iMyanmarHouse.com - Best Property Website for Myanmar
×


Five Star လို႔ေျပာလိုက္တာနဲ႕ လူရႊင္ေတာ္ ေအာ္ေသာ္ ၊ ေအာင္ေမာ္ ၊ ေမ်ာက္ရံႈး ၊ၾကာစိနဲ႕ က်င္ဝွက္တို႕ ငါးေယာက္မွန္း လူတိုင္းသိၾကပါတယ္။ “လူရႊင္ေတာ္ေရႊဖလား” ျပိဳင္ပြဲကေန တက္လွမ္းလာခဲ့တဲ့ သူတို႕ေတြရဲ႕ဘဝက အရမ္းၾကီး ေျပလည္ေနတယ္ရယ္လို႕ေတာ့ မဆိုႏိုင္ပါဘူး။

ေအာင္ေသာ္နဲ႕ ေအာင္ေမာ္ ညီအစ္ကိုေတြက အိမ္မွာမေျပလည္လို႕ အေဖဇာတ္ကတဲ့ေနာက္ မုန္႕ဖိုးလုိက္ေတာင္းရင္း ဒီလိုမ်ိဳး လူရႊင္ေတာ္ဘဝ အေျခအေနထိ ျဖစ္ႏိုင္ဖို႕ ၾကိဳးစားခဲ့တာပါ။လက္ရွိအခ်ိန္မွာ ေအာင္ေသာ္က ဇနီးနဲ႕ သားသမီး ႏွစ္ေယာက္နဲ႕အတူဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနျပီးသမီးျဖစ္သူ ေခးက အႏုပညာ အလုပ္ေတြ စလုပ္ေနျပီ ျဖစ္ပါတယ္။

ေအာင္ေသာ္နဲ႕ သမီးျဖစ္သူ ေခးတို႕ကို ဆံုေတြ႕ရခ်ိန္မွာ ဘယ္လိုေတြ ေျပာၾကားထားလဲဆိုတာကို ခုလို ေဖာ္ေျပေပးလိုက္ပါတယ္။“ အေဖတို႕ ဒီေလာကထဲ စဝင္တဲ့အခ်ိန္မွာ အေဖက အက်ၤီ ၂ ထည္ ၊ ပုဆိုး ၂ ထည္နဲ႕ စခဲ့တာလို႕ ကၽြန္ေတာ္ အျမဲေျပာတယ္။ အခုအခ်ိန္မွာ သားနဲ႕သမီး က အေဖတို႕ေလာက္ ေလွ်ာက္လွမ္းရတဲ့ ခရီး မၾကမ္းတမ္းဘူး။ လမ္းေကာင္းေပၚကို ေလွ်ာက္ဖို႕ ကိုယ့္ေျခေထာက္ခံႏိုင္ဖို႕ပဲ အေရးၾကီးတာ။

ကၽြန္ေတာ္တို႕တုန္းက ကြန္ကရစ္လမ္းေတြလည္း မရွိဘူးေလ။ နံပါတ္ ၄ ကားတို႕ ဘာတို႕နဲ႕ သြားရတာ။ အခုေတာ့YBS လို air-con bus ေတြ ေပၚေနျပီဆိုေတာ့ေခတ္စနစ္ မတူဘူးလို႕။ “ဒီေတာ့ ၾကိဳးစားရင္ျဖစ္မွာပါလို႕”ဒါပဲေျပာတယ္။ကၽြန္ေတာ္ ေထြေထြထူးထူးေတာ့ ဆူတာ ရိုက္တာမရွိဘူး။ အိမ္မွာ သူ႕အေမရယ္ သူတို႕သားအမိႏွစ္ေယာက္ရယ္က ေျပာၾကဆိုၾက ေအာ္ၾက ဟစ္ၾကေပါ့။ အငယ္ေကာင္က က်ေတာ့ ဂိမ္းေဆာ့တယ္။ စပိုက္ဒါမန္း ၾကည့္တယ္။သူကတစ္လိုင္း ကၽြန္ေတာ့္သမီးက ကိုရီးယားတစ္လိုင္း။ အဲ့ေတာ့ TV ကတစ္လံုးပဲရွိတယ္။ ဝယ္ေပးၾကပါဦးလို႕။ ကိုရီးယားနဲ႕ စပိုက္ဒါမန္း ခ်ေတာ့ အိမ္မွာ ျပသနာေတြ တက္တာ အေဖေဘာလံုးပြဲ ၾကည့္ဖို႔ေတာင္ ေတာင္းေတာင္းပန္ပန္နဲ႕ သားနဲ႕သမီးရယ္ အေဖေဘာလံုးပြဲ ၾကည့္ပါရေစဆိုျပီး ေတာင္းပန္ျပီး ၾကည့္ရတယ္။ ဒါေတာင္တစ္ပိုင္းပဲ ၾကည့္ရတယ္။ ဘဝကအဲ့လိုမ်ိဳး။

ကၽြန္ေတာ့္သမီး အႏုပညာစလုပ္တုန္းက သင္ေပးတယ္။ ကၽြန္ေတာ္ေပးႏိုင္တဲ့ အေမြက အႏုပညာပဲ ရွိတယ္။ ကၽြန္ေတာ ္သူတို႕ကို တိုက္နဲ႕ကားလည္း မေပးႏိုင္ဘူး။ ကၽြန္ေတာ္ခ်မ္းသာတဲ့ အႏုပညာ အေမြေလးပဲ ေပးႏိုင္တယ္။ အငယ္ေကာင္က အဆိုဝါသနာပါတယ္။ သမီးက သရုပ္ေဆာင္ ဝါသနာပါတယ္။

ကိုယ့္သားသမီးတစ္ေယာက္က ို ျဖစ္ေစခ်င္တာက မိဘတိုင္းလိုလို ေအာင္ျမင္ေစခ်င္တာပါပဲ။ကၽြန္ေတာ္သမီးကို ကၽြန္ေတာ့္ေလာင္းရိပ္ေအာက္က လြတ္ျပီး သူ႕ရဲ႕ ေလာင္းရိပ္နဲ႕ သြားႏိုင္တဲ့ထိ ၾကိဳးစားေစခ်င္တယ္။ကၽြန္ေတာ္က ေလာေလာဆယ္မွာ လူရႊင္ေတာ္ သရုပ္ေဆာင္ ျဖစ္တယ္။ ကၽြန္ေတာ္တို႕အရွိန္နဲ႕ ကၽြန္ေတာ့္သမီးကို ၾကည့္တာထက္ သမီးဘာသာသမီး လူသိေအာင္လုပ္ဖို႕ လြယ္ကူလား မလြယ္ကူလား လုပ္ၾကည့္ေစခ်င္တာ။

ကၽြန္ေတာ္တို႕က သူ႕ကိုလမ္းေၾကာင္းပဲ ခ်ေပးတာ။ၾကိဳးစားရမွာက သူ႕တာဝန္ပဲေလ။သမီးနဲ႕သားကို သူတို႕ျဖစ္ခ်င္တဲ့ အရာကို အေကာင္းဆံုး လုပ္ေပးႏိုင္ေအာင္ ၾကိဳးစားမယ္။” ဆိုျပီး ေျပာသြားတာ ျဖစ္ပါတယ္။

Credit: wavecele

# Unicode Version ျဖင့္ ဖတ္ပါ #

Five Star လို့ပြောလိုက်တာနဲ့ လူရွှင်တော် အော်သော် ၊ အောင်မော် ၊ မျောက်ရှုံး ၊ကြာစိနဲ့ ကျင်ဝှက်တို့ ငါးယောက်မှန်း လူတိုင်းသိကြပါတယ်။ “လူရွှင်တော်ရွှေဖလား” ပြိုင်ပွဲကနေ တက်လှမ်းလာခဲ့တဲ့ သူတို့တွေရဲ့ဘဝက အရမ်းကြီး ပြေလည်နေတယ်ရယ်လို့တော့ မဆိုနိုင်ပါဘူး။

အောင်သော်နဲ့ အောင်မော် ညီအစ်ကိုတွေက အိမ်မှာမပြေလည်လို့ အဖေဇာတ်ကတဲ့နောက် မုန့်ဖိုးလိုက်တောင်းရင်း ဒီလိုမျိုး လူရွှင်တော်ဘဝ အခြေအနေထိ ဖြစ်နိုင်ဖို့ ကြိုးစားခဲ့တာပါ။လက်ရှိအချိန်မှာ အောင်သော်က ဇနီးနဲ့ သားသမီး နှစ်ယောက်နဲ့အတူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပြီးသမီးဖြစ်သူ ခေးက အနုပညာ အလုပ်တွေ စလုပ်နေပြီ ဖြစ်ပါတယ်။

အောင်သော်နဲ့ သမီးဖြစ်သူ ခေးတို့ကို ဆုံတွေ့ရချိန်မှာ ဘယ်လိုတွေ ပြောကြားထားလဲဆိုတာကို ခုလို ဖော်ပြေပေးလိုက်ပါတယ်။“ အဖေတို့ ဒီလောကထဲ စဝင်တဲ့အချိန်မှာ အဖေက အင်္ကျီ ၂ ထည် ၊ ပုဆိုး ၂ ထည်နဲ့ စခဲ့တာလို့ ကျွန်တော် အမြဲပြောတယ်။ အခုအချိန်မှာ သားနဲ့သမီး က အဖေတို့လောက် လျှောက်လှမ်းရတဲ့ ခရီး မကြမ်းတမ်းဘူး။ လမ်းကောင်းပေ ါ်ကို လျှောက်ဖို့ ကိုယ့်ခြေထောက်ခံနိုင်ဖို့ပဲ အရေးကြီးတာ။

ကျွန်တော်တို့တုန်းက ကွန်ကရစ်လမ်းတွေလည်း မရှိဘူးလေ။ နံပါတ် ၄ ကားတို့ ဘာတို့နဲ့ သွားရတာ။ အခုတော့YBSလို air-con bus တွေ ပေါ်နေပြီဆိုတော့ခေတ်စနစ် မတူဘူးလို့။ “ဒီတော့ ကြိုးစားရင်ဖြစ်မှာပါလို့”ဒါပဲပြောတယ်။ကျွန်တော် ထွေထွေထူးထူးတော့ ဆူတာ ရိုက်တာမရှိဘူး။ အိမ်မှာ သူ့အမေရယ် သူတို့သားအမိနှစ်ယောက်ရယ်က ပြောကြဆိုကြ အာ်ကြ ဟစ်ကြပေါ့။ အငယ်ကောင်က ကျတော့ ဂိမ်းဆော့တယ်။ စပိုက်ဒါမန်း ကြည့်တယ်။သူကတစ်လိုင်

ကျွန်တော့်သမီးက ကိုရီးယားတစ်လိုင်း။ အဲ့တော့ TV ကတစ်လုံးပဲရှိတယ်။ ဝယ်ပေးကြပါဦးလို့။ ကိုရီးယားနဲ့ စပိုက်ဒါမန်း ချတော့ အိမ်မှာ ပြသနာတွေ တက်တာ အဖေဘောလုံးပွဲ ကြည့်ဖို့တောင် တာင်းတောင်းပန်ပန်နဲ့ သားနဲ့သမီးရယ် အဖေဘောလုံးပွဲ ကြည့်ပါရစေဆိုပြီး တောင်းပန်ပြီး ကြည့်ရတယ်။ ဒါတောင်တစ်ပိုင်းပဲ ကြည့်ရတယ်။ ဘဝကအဲ့လိုမျိုး။

ကျွန်တော့်သမီး အနုပညာစလုပ်တုန်းက သင်ပေးတယ်။ ကျွန်တော်ပေးနိုင်တဲ့ အမွေက အနုပညာပဲ ရှိတယ်။ ကျွန်တော ်သူတို့ကို တိုက်နဲ့ကားလည်း မပေးနိုင်ဘူး။ ကျွန်တော်ချမ်းသာတဲ့ အနုပညာ အမွေလေးပဲ ပေးနိုင်တယ်။ အငယ်ကောင်က အဆိုဝါသနာပါတယ်။ သမီးက သရုပ်ဆောင် ဝါသနာပါတယ်။

ကိုယ့်သားသမီးတစ်ယောက်က ို ဖြစ်စေချင်တာက မိဘတိုင်းလိုလို အောင်မြင်စေချင်တာပါပဲ။ကျွန်တော်သမီးကို ကျွန်တော့်လောင်းရိပ်အောက်က လွတ်ပြီး သူ့ရဲ့ လောင်းရိပ်နဲ့ သွားနိုင်တဲ့ထိ ကြိုးစားစေချင်တယ်။ကျွန်တော်က လောလောဆယ်မှာ လူရွှင်တော် သရုပ်ဆောင် ဖြစ်တယ်။ ကျွန်တော်တို့အရှိန်နဲ့ ကျွန်တော့်သမီးကို ကြည့်တာထက် သမီးဘာသာသမီး လူသိအောင်လုပ်ဖို့ လွယ်ကူလား မလွယ်ကူလား လုပ်ကြည့်စေချင်တာ။

ကျွန်တော်တို့က သူ့ကိုလမ်းကြောင်းပဲ ချပေးတာ။ကြိုးစားရမှာက သူ့တာဝန်ပဲလေ။သမီးနဲ့သားကို သူတို့ဖြစ်ချင်တဲ့ အရာကို အကောင်းဆုံး လုပ်ပေးနိုင်အောင် ကြိုးစားမယ်။” ဆိုပြီး ပြောသွားတာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top