iMyanmarHouse.com - Best Property Website for Myanmar
×


ထုိင္း နုိင္ငံရဲ႕စူပါမင္းသမီးေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ Kaew Korravee (ကိုး ေကာ္ရက္ဗီး) ဟာ သရုပ္ေဆာင္တဲ့ေနရာမွာလည္း တကယ္စ်ာန္ဝင္ျပီီးသရုပ္ေဆာင္နုိင္တဲ့အျပင္ ေပါင္းသင္းဆက္ဆံေရးလည္းေကာင္းမြန္သူေလးျဖစ္ပါတယ္။ ပြင့္လင္းရုိးသား အလုပ္ၾကိဳးစားျပီး ရူးေလာက္ေအာင္ဆြဲေဆာင္မႈရွိတဲ့ ေကာ္ရက္ဗီးရဲ႕ ဂုဏ္သတင္းဟာထိုင္းနုိင္ငံတစ္ဝွမ္းလံုးတင္မက အိမ္နီးခ်င္းနုိင္ငံေတြျဖစ္တဲ့ ျမန္မာ၊ဗီယက္နမ္ စတဲ့ အာရွနုိင္ငံေတြအထိကုိ လူသတင္းလူခ်င္းေဆာင္ဆိုသလုိ ေမႊးပ်ံ႔လာခဲ့တာပါ။

ေနာက္ဆံုးထြက္ရွိထားတဲ့ေကာလဟလေတြအရေတာ့ မင္းသမီးေလးေကာ္ရက္ဗီးဟာ ကုိရီးယားအဆိုေတာ္ေလးတစ္ဦးနဲ႔ တြဲေနတယ္္လို႔သတင္းရေပမယ့္ ေကာ္ရက္ဗီးက Dating News ေတြကုိ Comfirm လုပ္ေလ့မရွိတာမုိ႔ အတိအက်ေတာ့သိရျခင္းမရွိပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အာရွတိုက္ရဲ႕နာမည္ေက်ာ္ေတြၾကားမွာလည္း ေကာ္ရက္ဗီးနဲ႔ ခ်စ္သူျဖစ္ဖုိ႔ဆိုရင္ ဘာပဲလုပ္ရလုပ္ရဆိုတဲ့ မင္းသားေတြအဆိုေတာ္ေတြကလည္း ဒုနဲ႔ေဒးလို႔ဆိုရမွာပါ။


အဲဒီလုိ ေကာင္းမြန္တဲ့အရည္အခ်င္းေတြနဲ႔ထက္ျမက္လွပတဲ့ မင္းသမီးေလးေကာ္ရက္ဗီးကေတာ့ သူမရဲ႕ ခ်စ္ေရးခ်စ္ရာသေဘာထားတေစ့တေစာင္းကုိ Cele Yatkwat နဲ႔ Interview မွာ ေျပာျပသြားခဲ့ပါတယ္။ ေကာ္ရက္ဗီးက ျမန္မာအမ်ိဳးသားေတြနဲ႔ပတ္သက္တဲ့သူမရဲ႕အျမင္ကို “ေရြးခ်ယ္ဖို႔အရမ္းကုိခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြ်န္မ ျမန္မာအမ်ိဳးသားအမ်ားၾကီးကိုေတြ႕ဖူးတယ္။ လူေကာင္းသူေကာင္းေတြ၊ ေခ်ာေမာတဲ့သူေတြ၊ မ်ားေသာအားျဖင့္ေတာ့ သူတို႔ကလူေကာင္းေတြျဖစ္ျပီးၾကင္နာတတ္ၾကတယ္။ အဲဒါေၾကာင့္ ဘယ္သူ႔ကုိေတာ့ျဖင့္ၾကိဳက္တယ္ဆိုျပီး တစ္ေယာက္ထဲကိုသတ္သတ္မွတ္မွတ္ေရြးခ်ယ္လုိက္ဖုိ႔ခက္ခဲပါတယ္။”လို႔ေျဖၾကားထားပါတယ္။

ေကာ္ရက္ဗီးက သူမလိုခ်င္တဲ့ခ်စ္သူပံုစံမ်ိဳးကုိလည္း “ကြ်န္မက ၾကင္နာတတ္တဲ့လူမ်ိဳးဆိုရင္သေဘာက်တယ္။ဘယ္လိုလူမ်ိဳးျဖစ္မွဆုိျပီးေတာ့ေတာ့ ပံုစံအတိအက်ၾကီးသတ္မွတ္ထားတာေတာ့မရွိပါဘူး။ ကြ်န္မကုိ ကြ်န္မအတိုင္းတိုင္းပဲခ်စ္ေပးရမယ္။ သူက သာမန္လူပဲျဖစ္ျဖစ္ ဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ကိစၥမရွိဘူး။ ကြ်န္မကို ကြ်န္မရဲ႕ပုံစံအတိုင္းခ်စ္ေပးရမယ္၊ျပီးေတာ့ၾကင္နာရမယ္၊အဲ့ေလာက္ဆိုရပါျပီ” လို႔ေျပာျပထားပါတယ္။


ျမန္မာနုိင္ငံကဘယ္သူနဲ႔အလုပ္တြဲလုပ္ခ်င္လဲဆိုတဲ့ေမးခြန္းကုိေတာ့ “ကြ်န္မအလုပ္တြဲလုပ္ခ်င္တာက ..အင္း.. သူ႔နာမည္ကဘယ္သူပါလိမ့္။တိုး…ေနတိုး.. ကုိေနတိုး ဟုတ္တယ္။ ကြ်န္မသူ႔ကုိတစ္ခါေတြ႕ဖူးတယ္။ ေနာက္ျပီးသူ႔အေၾကာင္းေတြလည္းအမ်ားၾကီးၾကားဖူးတယ္။သူသရုပ္ေဆာင္တာ ေကာင္းတယ္ဆိုတဲ့အေၾကာင္းေတြေပါ့။ ကြ်န္မသူနဲ႔အတူတူအလုပ္တြဲလုပ္ခ်င္ပါတယ္။ သူက ဒီမွာ နံပါတ္တစ္ပဲေလ ဟုတ္တယ္မဟုတ္လား။ ဒီေတာ့ သူနဲ႔သာအလုပ္အတူတူတြဲလုပ္ရမယ္ဆိုရင္ေတာ့ အဲဒါအရမ္းအရမ္းကုိမုိက္မွာပဲ။” လို႔ ေျဖၾကားထားျပီးတစ္ဆက္တည္းမွာပဲ.. ေနတုိးနဲ႔ပတ္သက္ျပီးသူမခံစားမိသမ်ွကုိလည္း “ကြ်န္မရဲ႕ခံစားခ်က္အရေတာ့.. သူက ၾကင္နာတတ္တယ္။ လူၾကီးလူေကာင္းဆန္တယ္။ျပီးေတာ့.. သူက စကားနည္းတယ္။ သူက ကြ်န္မကုိသိပ္မသိလို႔ေျပာစရာစကားနည္းပါးလို႔ဘာမွမေျပာတာလည္းျဖစ္နုိင္ပါတယ္။ သူ႔ပံုစံက ေအးေဆးတယ္..ေနာက္ျပီးဆြဲေဆာင္မႈရွိတယ္” လို႔ ေျပာျပထားပါေသးတယ္

အခြင့္အေရးသာရခဲ့မယ္ဆိုရင္ ေနတိုးနဲ႔ ဒိတ္ခ်င္မိတဲ့အေၾကာင္းကိုလည္း ေကာ္ရက္ဗီးက “အကယ္၍ ကြ်န္မသာသူနဲ႔ဒိတ္ခြင့္ရမယ္ဆိုရင္လား.. ဒိတ္ခ်င္တာေပါ့ အခုေတာင္ဒိတ္ခ်င္ေသးတယ္။ ဘယ္မွာလဲ ကြ်န္မရဲ႕အိတ္.. လာသြားၾကမယ္။”လို႔ ရယ္ေမာေနာက္ေျပာင္ေနခဲ့ျပီး “ကြ်န္မတကယ္ကုိသူနဲ႔ဒိတ္ခ်င္ပါတယ္။ သူ ကြ်န္မကုိသေဘာက်ေအာင္ ကြ်န္မက အစြမ္းကုန္ၾကိဳးစားဆြဲေဆာင္မယ္။ ကြ်န္မတို႔က တစ္ေယာက္အေၾကာင္းတစ္ေယာက္သိပ္မသိေပမယ့္ အလုပ္အတူတူတြဲလုပ္ရင္အဆင္ေျပမယ္လုိ႔ကြ်န္မခံစားမိေနပါတယ္”လို႔ ခ်စ္စဖြယ္ေျဖၾကားရင္း မ်က္စိတစ္ဖက္ပါမွိတ္ျပသြားပါေသးတယ္။ ကိုေနတိုးေရ..ဘယ္နွယ့္လဲ။


ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ..ခ်စ္စရာေကာင္းတဲ့ ထိုင္းမင္းသမီးေလး ေကာ္ရက္ဗီးကုိ ကုိေနတိုးနဲ႔သေဘာတူၾကလား။ ဒီအင္တာဗ်ဴးကုိ ကုိေနတိုးက ဘယ္လိုတုံ႔ျပန္မယ္ဆိုတာကေတာ့ စိတ္ဝင္စားစရာပဲေနာ္။အတူတူေစာင့္ၾကည့္ၾကရေအာင္..။

Credit: ေျပာခ်င္လြန္းလို႔

# Unicode Version ျဖင့္ ဖတ္ပါ #

ထိုင်း နိုင်ငံရဲ့စူပါမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Kaew Korravee (ကိုး ကော်ရက်ဗီး) ဟာ သရုပ်ဆောင်တဲ့နေရာမှာလည်း တကယ်ဈာန်ဝင်ပြီးသရုပ်ဆောင်နိုင်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်သူလေးဖြစ်ပါတယ်။ ပွင့်လင်းရိုးသား အလုပ်ကြိုးစားပြီး ရူးလောက်အောင်ဆွဲဆောင်မှုရှိတဲ့ ကော်ရက်ဗီးရဲ့ ဂုဏ်သတင်းဟာထိုင်းနိုင်ငံတစ်ဝှမ်းလုံးတင်မက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ဗီယက်နမ် စတဲ့ အာရှနိုင်ငံတွေအထိကို လူသတင်းလူချင်းဆောင်ဆိုသလို မွှေးပျံ့လာခဲ့တာပါ။

နောက်ဆုံးထွက်ရှိထားတဲ့ကောလဟလတွေအရတော့ မင်းသမီးလေးကော်ရက်ဗီးဟာ ကိုရီးယားအဆိုတော်လေးတစ်ဦးနဲ့ တွဲနေတယ်လို့သတင်းရပေမယ့် ကော်ရက်ဗီးက Dating News တွေကို Comfirm လုပ်လေ့မရှိတာမို့ အတိအကျတော့သိရခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အာရှတိုက်ရဲ့နာမည်ကျော်တွေကြားမှာလည်း ကော်ရက်ဗီးနဲ့ ချစ်သူဖြစ်ဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ မင်းသားတွေအဆိုတော်တွေကလည်း ဒုနဲ့ဒေးလို့ဆိုရမှာပါ။

အဲဒီလို ကောင်းမွန်တဲ့အရည်အချင်းတွေနဲ့ထက်မြက်လှပတဲ့ မင်းသမီးလေးကော်ရက်ဗီးကတော့ သူမရဲ့ ချစ်ရေးချစ်ရာသဘောထားတစေ့တစောင်းကို Cele Yatkwat နဲ့ Interview မှာ ပြောပြသွားခဲ့ပါတယ်။ ကော်ရက်ဗီးက မြန်မာအမျိုးသားတွေနဲ့ပတ်သက်တဲ့သူမရဲ့အမြင်ကို “ရွေးချယ်ဖို့အရမ်းကိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ မြန်မာအမျိုးသားအများကြီးကိုတွေ့ဖူးတယ်။ လူကောင်းသူကောင်းတွေ၊ ချောမောတဲ့သူတွေ၊ များသောအားဖြင့်တော့ သူတို့ကလူကောင်းတွေဖြစ်ပြီးကြင်နာတတ်ကြတယ်။ အဲဒါကြောင့် ဘယ်သူ့ကိုတော့ဖြင့်ကြိုက်တယ်ဆိုပြီး တစ်ယောက်ထဲကိုသတ်သတ်မှတ်မှတ်ရွေးချယ်လိုက်ဖို့ခက်ခဲပါတယ်။”လို့ဖြေကြားထားပါတယ်။

ကော်ရက်ဗီးက သူမလိုချင်တဲ့ချစ်သူပုံစံမျိုးကိုလည်း “ကျွန်မက ကြင်နာတတ်တဲ့လူမျိုးဆိုရင်သဘောကျတယ်။ဘယ်လိုလူမျိုးဖြစ်မှဆိုပြီးတော့တော့ ပုံစံအတိအကျကြီးသတ်မှတ်ထားတာတော့မရှိပါဘူး။ ကျွန်မကို ကျွန်မအတိုင်းတိုင်းပဲချစ်ပေးရမယ်။ သူက သာမန်လူပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ကိစ္စမရှိဘူး။ ကျွန်မကို ကျွန်မရဲ့ပုံစံအတိုင်းချစ်ပေးရမယ်၊ပြီးတော့ကြင်နာရမယ်၊အဲ့လောက်ဆိုရပါပြီ” လို့ပြောပြထားပါတယ်။

မြန်မာနိုင်ငံကဘယ်သူနဲ့အလုပ်တွဲလုပ်ချင်လဲဆိုတဲ့မေးခွန်းကိုတော့ “ကျွန်မအလုပ်တွဲလုပ်ချင်တာက ..အင်း.. သူ့နာမည်ကဘယ်သူပါလိမ့်။တိုး…နေတိုး.. ကိုနေတိုး ဟုတ်တယ်။ ကျွန်မသူ့ကိုတစ်ခါတွေ့ဖူးတယ်။ နောက်ပြီးသူ့အကြောင်းတွေလည်းအများကြီးကြားဖူးတယ်။သူသရုပ်ဆောင်တာ ကောင်းတယ်ဆိုတဲ့အကြောင်းတွေပေါ့။ ကျွန်မသူနဲ့အတူတူအလုပ်တွဲလုပ်ချင်ပါတယ်။ သူက ဒီမှာ နံပါတ်တစ်ပဲလေ ဟုတ်တယ်မဟုတ်လား။ ဒီတော့ သူနဲ့သာအလုပ်အတူတူတွဲလုပ်ရမယ်ဆိုရင်တော့ အဲဒါအရမ်းအရမ်းကိုမိုက်မှာပဲ။” လို့ ဖြေကြားထားပြီးတစ်ဆက်တည်းမှာပဲ.. နေတိုးနဲ့ပတ်သက်ပြီးသူမခံစားမိသမျှကိုလည်း “ကျွန်မရဲ့ခံစားချက်အရတော့.. သူက ကြင်နာတတ်တယ်။ လူကြီးလူကောင်းဆန်တယ်။ပြီးတော့.. သူက စကားနည်းတယ်။ သူက ကျွန်မကိုသိပ်မသိလို့ပြောစရာစကားနည်းပါးလို့ဘာမှမပြောတာလည်းဖြစ်နိုင်ပါတယ်။ သူ့ပုံစံက အေးဆေးတယ်..နောက်ပြီးဆွဲဆောင်မှုရှိတယ်” လို့ ပြောပြထားပါသေးတယ်

အခွင့်အရေးသာရခဲ့မယ်ဆိုရင် နေတိုးနဲ့ ဒိတ်ချင်မိတဲ့အကြောင်းကိုလည်း ကော်ရက်ဗီးက “အကယ်၍ ကျွန်မသာသူနဲ့ဒိတ်ခွင့်ရမယ်ဆိုရင်လား.. ဒိတ်ချင်တာပေါ့ အခုတောင်ဒိတ်ချင်သေးတယ်။ ဘယ်မှာလဲ ကျွန်မရဲ့အိတ်.. လာသွားကြမယ်။”လို့ ရယ်မောနောက်ပြောင်နေခဲ့ပြီး “ကျွန်မတကယ်ကိုသူနဲ့ဒိတ်ချင်ပါတယ်။ သူ ကျွန်မကိုသဘောကျအောင် ကျွန်မက အစွမ်းကုန်ကြိုးစားဆွဲဆောင်မယ်။ ကျွန်မတို့က တစ်ယောက်အကြောင်းတစ်ယောက်သိပ်မသိပေမယ့် အလုပ်အတူတူတွဲလုပ်ရင်အဆင်ပြေမယ်လို့ကျွန်မခံစားမိနေပါတယ်”လို့ ချစ်စဖွယ်ဖြေကြားရင်း မျက်စိတစ်ဖက်ပါမှိတ်ပြသွားပါသေးတယ်။ ကိုနေတိုးရေ..ဘယ်နှယ့်လဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ..ချစ်စရာကောင်းတဲ့ ထိုင်းမင်းသမီးလေး ကော်ရက်ဗီးကို ကိုနေတိုးနဲ့သဘောတူကြလား။ ဒီအင်တာဗျူးကို ကိုနေတိုးက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကတော့ စိတ်ဝင်စားစရာပဲနော်။အတူတူစောင့်ကြည့်ကြရအောင်..။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top