iMyanmarHouse.com - Best Property Website for Myanmar
×


စည္သူပလပ္ကြ်တ္ဟာဆိုရင္ အခုတေလာ Facebook တစ္ခြင္မွာ အဆဲအခံရဆံုးအနုပညာရွင္ေတြထဲမွာတစ္ေယာက္အပါအဝင္ျဖစ္လုိ႔ေနပါတယ္။တရားခံကေတာ့ သူ စြဲျမဲနွစ္ျခိဳက္စြာဝတ္လုိ႔ေနတဲ့ စပိုက္ဒါမန္းဝတ္စံုၾကီးလို႔ပဲဆိုရမွာပါ။ စပုိက္ဒါမန္းဝတ္စံုကအရမ္းၾကပ္လြန္းေတာ့ အေရွ႕အလည္ပုိင္းအဓိကေနရာမွာအျမင္မေတာ္တာေဖာ္ထားသလိုၾကီးျဖစ္ေနတဲ့အတြက္ ပရိသတ္ကုိေစာ္ကားတာဆိုျပီးလူေတာ္ေတာ္မ်ားမ်ားရဲ႕ေဝဖန္မႈကုိခံေနရပါတယ္။ စည္သူပလပ္ကြ်တ္က အဲဒီကိစၥနဲ႔ပတ္သက္ျပီး မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျဖရွင္းထားပါတယ္။

စည္သူပလတ္ကြ်တ္က စပုိက္ဒါမန္းဝတ္စံုဝတ္ျပီးဆိုလိုက္တာ မေမွ်ာ္လင့္ပဲနဲ႔ေပါက္သြားတဲ့အေၾကာင္း “ထူးထူးဆန္းဆန္းေလးျဖစ္ခ်င္လို႔ စပုိက္ဒါမန္းဝတ္စံုေလးဝတ္ျပီးဆိုလိုက္တာ မေမွ်ာ္လင့္ပဲနဲ႔ေပါ့ေနာ္ ေဝဖန္မႈေတြအားေပးမႈေတြ share တာေတြေရာ တစ္သိန္းေက်ာ္သြားတယ္။ လန္႔သြားတာပဲ”လို႔ ေျပာျပသြားပါတယ္။


အဲဒီဝတ္စံုနဲ႔ပတ္သက္ျပီး ဝိုင္းဆဲေနၾကတဲ့လူေတြအေပၚ စည္သူပလပ္ကြ်တ္က “ကြ်န္ေတာ္က ရင္ထဲမွာ ဘာမွမရွိပါဘူး။ ရင္ထဲမွာအျဖဴေလးပါ။ တစ္ခါဆဲရင္တစ္ခါအားရွိသလိုပဲ။ ဒီနုိိင္ငံက မဟုတ္တာလုပ္ရင္ ဆဲတာေတြမ်ားတယ္။ View ေတြမ်ားတယ္။ ဆဲတယ္ share တယ္ ဆဲတယ္ share တယ္။ အဲ့ေတာ့ ဆဲတာေတာ့ဘာမွမျဖစ္ပါဘူး။ ကြ်န္ေတာ့္ရင္ထဲမွာ”လို႔ ေျဖၾကားသြားပါတယ္။

ရုပ္ရွင္ေလာကထဲက သရုပ္ေဆာင္တစ္ဦးရဲ႕အေၾကာင္းကုိလည္း စည္သူပလပ္ကြ်တ္က “ကြ်န္ေတာ္ ရုပ္ရွင္ေလာကထဲမွာ ရႈတင္တစ္ခုမွာေတြ႕တယ္။ အဲဒီေကာင္လာတယ္။ ဖုန္းပြတ္ေနတာ။ကြ်န္ေတာ္ေနာက္ကေနၾကည့္ေနတာ။ သူ႔မွာ account ေတြအမ်ားၾကီးပဲ။ ရုပ္ရွင္ေလာကထဲမွာ။ သူက သူမၾကိဳက္တဲ့လူေတြကုိဝင္ဆဲတာ။အဲဒီအေကာင့္ေတြနဲ႔။အဲ့လိုပံုစံမ်ိဳး။ အဲဒါေတြက်ေတာ့ လက္မခံခ်င္ဘူးဗ်။ သက္သက္ကုိ Facebook ေတြအလကားဖြင့္ျပီးေတာ့ လာလာဆဲေနတာ”လို႔ရင္ဖြင့္ထားပါတယ္။


စည္သူပလတ္ကြ်တ္က သူ႔ရဲ႕ ဝတ္စံုက မေတာ္တေရာ္ျပထားသလိုျဖစ္ေနတာကုိလည္း “ကြ်န္ေတာ္ေတာင္းပန္ပါတယ္ဗ်။အားလံုးကုိေတာင္းပန္ပါတယ္။ အဲဒီဝတ္စံုက ဘယ္သူမဆုိဝတ္လုိက္ရင္အဲ့လိုပဲျဖစ္လာမွာပါ။ ပထမတစ္ပြဲတုန္းကေတာ့ ထားလိုက္ေတာ့ ကြ်န္ေတာ္ေသခ်ာမၾကည့္လိုက္မိလို႔။ ဒီဥစၥာၾကီးက ဟုိလိုျဖစ္ဖို႔အတြက္ကို အထပ္ထပ္အခါခါလုပ္ရေတာ့မွာ။ ကြ်န္ေတာ္တို႔နုိင္ငံရာသီဥတုနဲ႔မကုိက္ဘူးဗ်။ အဲဒီဝတ္စံုဝတ္ထားတာေတာင္မွေတာ္ေတာ္ပူအိုက္ေနျပီ။ ကြ်န္ေတာ္ ေဘာင္းဘီတစ္ထည္ေလာက္ပဲ ေအာက္ခံခံျပီးဝတ္လိုက္တဲ့အခ်ိန္မွာ အဲဒီလိုအျမင္မေတာ္တာေလးျဖစ္သြားပါတယ္ဗ်”လုိ႔ ရွင္းျပထားပါတယ္။

ေျပာခ်င္လြန္းလို႔႔ပရိသတ္ၾကီးေရာ စည္သူပလပ္ကြ်တ္ရဲ႕မေတာ္တေရာ္ပံုၾကီးကုိျမင္လုိက္ရေသးလား။ စပိုက္ဒါမန္းဝတ္စံုၾကီးနဲ႔စည္သူပလတ္ကြ်တ္ကုိေရာအားေပးၾကလား။ ေနာက္ထပ္ အျခားဟီးရိုုးဝတ္စံုေတြထပ္ဝတ္လာရင္ေရာ အားေပးၾကဦးမွာလားး။ေျပာခဲ့ၾကဦးေနာ္။

Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

စည်သူပလပ်ကျွတ်ဟာဆိုရင် အခုတလော Facebook တစ်ခွင်မှာ အဆဲအခံရဆုံးအနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်လို့နေပါတယ်။တရားခံကတော့ သူ စွဲမြဲနှစ်ခြိုက်စွာဝတ်လို့နေတဲ့ စပိုက်ဒါမန်းဝတ်စုံကြီးလို့ပဲဆိုရမှာပါ။ စပိုက်ဒါမန်းဝတ်စုံကအရမ်းကြပ်လွန်းတော့ အရှေ့အလည်ပိုင်းအဓိကနေရာမှာအမြင်မတော်တာဖော်ထားသလိုကြီးဖြစ်နေတဲ့အတွက် ပရိသတ်ကိုစော်ကားတာဆိုပြီးလူတော်တော်များများရဲ့ဝေဖန်မှုကိုခံနေရပါတယ်။ စည်သူပလပ်ကျွတ်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေရှင်းထားပါတယ်။

စည်သူပလတ်ကျွတ်က စပိုက်ဒါမန်းဝတ်စုံဝတ်ပြီးဆိုလိုက်တာ မမျှော်လင့်ပဲနဲ့ပေါက်သွားတဲ့အကြောင်း “ထူးထူးဆန်းဆန်းလေးဖြစ်ချင်လို့ စပိုက်ဒါမန်းဝတ်စုံလေးဝတ်ပြီးဆိုလိုက်တာ မမျှော်လင့်ပဲနဲ့ပေါ့နော် ဝေဖန်မှုတွေအားပေးမှုတွေ share တာတွေရော တစ်သိန်းကျော်သွားတယ်။ လန့်သွားတာပဲ”လို့ ပြောပြသွားပါတယ်။

အဲဒီဝတ်စုံနဲ့ပတ်သက်ပြီး ဝိုင်းဆဲနေကြတဲ့လူတွေအပေါ် စည်သူပလပ်ကျွတ်က “ကျွန်တော်က ရင်ထဲမှာ ဘာမှမရှိပါဘူး။ ရင်ထဲမှာအဖြူလေးပါ။ တစ်ခါဆဲရင်တစ်ခါအားရှိသလိုပဲ။ ဒီနိုင်ငံက မဟုတ်တာလုပ်ရင် ဆဲတာတွေများတယ်။ View တွေများတယ်။ ဆဲတယ် share တယ် ဆဲတယ် share တယ်။ အဲ့တော့ ဆဲတာတော့ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ရင်ထဲမှာ”လို့ ဖြေကြားသွားပါတယ်။

ရုပ်ရှင်လောကထဲက သရုပ်ဆောင်တစ်ဦးရဲ့အကြောင်းကိုလည်း စည်သူပလပ်ကျွတ်က “ကျွန်တော် ရုပ်ရှင်လောကထဲမှာ ရှုတင်တစ်ခုမှာတွေ့တယ်။ အဲဒီကောင်လာတယ်။ ဖုန်းပွတ်နေတာ။ကျွန်တော်နောက်ကနေကြည့်နေတာ။ သူ့မှာ account တွေအများကြီးပဲ။ ရုပ်ရှင်လောကထဲမှာ။ သူက သူမကြိုက်တဲ့လူတွေကိုဝင်ဆဲတာ။အဲဒီအကောင့်တွေနဲ့။အဲ့လိုပုံစံမျိုး။ အဲဒါတွေကျတော့ လက်မခံချင်ဘူးဗျ။ သက်သက်ကို Facebook တွေအလကားဖွင့်ပြီးတော့ လာလာဆဲနေတာ”လို့ရင်ဖွင့်ထားပါတယ်။

စည်သူပလတ်ကျွတ်က သူ့ရဲ့ ဝတ်စုံက မတော်တရော်ပြထားသလိုဖြစ်နေတာကိုလည်း “ကျွန်တော်တောင်းပန်ပါတယ်ဗျ။အားလုံးကိုတောင်းပန်ပါတယ်။ အဲဒီဝတ်စုံက ဘယ်သူမဆိုဝတ်လိုက်ရင်အဲ့လိုပဲဖြစ်လာမှာပါ။ ပထမတစ်ပွဲတုန်းကတော့ ထားလိုက်တော့ ကျွန်တော်သေချာမကြည့်လိုက်မိလို့။ ဒီဥစ္စာကြီးက ဟိုလိုဖြစ်ဖို့အတွက်ကို အထပ်ထပ်အခါခါလုပ်ရတော့မှာ။ ကျွန်တော်တို့နိုင်ငံရာသီဥတုနဲ့မကိုက်ဘူးဗျ။ အဲဒီဝတ်စုံဝတ်ထားတာတောင်မှတော်တော်ပူအိုက်နေပြီ။ ကျွန်တော် ဘောင်းဘီတစ်ထည်လောက်ပဲ အောက်ခံခံပြီးဝတ်လိုက်တဲ့အချိန်မှာ အဲဒီလိုအမြင်မတော်တာလေးဖြစ်သွားပါတယ်ဗျ”လို့ ရှင်းပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စည်သူပလပ်ကျွတ်ရဲ့မတော်တရော်ပုံကြီးကိုမြင်လိုက်ရသေးလား။ စပိုက်ဒါမန်းဝတ်စုံကြီးနဲ့စည်သူပလတ်ကျွတ်ကိုရောအားပေးကြလား။ နောက်ထပ် အခြားဟီးရိုးဝတ်စုံတွေထပ်ဝတ်လာရင်ရော အားပေးကြဦးမှာလားး။ပြောခဲ့ကြဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top