iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်ကြီးရေ အားလုံးက ချစ်ကြတဲ့ အိန္ဒြာကျော်ဇင်တစ်ယောက် ကတော့ မိခင်တစ်ယောက်အဖြစ်လည်း အရမ်းတာဝန်ကျေတဲ့သူတစ်ယောက်ပါနော် ။ အခုတစ်ခေါက်မှာလည်း အူဝဲတစ်ယောက်ကတော့ နေမကောင်းဖြစ်နေတာကိုတောင် သူ့ရဲ့ ကလေးတွေအတွက် ရတက်မအေးဖြစ်နေရပါသတဲ့ ။

အူဝဲတစ်ယောက် သူကရဲ့ စိတ်ပူမှုတွေကိုလူမှုကွန်ရက်ပေါ်ကနေအခုလိုချပြလာပါတယ်။ “ကားရိုက်နေကတည်းကနှာတွေအရမ်းစေးပြီးနေမကောင်းဖြစ်ချင်နေတာလေ…ဇာတ်ဝင်ခန်းထဲမှာ dialogues တွေပြောရင်တောင် နှာသံကြီးပေါက်လို့….နားလို့လဲမရတော့ဆေးတွေသောက်ပြီးရိုက်နေရတာ…ခု ကားပြီးသွားပြီဆိုတော့လွတ်လွတ်လပ်လပ်နေမကောင်းလို့ရသွားတာပေါ့…ကလေးတွေကူးမှာစိုးလို့ နေ့နေ့ညညဒီ maskကိုမချွတ်ရဲဘူး” လို့ အူဝဲရေးသားထားတာကိုတွေ့ရပါတယ်။

အူဝဲက ပရိသတ်တွေကိုလည်း “ဒီရာသီက နှာစေးချောင်းဆိုး နေမကောင်းတွေတော်တော်ဖြစ်နေကြတယ်ဆိုတော့ အားလုံးလဲကျန်းမာရေးဂရုစိုက်ကြပါလို့…”ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးရေ အူဝဲအတွက် ဆုတောင်းပေးလိုက်ပါဦးနော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top