iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Burmese.asia
# Unicode Version ဖြင့် ဖတ်ပါ #
စစ်ပိုးအိမ်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Lady Boy တွေထဲက တစ်ယောက်ပါ။ သူမရဲ့ ရပ်တည်ချက်နဲ့ ခံယူချက် အပေါ် ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို အားပေးတဲ့ပရိသတ် အခိုင်အမာရှိနေပါပြီ။ Miss Trans Grand International Myanmar 2018 ဆု၊ Face Of Beauty Queen 2018 ဆု တု့ိကို ရရှိပိုင်ဆိုင်ထားသူပါ။
အခုဆိုရင်တော့ သူမကို ဝန်းရံအားပေးတဲ့ အမျိုးသား ပရိသတ်တွေ အများကြီးပါ။Myanmar Idol မှာ မြန်မာပြည်သိန်းတန်က ငှက်ပျောသီးကျွေးလိုက်လို့ Banana ဆိုပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ ခြိမ့်ကေကိုနဲ့ စစ်ပိုးအိမ်တို့ရဲ့ ဓါတ်ပုံတစ်ပုံကတော့ အွန်လိုင်းမှာ အတော်လေး လူပြောများနေပါတယ်။
ပုံကိုတော့ စစ်ပိုးအိမ်က တင်လိုက်တာပါ။ Music video ရိုက်ကွင်းတစ်ခုက ပုံလေးတွေပါ။ရိုက်ကွင်းပေါ်က ပုံတွေအများကြီးကို စုပြီး တင်ထားကာ နောက်ဆုံးပုံမှာတော့ ခြိမ့်ကေကိုနဲ့ နမ်းနေတဲ့ ပုံပါ။
နောက်ဆုံးပုံကအသက်” ဆိုပြီး တင်ထားပါတယ်။ ဒီပုံနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ အတော်လေး လူပြောများနေပါတယ်။ ခြိမ့်ကေကိုက သူ့ရဲ့ fb မှာ အဲ့ဒီပုံနဲ့ပတ်သက်ပြီး အခုလို ပြန်ဖြေရှင်းထားပါတယ်။
“အနုပညာမောင်နှမတွေပါ ချစ်သူတွေမဟုတ်ပါဘူး ရိုးရိုးသားသားပါခင်မင်မူအနေနဲ့ပါတမျိုးမထင်ကြပါနဲ့………….” ဆိုပြီး ပြန်ဖြေရှင်းခဲ့ပါတယ်။ ခြိမ့်ကေကိုကတော့ အရင်ကလည်း “မမရေ လွမ်းလို့” ဆိုတဲ့ MV ကို ရိုက်ကူး ခဲ့ဖူး ပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top