္ပါ။ ေငြေၾကးကိစၥအတြက္ ရံုးေရာက္ရတတ္သည္။ လူယံုမထားသင့္ပါ။ ဝန္ထမ္းမ်ား လက္ေအာက္ငယ္သားေၾကာင့္ စိတ္ေသာကေရာက္ရမည္။

အက်ိဳးေပးဂဏန္း ၂၊ ၄၊ ၅
ယၾတာ - တနလၤာေန႔တြင္ ကံေကာ္ညႊန္႔မ်ားကို အိမ္ဘုရားတြင္ လွဴေပးပါ။

အဂၤါ

ဒီတစ္ပတ္မွာ အဂါၤသားသမီးတို႔၏ကံၾကမၼာက စီးပြားေရးကိစၥတစ္ခု(သို႔) ေငြေၾကးကိစၥတစ္ခုအတြက္ စိုးရိမ္မႈေၾကာက္ရြံ႕မႈမ်ားျဖစ္ေပၚေနတတ္သည္။ အထူးသျဖင့္ ေတာင္သူလုပ္ငန္း၊ ေရလုပ္ငန္းႏွင့္ ေဆာက္က္လုပ္ေရးလုပ္ငန္းလုပ္သူေတြ ပိုၾကပ္တည္းပါမည္။ က်န္းမာေရးအေနျဖင့္ ခါးနာတဲ့ေဝဒနာသည္ ေဆးခန္းျပရသည္မွ အေျခအေနကေန ခြဲစိတ္ရတဲ့အထိ ျဖစ္တတ္ျခင္းေၾကာင့္ အထူးသတိျပဳသင့္သည္။ အေမြကိစၥျဖစ္ႏိုင္ပါသည္။ သို႔ေသာ္ မစိုးရိမ္ပါႏွင့္။ ခ်စ္သူႏွင့္ ခရီးေဝးတစ္ခုသြားရလိမ့္မည္၊ သတိထားၿပီး စည္းရိွရန္လိုပါသည္၊ မဆင္ျခင္ပါက ျပ၁သနာတက္လိမ့္မည္။ အိမ္ေထာင္သည္မ်ား ျပည္ပက သတင္းေကာင္းၾကားရပါမည္။ ပညာေရးသမားမ်ား သင္တန္းၿပီး၍ မၾကာမီပင္ အလုပ္ခန္႔စာရပါမည္( သို႔မဟုတ္) ရာထူးတက္ေၾကာင္းၾကားရမည္။ ဝန္ထမ္းမ်ား ရန္ရိွသျဖင့္ စကားဆင္ျခင္ေျပာပါ။

အက်ိဳးေပးဂဏန္း ၃၊ ၅၊ ၈
ယၾတာ - အဂါၤနံနက္တြင္ ရဟန္းေတာ္တစ္ပါးအား ေငြလွဴးဒန္းပါ။

ဗုဒၶဟူး

ယခုတစ္ပတ္တြင္ ဗုဒၶဟူးသားသမီးတို႔၏ စီးပြားေရးတြင္ ဝမ္းသာစရာလုပ္ငန္းေအာင္ျမင္ျခင္းမ်ား စိ္တ္ခ်မ္းသာစရာမ်ား မုခ်ႀကံဳေတြ႕ေတာ့မည္။ ျပည္တြင္းခရီးေဝး၊ ျပည္ပခရီးေဝးမ်ားသြားရန္အတြက္ ျပင္ဆင္ထားပါ။ လုပ္ငန္းကိုအေၾကာင္းျပဳၿပီး သြားရမည္။ သြားေသာခရီးမ်ားေအာင္ျမင္မည္။ အလုပ္အကိုင္ႏွင့္ ပညာေရးကိစၥေတြလည္းေအာင္ျမင္ပါလိမ့္မည္။ က်န္းမာေရးအေနႏွင့္ အစာအိမ္၊ သားအိမ္ကိစၥမ်ား သတိျပဳပါ။ အခ်စ္ေရးကိစၥမ်ား ဆင္ျခင္ပါ၊ အတုအေယာင္အခ်စ္မ်ားႀကံဳရတတ္သည္။ အိမ္ေထာင္ေရးႏွင့္ ပတ္သက္၍ စိတ္ဝမ္းကြဲရန္ႀကံဳရပါမည္။ သို႔မဟုတ္ တစ္ေနရာစီ ခြဲေနရတတ္သည္။ စက္၊ ယာဥ္၊ ေက်ာက္မ်က္ရတနာတို႔ဝင္မည္။ ျပည္ပမွလက္ေဆာင္မ်ားရမည္။ ပညာေရးအေနျဖင့္ႀကိဳးစားမႈမ်ားမွ ေအာင္ျမင္မည္။ ထီထိုးပါ။ ထီေပါက္ကိန္းရွိသည္။ ဝန္ထမ္းမ်ား ေငြဝင္ေကာင္းမည္။ ေငြထြက္ၾကမ္းမည္။

ရာဟု။ ။ရာဟုသားသမီးတို႔ ယခုတစ္ပတ္အတြက္ က်န္းမာေရးသတိျပဳပါ၊ ေသြးထြက္ရတတ္သည္။ ရန္မျဖစ္ပါႏွင့္၊ စီးပြားေရးတြင္ဥာဏ္မ်ားသူႏွင့္ေတြ႕ၿပီး ေငြကုန္လိမ့္မည္။ အခ်စ္ေရးေကာင္းပါသည္။ ကားဝယ္ျခင္းသတိျပဳပါ။

အက်ိဳးေပးဂဏန္း ၄၊ ၉၊ ၆
ယၾတာ - ငွက္စာေကၽြးပါ။

ၾကာသပေတး

ၾကာသာပေတးသားသမီးတို႔အေနျဖင့္ ယခုတစ္ပတ္တြင္ စီးပြားေရးဆိုင္ရာ ရည္ရြယ္ခ်က္မ်ား ရည္မွန္းခ်က္မ်ား စတင္အေကာင္အထည္ေဖာ္ရမည့္အခ်ိန္ျဖစ္သည္။ ေအာင္ျမင္မည္။ ေငြေၾကးဆိုင္ရာကိစၥရပ္မ်ားအတြက္ ပို၍ေအာင္ျမင္မည္။ မေရာက္ဖူးေသာျပည္ပခရီးေရာက္မည္။ ကုမၸဏီဝန္ထမ္းမ်ားအတြက္ရာထူးတက္မည္။ ေျမ ေရာင္း/ဝယ္ျဖစ္မည္။ အခ်စ္ေရးအတြက္ သံသယေၾကာင့္ အဆင္မေျပျဖစ္ရာမွ သူငယ္ခ်င္းမ်ားေၾကာင့္ ျပန္အဆင္ေျပမည္။ အိမ္ေထာင္ေရးမွာလည္း အဆင္မေျပျဖစ္ၿပီး ေနာက္ျပန္ေပါင္းရမည္။ က်န္းမာေရးအတြက္ဝမ္းဗိုက္၊ အစာအိမ္၊ ေလနာဂရုစိုက္ပါ။ ပညာေရးသမားမ်ား ကံေကာင္းပါသည္။ ဝန္ထမ္းမ်ား အေျပာင္းအေရႊ႕ရိွသည္။

အက်ိဳးေပးဂဏန္း- ၅၊ ၀၊ ၇
ယၾတာ - ၾကာသပေတးနံနက္တြင္ ကေလးမ်ားကို မုန္႔ေကၽြးပါ။

ေသာၾကာ

ေသာၾကာသားသမီးမ်ား ယခုတစ္ပတ္သည္ ကံေကာင္းေသာအခ်ိန္ကိုေရာက္ပါၿပီ။ သင္လုပ္ခဲ့ေသာအလုပ္ သင္ေဆာင္ရြက္ခဲ့ေသာအလုပ္ ေျဖဆိုထားေသာစာေမးပြဲတို႔၏ ရလဒ္ေကာင္းမ်ား၊အသီးအပြင့္တို႔ေအာင္ျမင္ခ်ိန္ျဖစ္သည္။ ယခုတစ္ပတ္အတြင္း အားစိုက္လိုက္ပါက ဘဝတိုးတက္မႈအတြက္ အခြင့္လမ္းေကာင္းတစ္ခု ပိုင္ပိုင္ႏိုင္ႏိုင္ ရသြားလိမ့္မည္။ က်န္းမာေရးအေနႏွင့္ အစားမွားတတ္သည္။ မေတာ္တဆ ထိခိုက္မိလိမ့္မည္။ သတိထားပါ။ ေဆးရံု၊ေဆးခန္းေရာက္ရတတ္သည္။ အခ်စ္ေရးအတြက္ ခ်စ္သူ ၂ ဦးထားမိၿပီး ဗ်ာမ်ားရလိမ့္မည္။ အိမ္ေထာင္ေရးသာယာမႈျဖစ္မည္။ ေငြစုလိုက္ ၿပံဳလိုက္ဝင္မည္။ မေရာက္ဖူးေသာခရီး မသြားဖူးေသာေနရာ ေရာက္မည္။ ပညာေရးသမားမ်ား ကံေကာင္းသည္။ လက္နက္ကိုင္ဝန္ထမ္းမ်ား သတိရိွပါ။

အက်ိဳးေပးဂဏန္း ၆၊ ၈၊ ၁
ယၾတာ - ေသာၾကာနံနက္တြင္ အလွဴတစ္ခု မိမိရရလုပ္ပါ။

စေန

ယခုတစ္ပတ္အတြက္ စေနသားသမီးတို႔ ရည္ရြယ္ခ်က္မ်ားအတိုင္း ေျဖးေျဖးမွန္မွန္အေကာင္အထည္ေဖာ္ပါ။ မနာလိုသူမ်ားေနမည္။ မိမိလုပ္ကိုင္ေသာ လုပ္ငန္းအတြက္ စုၿပံဳၿပီးမလုပ္ပါႏွင့္၊တခုၿပီမွ တခု ေသခ်ာစဥ္စားခ်င့္ခ်ိန္ၿပီးလုပ္ပါ၊ စက္သံုးဆီလုပ္ငန္းမ်ားေအာင္ျမင္မႈျမန္ဆန္မည္။ စကားေျပာ အထူးဆင္ျခင္ပါ။ စကားေၾကာင့္ ရန္ျဖစ္မည္။ တရားရံုးေရာက္ရကိန္းရွိသည္။ စီးပြားေရးလုပ္ငန္းတစ္ဆင့္တက္၍ ေအာင္ျမင္မည္။ ကုမၸဏီဝန္ထမ္းမ်ားအလုပ္အကိုင္ရာထူးတက္မည္။ ရွယ္ယာ၊ဘဏ္ေခ်းေငြလုပ္ငန္း မ်ားေအာင္ျမင္မႈရမည္။ က်န္းမာေရးအတြက္ မေတာ္တဆျဖစ္ျခင္းရိွသည္။ ေျခေထာက္ထြင္ ဒဏ္ရာရတတ္သည္။ အခ်စ္ေရးမွာ ကြဲၿပီးမွ ျပန္ခ်စ္မည္။ အိမ္ေထာင္သည္မ်ား ခြဲေနရမည္။ ခရီးမ်ားမည္။ ပညာေရးသမားမ်ား စာေမးပြဲမ်ား ေအာင္ျမင္မည္။ ဝန္ထမ္းမ်ား ထက္ေအာက္ကိစၥမ်ား ႐ႈပ္ေထြးေနမည္။

အက်ိဳးေပးဂဏန္း - ၇၊ ၀၊ ၉
ယၾတာ - ႏွင္းဆီနီနီ (၇) ပြင့္ကို စေန႔ေဒါင့္ဘုရားတြင္ ကပ္လွဴ၍ လိုရာဆုေတာင္းပါ။

Credit: ဆရာကကၤသူ (႐ိုးရာေလး)

# Unicode Version ျဖင့္ ဖတ္ပါ #

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများတွင် စိတ်လိုက်မာန်ပါ ပြောမိ၊ လုပ်မိတတ်ခြင်းကြောင့် စီးပွားမိတ်ပျက်တတ်သည်။ အထူးသတိထားပါ။ အလုပ်မှနုတ်ထွက်ရခြင်းမျိုးဖြစ်တတ်သည်။ လုပ်ဖော်ကိုင်ဖက် ငယ်သူငယ်ချင်းတို့နှင့် မသင့်မတင့်ဖြစ်တတ်သည်။ စီးပွားရေးအတွက် ယခုအချိန်သည် စွန့်စားမှုများပြုလုပ်ရန် မသင့်သေးပါ။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်ရောဂါသည်များ သတိထားရမည့်အချိန်ဖြစ်သည်။ အစားမှားတတ်သည်။ အချစ်ရေးမှာ လက်ထပ်ရန် စီစဉ်ပါက သဘောထားမတိုက်ဆိုင်မှု၊နှစ်ဘက်မိဘတို့၏ သဘောထားဖောက်ပြန်မှုများဖြစ်ပြီး ရက်ရွေ့ဆိုင်းရတတ်သည်။ အထူးဂရုစိုက်ပါ။ အိမ်ထောင်သည်များ ဝတ္တရားပျက်ကွယ်တတ်သည်။ စပ်တူရှယ်ယာများ အထူးဆင်ခြင်ပါ။ ပညာရေးသမားများ တွက်စာကို ဦးစားပေးလုပ်ဆောင်သင့်သည်။ ဝန်ထမ်းများ အလုပ်တွင် လွန်စွာအလုပ်များနေရလိမ့်မည်။

အကျိူးပေးဂဏန်း - ၇၊ ၆၊ ၉
ယတြာ - အသက်ကြီးသော အဘိုးအဘွားများကို ဆေးပစ္စည်းများလှူပေးပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် စွန့်စားရသောခရီး၊ စမ်းသပ်ရသောအလုပ်၊ ကျောက်မျက်ရတနာသတ္တုလုပ်ငန်းတို့ဖြင့် အဆင်ပြေနေမည်။ စီးပွားရေးအနေနှင့် သတိထားရမည်မှာ ပြည်ပနှင့်ဆက်သွယ်သော စီးပွားရေးသာဖြစ်သည်။ ငွေကြေးကိစ္စ တာဝန်ခံခြင်း၊အာမခံခြင်းအတွက် တစ်ပါးသူက အထင်အမြင်လွဲမှားမှုဖြစ်လာလိမ့်မည်။ ကျန်းမာရေးအတွက် အဆုတ်ရောဂါနှင့် မျက်လုံးရောဂါသမားများ သတိထားပါ။ ယခုတစ်ပတ်အတွင်း နေရာသစ်၊ ဒေသသစ်တို့ရောက်ရှိလာမည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာများ စိတ်တိုင်းမကျမှုများဖြစ်မည်။ ပညာရေးမှာ အပြောင်းအလဲတစ်ခုဖြစ်လိမ့်မည်။ စာကိုသာသေချာလုပ်ပါ။ ငွေကြေးကိစ္စအတွက် ရုံးရောက်ရတတ်သည်။ လူယုံမထားသင့်ပါ။ ဝန်ထမ်းများ လက်အောက်ငယ်သားကြောင့် စိတ်သောကရောက်ရမည်။

အကျိုးပေးဂဏန်း ၂၊ ၄၊ ၅
ယတြာ - တနင်္လာနေ့တွင် ကံကော်ညွှန့်များကို အိမ်ဘုရားတွင် လှူပေးပါ။

အင်္ဂါ

ဒီတစ်ပတ်မှာ အဂါၤသားသမီးတို့၏ကံကြမ္မာက စီးပွားရေးကိစ္စတစ်ခု(သို့) ငွေကြေးကိစ္စတစ်ခုအတွက် စိုးရိမ်မှုကြောက်ရွံ့မှုများဖြစ်ပေါ်နေတတ်သည်။ အထူးသဖြင့် တောင်သူလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆောက်က်လုပ်ရေးလုပ်ငန်းလုပ်သူတွေ ပိုကြပ်တည်းပါမည်။ ကျန်းမာရေးအနေဖြင့် ခါးနာတဲ့ဝေဒနာသည် ဆေးခန်းပြရသည်မှ အခြေအနေကနေ ခွဲစိတ်ရတဲ့အထိ ဖြစ်တတ်ခြင်းကြောင့် အထူးသတိပြုသင့်သည်။ အမွေကိစ္စဖြစ်နိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ချစ်သူနှင့် ခရီးဝေးတစ်ခုသွားရလိမ့်မည်၊ သတိထားပြီး စည်းရှိရန်လိုပါသည်၊ မဆင်ခြင်ပါက ပြ၁သနာတက်လိမ့်မည်။ အိမ်ထောင်သည်များ ပြည်ပက သတင်းကောင်းကြားရပါမည်။ ပညာရေးသမားများ သင်တန်းပြီး၍ မကြာမီပင် အလုပ်ခန့်စာရပါမည်( သို့မဟုတ်) ရာထူးတက်ကြောင်းကြားရမည်။ ဝန်ထမ်းများ ရန်ရှိသဖြင့် စကားဆင်ခြင်ပြောပါ။

အကျိုးပေးဂဏန်း ၃၊ ၅၊ ၈
ယတြာ - အဂါၤနံနက်တွင် ရဟန်းတော်တစ်ပါးအား ငွေလှူးဒန်းပါ။

ဗုဒ္ဓဟူး

ယခုတစ်ပတ်တွင် ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် ဝမ်းသာစရာလုပ်ငန်းအောင်မြင်ခြင်းများ စိတ်ချမ်းသာစရာများ မုချကြုံတွေ့တော့မည်။ ပြည်တွင်းခရီးဝေး၊ ပြည်ပခရီးဝေးများသွားရန်အတွက် ပြင်ဆင်ထားပါ။ လုပ်ငန်းကိုအကြောင်းပြုပြီး သွားရမည်။ သွားသောခရီးများအောင်မြင်မည်။ အလုပ်အကိုင်နှင့် ပညာရေးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။ ကျန်းမာရေးအနေနှင့် အစာအိမ်၊ သားအိမ်ကိစ္စများ သတိပြုပါ။ အချစ်ရေးကိစ္စများ ဆင်ခြင်ပါ၊ အတုအယောင်အချစ်များကြုံရတတ်သည်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍ စိတ်ဝမ်းကွဲရန်ကြုံရပါမည်။ သို့မဟုတ် တစ်နေရာစီ ခွဲနေရတတ်သည်။ စက်၊ ယာဉ်၊ ကျောက်မျက်ရတနာတို့ဝင်မည်။ ပြည်ပမှလက်ဆောင်များရမည်။ ပညာရေးအနေဖြင့်ကြိုးစားမှုများမှ အောင်မြင်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ဝန်ထမ်းများ ငွေဝင်ကောင်းမည်။ ငွေထွက်ကြမ်းမည်။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးသတိပြုပါ၊ သွေးထွက်ရတတ်သည်။ ရန်မဖြစ်ပါနှင့်၊ စီးပွားရေးတွင်ဉာဏ်များသူနှင့်တွေ့ပြီး ငွေကုန်လိမ့်မည်။ အချစ်ရေးကောင်းပါသည်။ ကားဝယ်ခြင်းသတိပြုပါ။

အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
ယတြာ - ငှက်စာကျွေးပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်တွင် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များ ရည်မှန်းချက်များ စတင်အကောင်အထည်ဖော်ရမည့်အချိန်ဖြစ်သည်။ အောင်မြင်မည်။ ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် ပို၍အောင်မြင်မည်။ မရောက်ဖူးသောပြည်ပခရီးရောက်မည်။ ကုမ္ပဏီဝန်ထမ်းများအတွက်ရာထူးတက်မည်။ မြေ ရောင်း/ဝယ်ဖြစ်မည်။ အချစ်ရေးအတွက် သံသယကြောင့် အဆင်မပြေဖြစ်ရာမှ သူငယ်ချင်းများကြောင့် ပြန်အဆင်ပြေမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်ပြီး နောက်ပြန်ပေါင်းရမည်။ ကျန်းမာရေးအတွက်ဝမ်းဗိုက်၊ အစာအိမ်၊ လေနာဂရုစိုက်ပါ။ ပညာရေးသမားများ ကံကောင်းပါသည်။ ဝန်ထမ်းများ အပြောင်းအရွှေ့ရှိသည်။

အကျိုးပေးဂဏန်း- ၅၊ ဝ၊ ၇
ယတြာ - ကြာသပတေးနံနက်တွင် ကလေးများကို မုန့်ကျွေးပါ။

သောကြာ

သောကြာသားသမီးများ ယခုတစ်ပတ်သည် ကံကောင်းသောအချိန်ကိုရောက်ပါပြီ။ သင်လုပ်ခဲ့သောအလုပ် သင်ဆောင်ရွက်ခဲ့သောအလုပ် ဖြေဆိုထားသောစာမေးပွဲတို့၏ ရလဒ်ကောင်းများ၊အသီးအပွင့်တို့အောင်မြင်ချိန်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း အားစိုက်လိုက်ပါက ဘဝတိုးတက်မှုအတွက် အခွင့်လမ်းကောင်းတစ်ခု ပိုင်ပိုင်နိုင်နိုင် ရသွားလိမ့်မည်။ ကျန်းမာရေးအနေနှင့် အစားမှားတတ်သည်။ မတော်တဆ ထိခိုက်မိလိမ့်မည်။ သတိထားပါ။ ဆေးရုံ၊ဆေးခန်းရောက်ရတတ်သည်။ အချစ်ရေးအတွက် ချစ်သူ ၂ ဦးထားမိပြီး ဗျာများရလိမ့်မည်။ အိမ်ထောင်ရေးသာယာမှုဖြစ်မည်။ ငွေစုလိုက် ပြုံလိုက်ဝင်မည်။ မရောက်ဖူးသောခရီး မသွားဖူးသောနေရာ ရောက်မည်။ ပညာရေးသမားများ ကံကောင်းသည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါ။

အကျိုးပေးဂဏန်း ၆၊ ၈၊ ၁
ယတြာ - သောကြာနံနက်တွင် အလှူတစ်ခု မိမိရရလုပ်ပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့ ရည်ရွယ်ချက်များအတိုင်း ဖြေးဖြေးမှန်မှန်အကောင်အထည်ဖော်ပါ။ မနာလိုသူများနေမည်။ မိမိလုပ်ကိုင်သော လုပ်ငန်းအတွက် စုပြုံပြီးမလုပ်ပါနှင့်၊တခုပြီမှ တခု သေချာစဉ်စားချင့်ချိန်ပြီးလုပ်ပါ၊ စက်သုံးဆီလုပ်ငန်းများအောင်မြင်မှုမြန်ဆန်မည်။ စကားပြော အထူးဆင်ခြင်ပါ။ စကားကြောင့် ရန်ဖြစ်မည်။ တရားရုံးရောက်ရကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းတစ်ဆင့်တက်၍ အောင်မြင်မည်။ ကုမ္ပဏီဝန်ထမ်းများအလုပ်အကိုင်ရာထူးတက်မည်။ ရှယ်ယာ၊ဘဏ်ချေးငွေလုပ်ငန်း များအောင်မြင်မှုရမည်။ ကျန်းမာရေးအတွက် မတော်တဆဖြစ်ခြင်းရှိသည်။ ခြေထောက်ထွင် ဒဏ်ရာရတတ်သည်။ အချစ်ရေးမှာ ကွဲပြီးမှ ပြန်ချစ်မည်။ အိမ်ထောင်သည်များ ခွဲနေရမည်။ ခရီးများမည်။ ပညာရေးသမားများ စာမေးပွဲများ အောင်မြင်မည်။ ဝန်ထမ်းများ ထက်အောက်ကိစ္စများ ရှုပ်ထွေးနေမည်။

အကျိုးပေးဂဏန်း - ၇၊ ဝ၊ ၉
ယတြာ - နှင်းဆီနီနီ (၇) ပွင့်ကို စနေ့ဒေါင့်ဘုရားတွင် ကပ်လှူ၍ လိုရာဆုတောင်းပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top