iMyanmarHouse.com - Best Property Website for Myanmar
×


လူေတြ အားလုံးက ကိုယ္ေန႔စဥ္ျပဳလုပ္ေနက်အရာေတြကို မွန္တယ္လို႔ ထင္ေနတတ္ၾကပါတယ္။ လက္အလြန္အကြၽံ ေဆးတာ၊ အလုပ္ကိုေရာက္တာနဲ႔ ေကာ္ဖီေသာက္တာ ေဖ်ာ္ရည္ နဲ႔ အရက္ေတြကို မၾကခဏေသာက္ၾကတာ စသျဖင့္ အစုံပါပဲ။ ဒါေတြအားလုံးက မသိမသာ က်န္းမာေရးကို ထိခိုက္ေအာင္လုပ္မိေနတာဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။ဒီတခါမွာ  အိမ္ တြင္ေန႔စဥ္လုပ္ေနက် အရာေတြထဲက က်န္းမာေရးကို ထိခိုက္ေစမယ့္ အရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ပန္းကန္ခ်က္ခ်င္း မေဆးျခင္း


အစားစားၿပီးရင္ အလုပ္မအားတာေၾကာင့္ ပန္းကန္ေတြကို ပန္းကန္ေဆးစင္မွာ ပုံထားမိတာမ်ိဳးကို အားလုံးလုပ္မိၾကမွာပါ။ သင္သိထားရမွာက ပန္းကန္ေဆးစင္ဟာ ဘက္တီးရီးယားအမ်ားဆုံးေနရာေတြထဲက တခုျဖစ္ပါတယ္။ ပန္းကန္ကို မေဆးဘဲထားမိၿပီး တခါတရံမွာ ပန္းကန္ေဆးတဲ့ တန္ဆာဖက္(ဒံဇာဘက္)ကို ပန္းကန္ေတြထဲ ျမဳပ္ထားတာက ပိုဆိုးပါတယ္။ စားၿပီးသားပန္းကန္ေတြထဲမွာ ရွိေနတဲ့ အႂကြင္းအက်န္ေတြေၾကာင့္ ေရာဂါကူးဖို႔ အရမ္းလြယ္ကူတာကို သတိထားဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၂) ေရေႏြးျဖင့္ လက္ေဆးျခင္း


ေရေႏြးနဲ႔ လက္ေဆးတာအျပင္ ေနာက္ထပ္တခုကေတာ့ လက္ကိုမၾကာခဏေဆးတာပဲ ျဖစ္ပါတယ္။ လက္ကို မၾကာခဏေဆးျခင္းေၾကာင့္ လက္မွာရွိတဲ့ အဆီေတြ ေျခာက္ၿပီး အေရျပားေျခာက္ေသြ႕ျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။ လက္ကို ဆယ္စကၠန႔္ခန႔္ေဆးတာက သန႔္ရွင္းေစေပမယ့္ တမိနစ္ေလာက္ လက္ေဆးျခင္းက လက္မွာ ရွိဖို႔ လိုအပ္တဲ့ ဘတ္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္။

(၃) အလွျပင္ၿပီး ေလ့က်င့္ခန္းလုပ္ျခင္း


အခ်ိန္မရတာေၾကာင့္ ႐ုံးကျပန္တာနဲ႔ Gym ကို ခ်က္ခ်င္းသြားရသူေတြရွိမွာပါ။ ေလ့က်င့္ခန္းလုပ္ၿပီး ေရခ်ိဳးတဲ့အခါ မိတ္ကပ္ေတြ အားလုံးေရနဲ႔ အတူပါသြားမွာ မွန္ေပမယ့္ ေလ့က်င့္ခန္း လုပ္ေနတဲ့ အခ်ိန္မွာ မ်က္ႏွာက ေခြၽးေတြထြက္သြားဖို႔ လိုပါတယ္။ မိတ္ကပ္ေတြေၾကာင့္ ေခြၽးေပါက္ကို ပိတ္ေစၿပီး ၾကာလာရင္ အေရျပားဆိုင္ရာ ျပႆနာေတြ ျဖစ္လာႏိုင္လို႔ ေလ့က်င့္ခန္းလုပ္ခါနီးမွာ မိတ္ကပ္၊ သနပ္ခါး စတာေတြကို ဖ်က္ထားဖို႔ လိုအပ္ပါတယ္။

(၄) စဥ္းတီတုံး


အသားနဲ႔ အသီးအႏွံေတြကို စဥ္းတီတုံးတခုတည္း အသုံးျပဳၿပီး မလွီးပါဘူး။ အဏုဇီဝပညာရွင္တဦးျဖစ္တဲ့ Dr. Charles Gerba ရဲ႕ ေျပာၾကားခ်က္အရ စဥ္းတီတုံးတခုမွာ ဘတ္တီးရီးယားေပါင္း ၂၀၀ေက်ာ္ တြယ္ကပ္ေနႏိုင္ၿပီး အဲဒီပမာဏာဟာ အိမ္သာမွာ ရွိတဲ့ ဘတ္တီးရီယားအမ်ိဳးအစားထက္ ပိုၿပီး မ်ားတယ္လို႔ ဆိုပါတယ္။ အသားစိမ္းကို လွီးၿပီးသြားတဲ့ စဥ္းတီတုံးကို ေသခ်ာ သန႔္ရွင္းေရးျပဳလုပ္ၿပီး အသီးအ႐ြက္ကို ထပ္မံလွီးဖို႔လည္း သူက အႀကံေပးထားပါေသးတယ္။ သန႔္ရွင္းေရးမလုပ္ဘဲ အသီးအႏွံကို ထပ္မံလွီးျခင္းဟာ အစာအဆိပ္သင့္မႈေတြ ျဖစ္ေစႏိုင္တယ္လို႔ သူကဆိုပါတယ္။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လူတွေ အားလုံးက ကိုယ်နေ့စဉ်ပြုလုပ်နေကျအရာတွေကို မှန်တယ်လို့ ထင်နေတတ်ကြပါတယ်။ လက်အလွန်အကျွံ ဆေးတာ၊ အလုပ်ကိုရောက်တာနဲ့ ကော်ဖီသောက်တာ ဖျော်ရည် နဲ့ အရက်တွေကို မကြခဏသောက်ကြတာ စသဖြင့် အစုံပါပဲ။ ဒါတွေအားလုံးက မသိမသာ ကျန်းမာရေးကို ထိခိုက်အောင်လုပ်မိနေတာဆိုရင် ဘယ်လိုလုပ်ကြမလဲ။ဒီတခါမှာ  အိမ် တွင်နေ့စဉ်လုပ်နေကျ အရာတွေထဲက ကျန်းမာရေးကို ထိခိုက်စေမယ့် အရာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပန်းကန်ချက်ချင်း မဆေးခြင်း

အစားစားပြီးရင် အလုပ်မအားတာကြောင့် ပန်းကန်တွေကို ပန်းကန်ဆေးစင်မှာ ပုံထားမိတာမျိုးကို အားလုံးလုပ်မိကြမှာပါ။ သင်သိထားရမှာက ပန်းကန်ဆေးစင်ဟာ ဘက်တီးရီးယားအများဆုံးနေရာတွေထဲက တခုဖြစ်ပါတယ်။ ပန်းကန်ကို မဆေးဘဲထားမိပြီး တခါတရံမှာ ပန်းကန်ဆေးတဲ့ တန်ဆာဖက်(ဒံဇာဘက်)ကို ပန်းကန်တွေထဲ မြုပ်ထားတာက ပိုဆိုးပါတယ်။ စားပြီးသားပန်းကန်တွေထဲမှာ ရှိနေတဲ့ အကြွင်းအကျန်တွေကြောင့် ရောဂါကူးဖို့ အရမ်းလွယ်ကူတာကို သတိထားဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ရေနွေးဖြင့် လက်ဆေးခြင်း

ရေနွေးနဲ့ လက်ဆေးတာအပြင် နောက်ထပ်တခုကတော့ လက်ကိုမကြာခဏဆေးတာပဲ ဖြစ်ပါတယ်။ လက်ကို မကြာခဏဆေးခြင်းကြောင့် လက်မှာရှိတဲ့ အဆီတွေ ခြောက်ပြီး အရေပြားခြောက်သွေ့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ လက်ကို ဆယ်စက္ကန့်ခန့်ဆေးတာက သန့်ရှင်းစေပေမယ့် တမိနစ်လောက် လက်ဆေးခြင်းက လက်မှာ ရှိဖို့ လိုအပ်တဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

(၃) အလှပြင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း

အချိန်မရတာကြောင့် ရုံးကပြန်တာနဲ့ Gym ကို ချက်ချင်းသွားရသူတွေရှိမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးတဲ့အခါ မိတ်ကပ်တွေ အားလုံးရေနဲ့ အတူပါသွားမှာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်နေတဲ့ အချိန်မှာ မျက်နှာက ချွေးတွေထွက်သွားဖို့ လိုပါတယ်။ မိတ်ကပ်တွေကြောင့် ချွေးပေါက်ကို ပိတ်စေပြီး ကြာလာရင် အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်လို့ လေ့ကျင့်ခန်းလုပ်ခါနီးမှာ မိတ်ကပ်၊ သနပ်ခါး စတာတွေကို ဖျက်ထားဖို့ လိုအပ်ပါတယ်။

(၄) စဉ်းတီတုံး

အသားနဲ့ အသီးအနှံတွေကို စဉ်းတီတုံးတခုတည်း အသုံးပြုပြီး မလှီးပါဘူး။ အဏုဇီဝပညာရှင်တဦးဖြစ်တဲ့ Dr. Charles Gerba ရဲ့ ပြောကြားချက်အရ စဉ်းတီတုံးတခုမှာ ဘတ်တီးရီးယားပေါင်း ၂၀၀ကျော် တွယ်ကပ်နေနိုင်ပြီး အဲဒီပမာဏာဟာ အိမ်သာမှာ ရှိတဲ့ ဘတ်တီးရီယားအမျိုးအစားထက် ပိုပြီး များတယ်လို့ ဆိုပါတယ်။ အသားစိမ်းကို လှီးပြီးသွားတဲ့ စဉ်းတီတုံးကို သေချာ သန့်ရှင်းရေးပြုလုပ်ပြီး အသီးအရွက်ကို ထပ်မံလှီးဖို့လည်း သူက အကြံပေးထားပါသေးတယ်။ သန့်ရှင်းရေးမလုပ်ဘဲ အသီးအနှံကို ထပ်မံလှီးခြင်းဟာ အစာအဆိပ်သင့်မှုတွေ ဖြစ်စေနိုင်တယ်လို့ သူကဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top