iMyanmarHouse.com - Best Property Website for Myanmar
×


လူတိုင္းကေတာ့ အနားမွာ အရိပ္တၾကည့္ၾကည့္ ဂရုစိုက္ေပးႏုိင္တဲ့ ခ်စ္သူကို လိုခ်င္ၾကမွာပါပဲ။ ဒါေပမယ့္ တစ္နယ္စီျခားေနၾကတဲ့ ခ်စ္သူစံုတြဲေတြလည္း အမ်ားႀကီးရွိေနပါတယ္။ အခ်စ္ဆိုတာ ေမတၱာတရား၊ နားလည္မႈ၊ ယံုၾကည္မႈေတြနဲ႔ တည္ေဆာက္ထားတာျဖစ္တဲ့အတြက္ အေနေဝးေနတဲ့ ခ်စ္သူေတြလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ႏွလံုးသားခ်င္းနီးစပ္ေနရင္ ေရရွည္ခိုင္ၿမဲတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ႏုိင္မွာပါ။ ဒါေပမယ့္ Long Distance Relationship (LDRS) လို႔ေခၚတဲ့ အေနေဝးတဲ့ ခ်စ္သူစံုတြဲေတြ အေနနဲ႔ ရင္ဆိုင္ရမယ့္ အခက္ အခဲေတြက မလြယ္လွပါဘူး။

 တစ္ေယာက္နဲ႔ တစ္ေယာက္ အေနေဝးေနတာေၾကာင့္ ေသြးေအးသြားၾကမလား၊ သစၥာရွိရဲ႕ လား၊ နားလည္မႈကို ဘယ္လိုတည္ေဆာက္ရမလဲ ဆိုတဲ့အေပၚ ဗ်ာမ်ားေနရတဲ့ အျဖစ္မ်ိဳးပါ။ ေန႔စဥ္ ေတြ႔ျမင္ထိေတြ႔ေနရတာမ်ိဳး မဟုတ္ေတာ့ အခ်ိန္ၾကာလာတဲ့အခါ ေသြးေအးသြားတာမ်ိဳး ေတြလည္း ရွိတတ္ၾကပါတယ္။ LDRS ေတြအေနနဲ႔ ခုိင္ၿမဲတဲ့အခ်စ္ေရးကို တည္ေဆာက္လိုတဲ့အခါ တစ္ဦးအေပၚ တစ္ဦး သစၥာရွိမႈ၊ နားလည္မႈနဲ႔ အတူ အေနေဝးၿပီး ေသြးမေအးေစဖို႔ အတြက္ အခုေဖာ္ျပေပးမယ့္ အခ်က္ေလး ေတြကို လိုက္နာဖို႔ေတာ့ လိုပါမယ္။


(၁) Video Call ေခၚပါ

ေန႔စဥ္ေန႔တုိင္း video call နဲ႔ စကားေျပာမယ့္ အခ်ိန္ကို အတိအက်သတ္မွတ္ထားပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္ႏွာျမင္ေနရေတာ့ သူဒီေန႔ ဘာျဖစ္ေနတယ္၊ ဘယ္လိုခံစားေနရတယ္ ဆုိတာကို အလြယ္တကူ ဖတ္ၾကည့္ႏိုင္ၿပီး အလြမ္းေျပေစတာေပါ့။ video call ေခၚၿပီးေတာ့ သီခ်င္းဆိုျပတာ၊ အရင္က ေပ်ာ္စရာေကာင္းခဲ့တဲ့ အမွတ္တရေတြကို အျပန္အလွန္ေျပာၾကတာမ်ိဳး ၾကည္ႏူးစရာေလးေတြ ဖန္တီးႏုိင္ပါတယ္။

(၂) ပြင့္လင္းမႈရွိပါေစ

သင့္စိတ္ထဲက မတင္မက်ျဖစ္ေနတဲ့ ကိစၥေတြကို ပြင့္ပြင့္လင္းလင္းေဆြးေႏြး တိုင္ပင္ေျပာဆိုပါ။ ျပႆနာတစ္ခုခုျဖစ္လို႔ ဒီတိုင္းေက်ာ္သြားမယ့္ အစား ကိုယ္လုိခ်င္တဲ့ ေျဖရွင္းခ်က္ကို ရတဲ့ထိ ပြင့္ပြင့္လင္းလင္း ေျပာျပဖုိ႔ ေတာင္းဆိုပါ။ တခါတရံမွာ negative ဆန္တဲ့ သံသယဝင္စရာ ေမးခြန္းေတြကို ေမးတဲ့အခါမွာလည္း အျပစ္တင္တဲ့သေဘာမ်ိဳးမျဖစ္ေစဖို႔ ေသခ်ာအခ်ိန္ယူစဥ္းစားၿပီးမွ ေမးျမန္းသင့္ပါတယ္။

(၃) ေလးနက္တဲ့စကားလံုးေတြကိုသာေျပာပါ

ဖုန္းေျပာရင္ပဲျဖစ္ျဖစ္၊ မက္ေဆ့ခ်္နဲ႔ စာပို႔ရင္ပဲျဖစ္ျဖစ္၊ ေလးနက္တဲ့ စကားလံုးေတြကိုသာ ေရြးေျပာဖုိ႔ လိုပါတယ္။ အခ်ိန္ေတြ ၾကာရွည္စြာ အေနေဝးၿပီး ျပန္ဆံုတဲ့အခါမွာလည္း ေရွ႕ေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားတဲ့ အစီအစဥ္ေတြကို တိုင္ပင္ေဆြးေႏြးတာမ်ိဳး ျပဳလုပ္ပါ။ ႏွစ္ဦးျပန္လည္ ဆံုေတြ႔ဖုိ႔အတြက္ ႀကိဳးစားေနတဲ့အေၾကာင္း၊ ဘယ္ေလာက္ခ်စ္ေၾကာင္းကို ေလးနက္တဲ့စကားလံုေတြနဲ႔ ေဖာ္ျပလိုက္ပါ။

(၄) နားလည္မႈထားရွိပါ

LDRS မွမဟုတ္ပါဘူး။ ခ်စ္သူတိုင္း တစ္ဦးအေပၚတစ္ဦး နားလည္မႈ ထားရွိတာက ေရရွည္ အခ်စ္ေရးခုိင္ၿမဲေစတဲ့ ေသာ့ခ်က္တစ္ခုပါပဲ။ လူတုိင္းကေတာ့ စိတ္ဖိစီးမႈ၊ စိတ္ညစ္စရာေတြ ႀကံဳရစၿမဲပါပဲ။ ကိုယ့္ရဲ႕ခ်စ္သူက ဒီလိုစိတ္ဖိစီးမႈေတြ မ်ားၿပီး သင့္အေပၚ ဂရုစိုက္မႈ လစ္ဟင္းမႈေတြ ျဖစ္လာတဲ့အခါ၊ ျဖည့္ေတြးေပးၿပီး နားလည္မႈနဲ႔ ေရွ႕ဆက္ၾကဖို႔ အႀကံျပဳခ်င္ပါတယ္။

(၅) Surprise လုပ္ေပးပါ

အေနေဝးေနလုိ႔ surprise လုပ္ေပးလုိ႔ မရဘူးလို႔ မထင္လိုက္ပါနဲ႔။ LDRS ေတြအေနနဲ႔လည္း စိတ္လႈပ္ရွားမႈေတြကို ဖန္တီးဖုိ႔အတြက္ နည္းလမ္းေလးေတြ ရွိပါတယ္။ Anniversary, birthday စတဲ့ ေန႔ရက္ေတြမွာ သူမအတြက္၊ သူ႔အတြက္ စပရိုက္စ္လက္ေဆာင္မ်ိဳး ျပဳလုပ္ေပးလိုက္ပါ။ ပန္းစည္း၊ လက္ေဆာင္ကို အိမ္အေရာက္ပို႔ စနစ္နဲ႔ နည္းလမ္းအမ်ိဳးမ်ိဳး ျပဳလုပ္ေပးႏုိင္ပါတယ္ေနာ္။

Credit: Myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #

လူတိုင်းကတော့ အနားမှာ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးနိုင်တဲ့ ချစ်သူကို လိုချင်ကြမှာပါပဲ။ ဒါပေမယ့် တစ်နယ်စီခြားနေကြတဲ့ ချစ်သူစုံတွဲတွေလည်း အများကြီးရှိနေပါတယ်။ အချစ်ဆိုတာ မေတ္တာတရား၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အနေဝေးနေတဲ့ ချစ်သူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်းနီးစပ်နေရင် ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့် Long Distance Relationship (LDRS) လို့ခေါ်တဲ့ အနေဝေးတဲ့ ချစ်သူစုံတွဲတွေ အနေနဲ့ ရင်ဆိုင်ရမယ့် အခက် အခဲတွေက မလွယ်လှပါဘူး။

 တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေတာကြောင့် သွေးအေးသွားကြမလား၊ သစ္စာရှိရဲ့ လား၊ နားလည်မှုကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတဲ့အပေါ် ဗျာများနေရတဲ့ အဖြစ်မျိုးပါ။ နေ့စဉ် တွေ့မြင်ထိတွေ့နေရတာမျိုး မဟုတ်တော့ အချိန်ကြာလာတဲ့အခါ သွေးအေးသွားတာမျိုး တွေလည်း ရှိတတ်ကြပါတယ်။ LDRS တွေအနေနဲ့ ခိုင်မြဲတဲ့အချစ်ရေးကို တည်ဆောက်လိုတဲ့အခါ တစ်ဦးအပေါ် တစ်ဦး သစ္စာရှိမှု၊ နားလည်မှုနဲ့ အတူ အနေဝေးပြီး သွေးမအေးစေဖို့ အတွက် အခုဖော်ပြပေးမယ့် အချက်လေး တွေကို လိုက်နာဖို့တော့ လိုပါမယ်။ 

(၁) Video Call ခေါ်ပါ

နေ့စဉ်နေ့တိုင်း video call နဲ့ စကားပြောမယ့် အချိန်ကို အတိအကျသတ်မှတ်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာမြင်နေရတော့ သူဒီနေ့ ဘာဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ် ဆိုတာကို အလွယ်တကူ ဖတ်ကြည့်နိုင်ပြီး အလွမ်းပြေစေတာပေါ့။ video call ခေါ်ပြီးတော့ သီချင်းဆိုပြတာ၊ အရင်က ပျော်စရာကောင်းခဲ့တဲ့ အမှတ်တရတွေကို အပြန်အလှန်ပြောကြတာမျိုး ကြည်နူးစရာလေးတွေ ဖန်တီးနိုင်ပါတယ်။

(၂) ပွင့်လင်းမှုရှိပါစေ

သင့်စိတ်ထဲက မတင်မကျဖြစ်နေတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်ပြောဆိုပါ။ ပြဿနာတစ်ခုခုဖြစ်လို့ ဒီတိုင်းကျော်သွားမယ့် အစား ကိုယ်လိုချင်တဲ့ ဖြေရှင်းချက်ကို ရတဲ့ထိ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ တောင်းဆိုပါ။ တခါတရံမှာ negative ဆန်တဲ့ သံသယဝင်စရာ မေးခွန်းတွေကို မေးတဲ့အခါမှာလည်း အပြစ်တင်တဲ့သဘောမျိုးမဖြစ်စေဖို့ သေချာအချိန်ယူစဉ်းစားပြီးမှ မေးမြန်းသင့်ပါတယ်။

(၃) လေးနက်တဲ့စကားလုံးတွေကိုသာပြောပါ

ဖုန်းပြောရင်ပဲဖြစ်ဖြစ်၊ မက်ဆေ့ချ်နဲ့ စာပို့ရင်ပဲဖြစ်ဖြစ်၊ လေးနက်တဲ့ စကားလုံးတွေကိုသာ ရွေးပြောဖို့ လိုပါတယ်။ အချိန်တွေ ကြာရှည်စွာ အနေဝေးပြီး ပြန်ဆုံတဲ့အခါမှာလည်း ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေကို တိုင်ပင်ဆွေးနွေးတာမျိုး ပြုလုပ်ပါ။ နှစ်ဦးပြန်လည် ဆုံတွေ့ဖို့အတွက် ကြိုးစားနေတဲ့အကြောင်း၊ ဘယ်လောက်ချစ်ကြောင်းကို လေးနက်တဲ့စကားလုံတွေနဲ့ ဖော်ပြလိုက်ပါ။

(၄) နားလည်မှုထားရှိပါ

LDRS မှမဟုတ်ပါဘူး။ ချစ်သူတိုင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှု ထားရှိတာက ရေရှည် အချစ်ရေးခိုင်မြဲစေတဲ့ သော့ချက်တစ်ခုပါပဲ။ လူတိုင်းကတော့ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေ ကြုံရစမြဲပါပဲ။ ကိုယ့်ရဲ့ချစ်သူက ဒီလိုစိတ်ဖိစီးမှုတွေ များပြီး သင့်အပေါ် ဂရုစိုက်မှု လစ်ဟင်းမှုတွေ ဖြစ်လာတဲ့အခါ၊ ဖြည့်တွေးပေးပြီး နားလည်မှုနဲ့ ရှေ့ဆက်ကြဖို့ အကြံပြုချင်ပါတယ်။

(၅) Surprise လုပ်ပေးပါ

အနေဝေးနေလို့ surprise လုပ်ပေးလို့ မရဘူးလို့ မထင်လိုက်ပါနဲ့။ LDRS တွေအနေနဲ့လည်း စိတ်လှုပ်ရှားမှုတွေကို ဖန်တီးဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ်။ Anniversary, birthday စတဲ့ နေ့ရက်တွေမှာ သူမအတွက်၊ သူ့အတွက် စပရိုက်စ်လက်ဆောင်မျိုး ပြုလုပ်ပေးလိုက်ပါ။ ပန်းစည်း၊ လက်ဆောင်ကို အိမ်အရောက်ပို့ စနစ်နဲ့ နည်းလမ်းအမျိုးမျိုး ပြုလုပ်ပေးနိုင်ပါတယ်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top