iMyanmarHouse.com - Best Property Website for Myanmar
×


အၿမဲတမ္း အလုပ္ေတြမ်ားေနတယ္

အလုပ္ကိစၥရယ္မွ မဟုတ္ဘဲ ဘာေတြမွန္းမသိ လုပ္စရာေတြ မ်ားေနတတ္ပါတယ္။ တစ္ေယာက္တည္းကို လုပ္စရာေတြ မ်ားေနတာပါ။ အားလားဆိုေတာ့ မအားဘူး၊ ဘာလုပ္ေနလဲ ေျပာျပဖို႔ကလည္း ခက္တယ္။ မအားတာကေတာ့ ေသခ်ာတယ္ ဆိုတဲ့ သူအမ်ားစုက ေသခ်ာတယ္ Single ေတြပါပဲ။ သူတို႔က တျခားလူေတြနဲ႔ တကူးတက ေတြ႔ဆံု စကားေျပာဖို႔အတြက္ ကိုယ္ပိုင္အခ်ိန္ေတြကို ဖဲ့ေပးဖို႔လည္း ဝန္ေလးတတ္ၾကပါတယ္။

အမွီအခိုကင္းတဲ့ဘဝကို ႀကိဳက္တယ္

သိပ္ခ်စ္ၾကတဲ့ စံုတြဲ ေလးေတြကို ျမင္ရင္ အားက်တဲ့ စိတ္ေလးေတာ့ ရွိပါရဲ႕ လမ္းေလွ်ာက္ရင္ေတာင္ တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ေလွ်ာက္ရတာကို ႀကိဳက္တယ္ ဆိုတဲ့ လူမ်ိဳးေပါ့။ ခ်စ္စိတ္ခင္စိတ္ ကုန္ခမ္းေနတာမ်ိဳး မဟုတ္ေပမယ့္ အမွီအခိုကင္းတဲ့ ဘဝကို ႀကိဳက္တဲ့ စတိုင္မ်ိဳးပါ။ တစ္ခုခုကို ဆံုးျဖတ္ဖို႔ တစ္စံုတစ္ေယာက္နဲ႔ ညွိႏႈိင္းေနစရာ မလိုဘဲ ကိုယ္တိုင္ဆံုးျဖတ္ရတာကိုပဲ ႀကိဳက္တယ္၊ ကိုယ္တိုင္ပဲ ဆံုးျဖတ္တယ္ ဆိုရင္ တစ္ကိုယ္တည္း သမားဆိုတာ ေသခ်ာပါၿပီ။

သူ႔အေၾကာင္း စဥ္းစားေနတာ မရပ္ႏိုင္ဘူး

သူဆိုတာ ကိုယ္နဲ႔ လက္တြဲဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့တဲ့ တစ္စံုတစ္ေယာက္ေပါ့။ ငယ္ငယ္ကတည္းက ခ်စ္ခဲ့ရတဲ့ ငယ္ခ်စ္ဦး၊ ကိုယ္ခ်စ္ေနမွန္းေတာင္ မသိတဲ့ အေဝးႀကီးကလူ ၊ နီးနီးေလး ရွိေနေပမယ့္ ကိုယ္မခ်စ္သင့္တဲ့သူ အစရွိသျဖင့္ ကိုယ္နဲ႔ လက္တြဲဖို႔ လံုးဝမျဖစ္ႏိုင္တဲ့ တစ္စံုတစ္ေယာက္ကို ကိုယ့္စိတ္ထဲက မထုတ္ႏိုင္ဘူးဆိုရင္ ခ်စ္သူအျဖစ္ ဘယ္သူ႔ကိုမွ လက္ခံႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

Credit:7Day

# Unicode Version ျဖင့္ ဖတ္ပါ #

အမြဲတမ်း အလုပ်တွေများနေတယ်

အလုပ်ကိစ္စရယ်မှ မဟုတ်ဘဲ ဘာတွေမှန်းမသိ လုပ်စရာတွေ များနေတတ်ပါတယ်။ တစ်ယောက်တည်းကို လုပ်စရာတွေ များနေတာပါ။ အားလားဆိုတော့ မအားဘူး၊ ဘာလုပ်နေလဲ ပြောပြဖို့ကလည်း ခက်တယ်။ မအားတာကတော့ သေချာတယ် ဆိုတဲ့ သူအများစုက သေချာတယ် Single တွေပါပဲ။ သူတို့က တခြားလူတွေနဲ့ တကူးတက တွေ့ဆုံ စကားပြောဖို့အတွက် ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးဖို့လည်း ဝန်လေးတတ်ကြပါတယ်။

အမှီအခိုကင်းတဲ့ဘဝကို ကြိုက်တယ်

သိပ်ချစ်ကြတဲ့ စုံတွဲ လေးတွေကို မြင်ရင် အားကျတဲ့ စိတ်လေးတော့ ရှိပါရဲ့ လမ်းလျှောက်ရင်တောင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လျှောက်ရတာကို ကြိုက်တယ် ဆိုတဲ့ လူမျိုးပေါ့။ ချစ်စိတ်ခင်စိတ် ကုန်ခမ်းနေတာမျိုး မဟုတ်ပေမယ့် အမှီအခိုကင်းတဲ့ ဘဝကို ကြိုက်တဲ့ စတိုင်မျိုးပါ။ တစ်ခုခုကို ဆုံးဖြတ်ဖို့ တစ်စုံတစ်ယောက်နဲ့ ညှိနှိုင်းနေစရာ မလိုဘဲ ကိုယ်တိုင်ဆုံးဖြတ်ရတာကိုပဲ ကြိုက်တယ်၊ ကိုယ်တိုင်ပဲ ဆုံးဖြတ်တယ် ဆိုရင် တစ်ကိုယ်တည်း သမားဆိုတာ သေချာပါပြီ။

သူ့အကြောင်း စဉ်းစားနေတာ မရပ်နိုင်ဘူး

သူဆိုတာ ကိုယ်နဲ့ လက်တွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ တစ်စုံတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်ချစ်ဦး၊ ကိုယ်ချစ်နေမှန်းတောင် မသိတဲ့ အဝေးကြီးကလူ ၊ နီးနီးလေး ရှိနေပေမယ့် ကိုယ်မချစ်သင့်တဲ့သူ အစရှိသဖြင့် ကိုယ်နဲ့ လက်တွဲဖို့ လုံးဝမဖြစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို ကိုယ့်စိတ်ထဲက မထုတ်နိုင်ဘူးဆိုရင် ချစ်သူအဖြစ် ဘယ်သူ့ကိုမှ လက်ခံနိုင်တော့မှာ မဟုတ်ပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top