iMyanmarHouse.com - Best Property Website for Myanmar
×
1. Pollen ပန်းဝတ်မှုံ
5. Molds မှို
6. Food အစားအသောက်
7. Latex (ရာဘာ)
9. Cockroaches ပိုးဟပ်
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
Allergies ဆိုတာ ကိုယ့်ရဲ့ Immune system ခုခံမှုစနစ်က မတော်တရော်ဖြစ်လို့ရတယ်။ တကယ်တော့ Harmless substance လူကို ဒုက္ခပေးလေ့ မရှိတာတွေကနေ ဖြစ်စေတယ်။ ဥပမာ Pollen ပန်းဝတ်မှုံ၊ Animal dander တိရစ္ဆာန်အမှုံ နဲ့ လူတွေစားတဲ့ Food အစာတွေပါတယ်။ ဖြစ်ရင် သာမန်ကာရှန်ကာလေးလောက်ကနေ အသက်ကိုပါ ရန်ရှာတဲ့အထိ ဆိုးနိုင်တယ်။ အမေရိကားမှာ လူ ၅ ယောက်မှာ တယောက်လောက်က (အလာဂျီ) ရကြတယ်။
1. Pollen ပန်းဝတ်မှုံ
သစ်ပင်၊ ပန်းပင်၊ မြက်၊ ပေါင်းပင်စတာတွေကနေ ထွက်တဲ့ အမှုံလေးတွေနဲ့ မသင့်သူတွေမှာ Hay fever ခေါ်တဲ့ Seasonal Allergies ရာသီစာ (အလာဂျီ) ရလာစေနိုင်တယ်။ ချက်ချင်း Sneezing နှာချေ၊ Runny nose နှာရေယိုကျ၊ Nasal congestion နှာခေါင်း ပွစိပွစိဖြစ်၊ Itchy ယားယံ၊ Watery eyes မျက်ရည်တွေကျ စတာတွေ ဖြစ်လာမယ်။ ဖြစ်လာရင် (အလာဂျီ) စားဆေး၊ ထိုးဆေး၊ ရှုဆေးတွေရှိတယ်။ အဲလိုလူတွေ နေရာရွေးရမယ်။ ဖြစ်တတ်တဲ့အရပ်မသွားနဲ့၊ မထွက်နဲ့။ အိမ်ထဲနေလဲ ပြူတင်းပေါက်တွေပိတ်ထား၊ ကားမောင်းသွားလဲ မှန်တွေတင်ထားရမယ်။
2. Animal Dander တိရစ္ဆာန်အမှုံ
တိရစ္ဆာန်အတောင်တွေ ကိုယ်မွှေးတွေကနေ ထွက်တဲ့အမှုံအမွှားတွေနဲ့မတည့်သူတွေက မတည့်ကြဘူး။ အကောင်တွေရဲ့ အဆီအိတ်တွေကထွက်တာ၊ တံတွေးထဲပါတာတွေလဲ မတည့်သူတွေရှိတယ်။ ဖြစ်ဘို့ကြာတယ်။ ပျောက်ဘို့လဲ ကြာတယ်။
3. Dust Mites အကောင်သေးသေးလေးတွေ
ဖုံမှုံ့ထဲမှာ အင်မတန်သေးလွန်းတဲ့ အကောင်လေးတွေ ပါနေတယ်။ ဝ့ဝ၁၃ x ဝ့ဝ၁၆ လက္မသာရှိတယ်။ ခပ်ပြာပြာ အရောင် ရှိတယ်။ စိုထိုင်းတာကို ကြိုက်ကြတယ်။ အိပ်ယာခင်း၊ ခေါင်အုံးဖုံး၊ စောင်၊ ကော်ဇော၊ စတာတွေကို မကြာမကြာ လဲပေးပါ။
4. Insect Stings (အင်းဆက်) အဆိပ်
မတည့်သူတွေမှာ အသက်ကိုရန်ရှာတဲ့အထိ ဆိုးနိုင်တယ်။ အကိုက်ခံရတဲ့နေရာ ရောင်-ရဲလာမယ်။ ပျို့-အန်နိုင်တယ်။ ကိုယ်ပူနိုင်တယ်။ အားယုတ်မယ်။ ရှားရှားပါးပါး Anaphylaxis (ရှော့ခ်) အထိရနိုင်တယ်။ အသက်ရှူခက်လာမယ်။ အင်ပြင် ထွက်မယ်။ မျက်နှာရောင်လာမယ်။ လည်ချောင်းရောင်မယ်။ နှလုံးခုန်မြန်မယ်။ သွေးဖိအားကျမယ်။ ခေါင်းမူးပြီး သတိကိုပါ ထိခိုက်စေမယ်။ အရေးပေါ်ဆေးကုသရမယ်။
5. Molds မှို
တခြားရောဂါတွေရစေတဲ့ Yeast ကတော့ (ဆဲလ်) တခုထဲနဲ့မှို ဖြစ်ပြီး၊ Molds ဆိုတာ (ဆဲလ်) တွေ အများကြီးနဲ့ မှို ဖြစ်တယ်။ Allergens (အလာဂျီ) ရစေနိုင်တယ်၊ Irritants အနေရခက်စေတာ နဲ့ Toxic substances အဆိပ် အတောက်တွေ ပါနိုင်တယ်။ Inhaling ရှူမိတာဖြစ်ဖြစ် Touching ထိကိုင်မိတာဖြစ်ဖြစ်ကနေ မတည့်သူတွေမှာ (အလာဂျီ) ရစေနိုင်တယ်။ စိုထိုင်းတာကြိုက်တယ်။
6. Food အစားအသောက်
Milk နို့၊ Shellfish ငါး၊ Nuts အစေ့အဆံတွေ နဲ့ Wheat ဂျုံတွေပါတယ်။ တခြားဟာတွေလဲရှိပါမယ်။ Asthma ပန်းနာ ရနိုင်တယ်၊ Hives အင်ပြင်ထနိုင်မယ်၊ Vomiting အန်မယ်၊ Diarrhea ဝမ်းလျှောမယ်၊ Swelling ပါးစပ်နေရာ ရောင်မယ်။ Antihistamines ဆေး၊ Steroids ဆေး၊ Epinephrine injection တွေပေးရတယ်။
7. Latex (ရာဘာ)
Latex gloves လက်အိပ်၊ Latex condoms (ကွန်ဒွမ်)၊ နဲ့ Medical devices ဆေးခန်းသုံး Latex နဲ့လုပ်တာတွေကို မတည့်သူတွေက မတည့်ကြဘူး။ Skin rash အရေပြားအနီပြင်ထွက်မယ်၊ Eye irritation မျက်စိနီရဲလာမယ်၊ Runny nose နှာရည်ယိုမယ်၊ Sneezing နှာချေမယ်၊ Wheezing အသက်ရှူကျပ်မယ်၊ Itching ယားယံမယ်။
8. Medication ဆေးဝါးတွေ
Penicillin, Sulfa or Aspirin စတာတွေကို မတည့်သူတွေရှိတယ်။ တခါဖြစ်ဘူးရင် မှတ်ထားရမယ်။ (ဒီစာရေးနေရင်း ရင်သား ထွားအောင် ဆေးဝယ်လိမ်းသူ (အလာဂျီ) ဆိုးဆိုးဝါးဝါးရလို့ မေးလာတာရှိတယ်။)
9. Cockroaches ပိုးဟပ်
အတည့်သူတွေမှာ (အလာဂျီ) ရတယ်။
10. Fragrance အမွှေးအကြိုင်
Perfumes ရေမွှေး၊ Scented candles အမွှေးတိုင်၊ Laundry detergent ဆပ်ပြာမွှေး၊ Cosmetics အလှအပသုံး-ပစ္စည်းတွေကနေ ဖြစ်စေနိုင်တယ်။
Credit: myhealthmyanmar
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top