20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


သင့္အသက္ (၂၀)ေက်ာ္ ၊ (၂၅)ေက်ာ္ေနၿပီဆုိေပမယ့္ အရပ္မရွည္ႏုိင္ေတာ့ဘူးလုိ႕ ေတြးမိရင္ေတာ့ မွားပါမယ္။ အသက္ ၂၀ ေက်ာ္ ၃၀ နီးပါး ျဖစ္ေနတယ္ဆုိရင္ေတာင္ အရပ္ရွည္ႏုိင္ပါေသးတယ္။ အရပ္ရွည္ႏုိင္ဖုိ႔အတြက္ ေမွ်ာ္လင့္လုိ႕ရပါေသးတယ္။ အရပ္ရွည္ဖုိ႕အတြက္ေတာ့ ဒီအခ်က္ေတြအတုိင္း လုိက္နာေပးဖုိ႔ လုိပါတယ္ေနာ္။

(၁) အျမင့္ခုန္ေပးပါ

အျမင့္ခုန္ေပးပါ ဆုိတာက ႀကိဳးခုန္ေပးတာကို ေျပာတာပါ။ (၃၀-၅၀)ႀကိမ္ေလာက္ကို (၈)မိနစ္ခန္႔ ခုန္ေပးပါ။

(၂) ဘားခုိေပးပါ

ဘားတန္းကို ခုိေပးပါ။ (၅-၁၀)စကၠန္႕ေလာက္ ခုိေပးၿပီး ၁ ကေန ၁၀ ေရေပးပါ။ (၁၅)ႀကိမ္ေလာက္ကို (၁၅)မိနစ္ေလာက္လုပ္ေပးပါ။

(၃) အာဟာရရွိတဲ့ အစားေတြစားေပးပါ

အာဟာရရွိတဲ့အစားေတြက သင့္အရပ္ရွည္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ အသက္ (၂၅) ေက်ာ္ေပမယ့္ ဒီလုိအာဟာရရွိတဲ့အစားေတြ စားေပးရင္ေတာ့ အရပ္ရွည္လာႏုိင္ပါေသးတယ္။ မုန္လာဥနီ ၊ ၾကက္ဥအႏွစ္ ၊ အမဲသား ၊ ငါး (တူနာ ၊ ဆယ္မြန္) ၊ အသည္း ၊ အစိမ္းေရာင္အရြက္ ၊ အားလူး ၊ ပဲ ၊ ငွက္ေပ်ာ္သီး ၊ ႏြားႏုိ႕တို႔ကို ေသခ်ာစားသံုးေပးပါ။

(၄) Superwoman ေလ့က်င့္ခန္း

ပုံမွာျပထားတဲ့အတုိင္း ၀မ္းဗုိက္ကို ၾကမ္းျပင္မွာ ကပ္ထားေပးၿပီး လက္ေတြ ၊ ေျခေထာက္ေတြကို ေျမွာက္ထားေပးပါ။ ဒီပုံအတိုင္း (၅)စကၠန္႕ေလာက္ေနေပးၿပီး (၁၀)ႀကိမ္ကို (၈)မိနစ္ေလာက္ လုပ္ေပးပါ။

(၅) အိပ္ေရး၀၀ အိပ္ေပးပါ

အရပ္ရွည္ဖုိ႕အတြက္ အိပ္ေရး၀၀ အိပ္ေပးရပါတယ္။ အိပ္ေရး၀မွသာလွ်င္ ခႏၶာကိုယ္ႀကီးထြားေစတဲ့ ေဟာ္မုန္းေတြက အရိုးေတြကို ရွည္ေအာင္လုပ္ေပးႏုိင္မွာပါ။ ဒါေၾကာင့္ အိပ္စက္ပုံမွန္ဖုိ႕ကလည္း လုိအပ္ပါတယ္။ အိပ္တဲ့အခါမွာ ေကြးေကြးအိပ္တာထက္ ေျခေထာက္ေတြကို ေျဖာင့္ေျဖာင့္ အေနအထားနဲ႔ အိပ္ေပးတာ ပုိမွန္ပါတယ္။

Credit: Original Uploader

# Unicode Version ျဖင့္ ဖတ္ပါ #

သင့်အသက် (၂၀)ကျော် ၊ (၂၅)ကျော်နေပြီဆိုပေမယ့် အရပ်မရှည်နိုင်တော့ဘူးလို့ တွေးမိရင်တော့ မှားပါမယ်။ အသက် ၂၀ ကျော် ၃၀ နီးပါး ဖြစ်နေတယ်ဆိုရင်တောင် အရပ်ရှည်နိုင်ပါသေးတယ်။ အရပ်ရှည်နိုင်ဖို့အတွက် မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်ဖို့အတွက်တော့ ဒီအချက်တွေအတိုင်း လိုက်နာပေးဖို့ လိုပါတယ်နော်။

(၁) အမြင့်ခုန်ပေးပါ

အမြင့်ခုန်ပေးပါ ဆိုတာက ကြိုးခုန်ပေးတာကို ပြောတာပါ။ (၃၀-၅၀)ကြိမ်လောက်ကို (၈)မိနစ်ခန့် ခုန်ပေးပါ။

(၂) ဘားခိုပေးပါ

ဘားတန်းကို ခိုပေးပါ။ (၅-၁၀)စက္ကန့်လောက် ခိုပေးပြီး ၁ ကနေ ၁၀ ရေပေးပါ။ (၁၅)ကြိမ်လောက်ကို (၁၅)မိနစ်လောက်လုပ်ပေးပါ။

(၃) အာဟာရရှိတဲ့ အစားတွေစားပေးပါ

အာဟာရရှိတဲ့အစားတွေက သင့်အရပ်ရှည်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ အသက် (၂၅) ကျော်ပေမယ့် ဒီလိုအာဟာရရှိတဲ့အစားတွေ စားပေးရင်တော့ အရပ်ရှည်လာနိုင်ပါသေးတယ်။ မုန်လာဥနီ ၊ ကြက်ဥအနှစ် ၊ အမဲသား ၊ ငါး (တူနာ ၊ ဆယ်မွန်) ၊ အသည်း ၊ အစိမ်းရောင်အရွက် ၊ အားလူး ၊ ပဲ ၊ ငှက်ပျော်သီး ၊ နွားနို့တို့ကို သေချာစားသုံးပေးပါ။

(၄) Superwoman လေ့ကျင့်ခန်း

ပုံမှာပြထားတဲ့အတိုင်း ဝမ်းဗိုက်ကို ကြမ်းပြင်မှာ ကပ်ထားပေးပြီး လက်တွေ ၊ ခြေထောက်တွေကို မြှောက်ထားပေးပါ။ ဒီပုံအတိုင်း (၅)စက္ကန့်လောက်နေပေးပြီး (၁၀)ကြိမ်ကို (၈)မိနစ်လောက် လုပ်ပေးပါ။

(၅) အိပ်ရေး၀၀ အိပ်ပေးပါ

အရပ်ရှည်ဖို့အတွက် အိပ်ရေး၀၀ အိပ်ပေးရပါတယ်။ အိပ်ရေးဝမှသာလျှင် ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းတွေက အရိုးတွေကို ရှည်အောင်လုပ်ပေးနိုင်မှာပါ။ ဒါကြောင့် အိပ်စက်ပုံမှန်ဖို့ကလည်း လိုအပ်ပါတယ်။ အိပ်တဲ့အခါမှာ ကွေးကွေးအိပ်တာထက် ခြေထောက်တွေကို ဖြောင့်ဖြောင့် အနေအထားနဲ့ အိပ်ပေးတာ ပိုမှန်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top