iMyanmarHouse.com - Best Property Website for Myanmar
×


ဇာတ္ကားကေတာ့့ စုစုေပါင္း ၈၃ ကားရွိျပီး အခုအခ်ိန္မွာေတာ့ စတင္အကဲျဖတ္ေနၾကျပီလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အကယ္ဒမီစာရင္းဝင္တဲ့ ၈၃ ကားမွာ ပါဝင္ထားၾကတဲ့ အႏုပညာရွင္ေတြရဲ႕ အကယ္ဒမီ ရင္ခုန္သံစကားမ်ားကို ေဖာ္ျပေပးလိုက္ရပါတယ္။

ထြန္းအိျႏၵာဗို


ကြ်န္မ၀မ္းသာပါတယ္။ ပရိသတ္က ေမွ်ာ္လင့္ေပးတာနဲ႔တင္ ေက်နပ္ပါတယ္။ ရတယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့။ အျမဲတမ္းလဲ သတင္းထြက္ျပီး မရတဲ့ႏွစ္ေတြလဲၾကံဳဖူးတယ္။ အနီးကပ္ဆံုးဆို ျပီးခဲ့တဲ့ႏွစ္ကလည္း ဒီအတိုင္းပဲဆိုေတာ့ ဘာမွမေမွ်ာ္လင့္ထားပါဘူး။ အကယ္ဒမီရတယ္ဆိုရင္ေတာ့ ေပ်ာ္စရာေကာင္းတာေပါ့။ ႏွစ္ခုထဲက တစ္ခုရမယ္ဆိုရင္ေတာင္ ဇာတ္ေဆာင္ရခ်င္တယ္။ ႏွစ္ခုစလံုးေပးရင္လဲ ယူခ်င္တာပဲ။ မရရင္လဲ မတတ္ႏိုင္ဘူး။ ကိစၥမရွိပါဘူး။ ပရိသတ္က ေမွ်ာ္မွန္းေပးတာနဲ႔ ေက်နပ္ႏိုင္ပါတယ္။


ေနတိုး


ကြ်န္ေတာ္ကေတာ့ ဘယ္ဇာတ္ကားမဆို အလုပ္လုပ္တိုင္း အကယ္ဒမီဆိုတာၾကီးကို ကိုယ္နဲ႔မဆိုင္ဘူးလို႔ပဲ သတ္မွတ္ထားပါတယ္။ ကြ်န္ေတာ္တို႔က ပရိသတ္ကိုပဲ အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားခြင့္လိုခ်င္တာေပါ့။ ပရိသတ္ကိုပဲဦးတည္တယ္ဆိုေတာ့ ဆုလာဘ္ဆိုတာကေတာ့ ၾကိဳးစားေနသေရြ႔ ခန္႔မွန္းခြင့္ရွိမွာေပါ့။ ပရိသတ္အတြက္ကေတာ့ ရင္ခုန္စရာပိုေကာင္းလိမ့္မယ္ထင္ပါတယ္။ ကြ်န္ေတာ္တို႔ကေတာ့ အျမဲတမ္းၾကိဳးစားေနမွာပဲ။


ေနမင္း


အကယ္ဒမီကေတာ့ ကြ်န္ေတာ္လဲမေျပာတတ္ဘူး။ အခ်စ္နဲ႔ပတ္သက္ရင္ ကြ်န္ေတာ္မခန္႔မွန္းတတ္တာလဲပါတယ္။ ဒီ ၃ေယာက္စလံုးလုပ္ထားတဲ့ အိုက္တင္ေတြထဲမွာ ကစ္ကစ္ကေတာ့ အခုေျပာေနၾကတဲ့သေဘာအရေတာ့ မိုက္တယ္ေပါ့။ tomboy ေရာ ဒီဘက္အခ်ိန္းအေျပာင္းေရာ၊ အဲဒီလိုမ်ိဳးပဲ ေနျခည္ဦးကလည္း အသစ္တစ္ေယာက္လို႔ မထင္ရေအာင္ ျပည့္စံုတယ္။ ကြ်န္ေတာ္ကေတာ့ စရိုက္ထဲက ကြ်န္ေတ္ာ့ အိုက္တင္ကို မွန္လား၊ မွားလားဆိုတာမသိဘူး။ အခုအခ်ိန္ထိလဲမသိဘူး။ ဒီဇာတ္ကားကို ရင္ခုန္စိတ္လွဳပ္ရွားျပီးေတာ့ ၾကိဳျပီးေတာ့ ခန္႔မွန္းေပးၾကတာကိုပဲ ေက်နပ္ပါတယ္။ ဒါက ပရိုဂ်ဴဆာစိတ္နဲ႔ေျပာတာပါ။


ဒီီရန္သူဇာတ္ကားကို စိတ္၀င္တစားရွိတယ္။ အားလံုးကလည္း ၀န္းရံလာၾကတဲ့အေပၚမွာေက်နပ္မိတယ္။ ေပ်ာ္လဲေပ်ာ္မိတယ္။ လက္ရွိအခ်ိန္မွာ ကြ်န္ေတာ္တို႔ ရုပ္ရွင္ရဲ့ အေျခအေနအရေရာ၊ ကြ်န္ေတာ့္ကို အားေပးတဲ့ပရိသတ္အေျခအေနအရေရာ ဒီေလာက္ၾကီးစိတ္၀င္စားလာလိမ့္မယ္လို႔ မထင္ထားဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အခုလိုစိတ္၀င္စားတဲ့အတြက္ ေက်နပ္ပါတယ္။ ေပ်ာ္လဲေပ်ာ္တယ္။ ေက်းဇူးလဲတင္ပါတယ္။

ပရိသတ္ႀကီးကလဲ ၂၀၁၈ အကယ္ဒမီမွာ ဘယ္မင္းသား မင္းသမီးကို အကယ္ဒမီရေစခ်င္လဲ ေျပာခဲ့ၾကဦးေနာ္။

Credit: Popular Journal

# Unicode Version ျဖင့္ ဖတ္ပါ #

ဇာတ်ကားကတော့ စုစုပေါင်း ၈၃ ကားရှိပြီး အခုအချိန်မှာတော့ စတင်အကဲဖြတ်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အကယ်ဒမီစာရင်းဝင်တဲ့ ၈၃ ကားမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီ ရင်ခုန်သံစကားများကို ဖော်ပြပေးလိုက်ရပါတယ်။

ထွန်းအိန္ဒြာဗို

ကျွန်မဝမ်းသာပါတယ်။ ပရိသတ်က မျှော်လင့်ပေးတာနဲ့တင် ကျေနပ်ပါတယ်။ ရတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အမြဲတမ်းလဲ သတင်းထွက်ပြီး မရတဲ့နှစ်တွေလဲကြုံဖူးတယ်။ အနီးကပ်ဆုံးဆို ပြီးခဲ့တဲ့နှစ်ကလည်း ဒီအတိုင်းပဲဆိုတော့ ဘာမှမမျှော်လင့်ထားပါဘူး။ အကယ်ဒမီရတယ်ဆိုရင်တော့ ပျော်စရာကောင်းတာပေါ့။ နှစ်ခုထဲက တစ်ခုရမယ်ဆိုရင်တောင် ဇာတ်ဆောင်ရချင်တယ်။ နှစ်ခုစလုံးပေးရင်လဲ ယူချင်တာပဲ။ မရရင်လဲ မတတ်နိုင်ဘူး။ ကိစ္စမရှိပါဘူး။ ပရိသတ်က မျှော်မှန်းပေးတာနဲ့ ကျေနပ်နိုင်ပါတယ်။

နေတိုး

ကျွန်တော်ကတော့ ဘယ်ဇာတ်ကားမဆို အလုပ်လုပ်တိုင်း အကယ်ဒမီဆိုတာကြီးကို ကိုယ်နဲ့မဆိုင်ဘူးလို့ပဲ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့က ပရိသတ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားခွင့်လိုချင်တာပေါ့။ ပရိသတ်ကိုပဲဦးတည်တယ်ဆိုတော့ ဆုလာဘ်ဆိုတာကတော့ ကြိုးစားနေသရွေ့ ခန့်မှန်းခွင့်ရှိမှာပေါ့။ ပရိသတ်အတွက်ကတော့ ရင်ခုန်စရာပိုကောင်းလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ကတော့ အမြဲတမ်းကြိုးစားနေမှာပဲ။

နေမင်း

အကယ်ဒမီကတော့ ကျွန်တော်လဲမပြောတတ်ဘူး။ အချစ်နဲ့ပတ်သက်ရင် ကျွန်တော်မခန့်မှန်းတတ်တာလဲပါတယ်။ ဒီ ၃ယောက်စလုံးလုပ်ထားတဲ့ အိုက်တင်တွေထဲမှာ ကစ်ကစ်ကတော့ အခုပြောနေကြတဲ့သဘောအရတော့ မိုက်တယ်ပေါ့။ tomboy ရော ဒီဘက်အချိန်းအပြောင်းရော၊ အဲဒီလိုမျိုးပဲ နေခြည်ဦးကလည်း အသစ်တစ်ယောက်လို့ မထင်ရအောင် ပြည့်စုံတယ်။ ကျွန်တော်ကတော့ စရိုက်ထဲက ကျွန်တေ်ာ့ အိုက်တင်ကို မှန်လား၊ မှားလားဆိုတာမသိဘူး။ အခုအချိန်ထိလဲမသိဘူး။ ဒီဇာတ်ကားကို ရင်ခုန်စိတ်လှုပ်ရှားပြီးတော့ ကြိုပြီးတော့ ခန့်မှန်းပေးကြတာကိုပဲ ကျေနပ်ပါတယ်။ ဒါက ပရိုဂျူဆာစိတ်နဲ့ပြောတာပါ။

ဒီရန်သူဇာတ်ကားကို စိတ်ဝင်တစားရှိတယ်။ အားလုံးကလည်း ဝန်းရံလာကြတဲ့အပေါ်မှာကျေနပ်မိတယ်။ ပျော်လဲပျော်မိတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ရုပ်ရှင်ရဲ့ အခြေအနေအရရော၊ ကျွန်တော့်ကို အားပေးတဲ့ပရိသတ်အခြေအနေအရရော ဒီလောက်ကြီးစိတ်ဝင်စားလာလိမ့်မယ်လို့ မထင်ထားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုစိတ်ဝင်စားတဲ့အတွက် ကျေနပ်ပါတယ်။ ပျော်လဲပျော်တယ်။ ကျေးဇူးလဲတင်ပါတယ်။

ပရိသတ်ကြီးကလဲ ၂၀၁၈ အကယ်ဒမီမှာ ဘယ်မင်းသား မင်းသမီးကို အကယ်ဒမီရစေချင်လဲ ပြောခဲ့ကြဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top