iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစတဲ့ ဇာတ္ပို႔သရုပ္ေဆာင္ ကင္းေကာင္ကေတာ့ သူက်ရာဇာတ္ရုပ္အတိုင္း အေကာင္းဆံုး သရုပ္ေဆာင္ရင္း ပရိသတ္အတြက္ အႏုပညာအတြက္ ေပးဆပ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ဝါရင့္သရုပ္ေဆာင္ၾကီး ကင္းေကာင္ကေတာ့ ဒီကေန႔ ဇန္နဝါရီလ ၂၂ရက္ မနက္၇နာရီခန္႕မွာ ရုပ္ရွင္ရိုက္ကူးေနရင္း ရုတ္တရက္ ကြယ္လြန္သြားခဲ့တာေၾကာင့္ ခ်စ္ခင္ရတဲ့ မိတ္ေဆြေတြေရာ ပရိသတ္ေတြအားလံုးကပါ မိသားစုနဲ႔ထပ္တူ ဝမ္းနည္းေၾကကြဲခဲ့ရတာပဲ ျဖစ္ပါတယ္။


ဦးကင္းေကာင္နဲ႔ အရမ္းခင္ၾကတဲ့ သူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ လြင္မိုးကေတာ့ ဒီကေန႔ ေရေဝးသုႆန္မွာ မီးသျဂိဳလ္ခဲ့တဲ့ ဦးကင္းေကာင္ရဲ႕ေနာက္ဆံုးခရီးမွာ ေၾကကြဲဖြယ္ နႈတ္ဆက္စကားတစ္ခြန္း ေျပာခဲ့တာ ေတြ႔ရပါတယ္။လြင္မိုးကေတာ့ ဦးကင္းရဲ႕ေနာက္ဆံုးခရီးကို လိုက္လံပို႔ေဆာင္ရင္း ဦးကင္းထြက္ခြာသြားတဲ့ မီးခိုးေခါင္းတိုင္ေလးကို ေၾကကြဲစြာၾကည့္ရင္း “ကင္းေရ သြားနွင့္ေတာ့” ဆိုျပီး နႈတ္ဆက္ထားတာပဲ ျဖစ္ပါတယ္။


ဟိုးလြန္ခဲ့တဲ့ နွစ္ေတြကတည္းက သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္ေတြကို အပန္းေျဖေပ်ာ္ရႊင္ေစခဲ့တဲ့ ဦးကင္းေကာင္တို႔အဖြဲ႔သားေတြကေတာ့ အရမ္းကို အတြဲညီခဲ့တာပါ။ ပရိသတ္ေတြကို အရမ္းခ်စ္တဲ့ သရုပ္ေဆာင္ ကင္းေကာင္ကေတာ့ သူခ်စ္ရတဲ့ မိသားစုနဲ႔ ပရိသတ္ေတြကိုခြဲျပီး ဘဝတစ္ပါးသို႔ ေျပာင္းသြားခဲ့ပါျပီ။ခ်စ္ပရိသတ္ေတြလည္း စိတ္ထားအရမ္းေကာင္းတဲ့ အႏုပညာရွင္ဦး ဦးကင္းေကာင္တစ္ေယာက္ ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ဆောင် ကင်းကောင်ကတော့ သူကျရာဇာတ်ရုပ်အတိုင်း အကောင်းဆုံး သရုပ်ဆောင်ရင်း ပရိသတ်အတွက် အနုပညာအတွက် ပေးဆပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး ကင်းကောင်ကတော့ ဒီကနေ့ ဇန်နဝါရီလ ၂၂ရက် မနက်၇နာရီခန့်မှာ ရုပ်ရှင်ရိုက်ကူးနေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် ချစ်ခင်ရတဲ့ မိတ်ဆွေတွေရော ပရိသတ်တွေအားလုံးကပါ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။

ဦးကင်းကောင်နဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လွင်မိုးကတော့ ဒီကနေ့ ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့တဲ့ ဦးကင်းကောင်ရဲ့နောက်ဆုံးခရီးမှာ ကြေကွဲဖွယ် နှုတ်ဆက်စကားတစ်ခွန်း ပြောခဲ့တာ တွေ့ရပါတယ်။လွင်မိုးကတော့ ဦးကင်းရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ရင်း ဦးကင်းထွက်ခွာသွားတဲ့ မီးခိုးခေါင်းတိုင်လေးကို ကြေကွဲစွာကြည့်ရင်း “ကင်းရေ သွားနှင့်တော့” ဆိုပြီး နှုတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို အပန်းဖြေပျော်ရွှင်စေခဲ့တဲ့ ဦးကင်းကောင်တို့အဖွဲ့သားတွေကတော့ အရမ်းကို အတွဲညီခဲ့တာပါ။ ပရိသတ်တွေကို အရမ်းချစ်တဲ့ သရုပ်ဆောင် ကင်းကောင်ကတော့ သူချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေကိုခွဲပြီး ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ပါပြီ။ချစ်ပရိသတ်တွေလည်း စိတ်ထားအရမ်းကောင်းတဲ့ အနုပညာရှင်ဦး ဦးကင်းကောင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top