iMyanmarHouse.com - Best Property Website for Myanmar
×


အရမ္းကိုခ်စ္စရာေကာင္းတဲ့ သမီးေခ်ာေလးေတြကို ပိုင္ဆိုင္ထားတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕အိမ္ေဂဟာေလးကေတာ့ အျမဲလိုလို ရယ္ေမာသံေတြနဲ႔ ဆူညံေနရတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ​ေမ​ေမခ်စ္​သု​ေဝက ေက်ာင္းစတက္ေနျပီျဖစ္တဲ့ ေခတ္ေလးနဲ႔ သစ္ေလးတို႔ရဲ႕ခ်စ္စရာဗီဒီယိုေလးကို လူမႈကြန္ယက္ေပၚမွာ ေဝမွ်ေပးထားတာျဖစ္ျပီး ပထမဦးဆံုးအၾကိမ္ သမီးေလးေတြကို ထားခဲ့ရတာမို႔ ငိုမိခဲ့တဲ့အေၾကာင္းကို လူမႈကြန္ယက္ေပၚမွာ ေဝမွ်ေပးထားတာပဲ ျဖစ္ပါတယ္။ အခုမွေက်ာင္းစတက္ၾကတာေပမယ့္လည္း ေခတ္ေလးနဲ႔ သစ္ေလးတို႔ကေတာ့ အရမ္းကို ေပ်ာ္ရႊင္ေနတာပါေနာ္။

ေမေမခ်စ္သုေဝကေတာ့ ” ကိုယ္အတန္းထဲေနခြင့္ရတဲ့ ၃ရက္စလံုး အတန္းပိုင္ဆရာမကို ” ဒီေန႔ ကိုယ္သူတို႔ေလးေတြကိုအတန္းထဲထားခဲ့ရလို႔ ငိုေနခဲ့ရင္ ဖက္ထားေပးပါေနာ္ ” လို႔ေျပာေနခဲ့တာ..ဒီေန႔ေက်ာင္းပို႔ေတာ့ သည္းေလးေတြက ေျဖာင့္ေျဖာင္းတန္းတန္းဝင္သြားၿပီး အတန္းျပင္ သူတို႔ေလးေတြကြယ္ရာမွာ ရွိုက္ႀကီးတငင္ ငိုခ်မိတာ “ကိုယ္”ျဖစ္ေနတယ္..


 အတန္းပိုင္ဆရာမ Ms. Ingridလည္းထြက္လာေရာ ဖက္ထားၿပီးေခ်ာ့ရတာ အေမ့ ကို ျဖစ္ေနေတာ့တာ..Cho Wut Yeeရည္ေလးခင္မ်ာလည္း ကေလးေက်ာင္းပို႔ရင္း အသည္းအသန္ငိုေနတဲ့အစ္မကို စကားေတြေျပာ ေခ်ာ့ အတန္းၿပီးတဲ့ထိအေဖာ္လုပ္ေပး, သမီးေလးေတြအဆင္ေျပရဲ႕လားသြားေခ်ာင္းေပး..(အေမ လာေခ်ာင္းမၾကည့္ရ စည္းကမ္းနဲ႔ ဆိုေတာ့)..ေက်းဇူးပါရည္ေလးရယ္ေနာ္..ျပန္ေတြးေတာ့ ေဩာ္ ငါလည္းေတာ္ အသည္းႏုသကိုး” ဆိုျပီး သမီးေလးေတြကို ပထမဦးဆံုးအၾကိမ္ ေက်ာင္းမွာထားခဲ့ရတဲ့ မိခင္တစ္ဦးရဲ႕ခံစားခ်က္ေတြကို ေရးသားထားတာပါ။

 အိမ္ေထာင္သက္တမ္း ၅နွစ္ေက်ာ္ရွိသြားျပီျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္နွံနွစ္ဦးကေတာ့ တစ္ေန႔တစ္ျခား ပိုပိုတိုးလာတဲ့ သံေယာဇဥ္ေတြနဲ႔ ခ်စ္စရာသမီးေလးေတြနဲ႔အတူ ျပီးျပည့္စံုတဲ့ မိသားစုဘဝေလးကို ဖန္တီးပံုေဖာ္ထားၾကတာပါ။ခ်စ္ပရိသတ္ေတြလည္း ေက်ာင္းစတက္ေနျပီျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕ အျမြာသမီးေလးေတြကိုခ်စ္ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။


Credit: Burmese.asia

#Unicode Version#

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေချစ်သုဝေက ကျောင်းစတက်နေပြီဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာဖြစ်ပြီး ပထမဦးဆုံးအကြိမ် သမီးလေးတွေကို ထားခဲ့ရတာမို့ ငိုမိခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အခုမှကျောင်းစတက်ကြတာပေမယ့်လည်း ခေတ်လေးနဲ့ သစ်လေးတို့ကတော့ အရမ်းကို ပျော်ရွှင်နေတာပါနော်။

မေမေချစ်သုဝေကတော့ ” ကိုယ်အတန်းထဲနေခွင့်ရတဲ့ ၃ရက်စလုံး အတန်းပိုင်ဆရာမကို ” ဒီနေ့ ကိုယ်သူတို့လေးတွေကိုအတန်းထဲထားခဲ့ရလို့ ငိုနေခဲ့ရင် ဖက်ထားပေးပါနော် ” လို့ပြောနေခဲ့တာ..ဒီနေ့ကျောင်းပို့တော့ သည်းလေးတွေက ဖြောင့်ဖြောင်းတန်းတန်းဝင်သွားပြီး အတန်းပြင် သူတို့လေးတွေကွယ်ရာမှာ ရှိုက်ကြီးတငင် ငိုချမိတာ “ကိုယ်”ဖြစ်နေတယ်.. အတန်းပိုင်ဆရာမ Ms. Ingridလည်းထွက်လာရော ဖက်ထားပြီးချော့ရတာ အမေ့ ကို ဖြစ်နေတော့တာ..Cho Wut Yeeရည်လေးခင်မျာလည်း ကလေးကျောင်းပို့ရင်း အသည်းအသန်ငိုနေတဲ့အစ်မကို စကားတွေပြော ချော့ အတန်းပြီးတဲ့ထိအဖော်လုပ်ပေး, သမီးလေးတွေအဆင်ပြေရဲ့လားသွားချောင်းပေး..(အမေ လာချောင်းမကြည့်ရ စည်းကမ်းနဲ့ ဆိုတော့)..ကျေးဇူးပါရည်လေးရယ်နော်..ပြန်တွေးတော့ ေဩာ် ငါလည်းတော် အသည်းနုသကိုး” ဆိုပြီး သမီးလေးတွေကို ပထမဦးဆုံးအကြိမ် ကျောင်းမှာထားခဲ့ရတဲ့ မိခင်တစ်ဦးရဲ့ခံစားချက်တွေကို ရေးသားထားတာပါ။

 အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့ ချစ်စရာသမီးလေးတွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ချစ်ပရိသတ်တွေလည်း ကျောင်းစတက်နေပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွာသမီးလေးတွေကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top