iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးခန္းစဖြင့္တဲ့အခ်ိန္တည္းကဆို ခုခ်ိန္ထိလူနာ၄ေယာက္၅ေယာက္ေျပာလို႔မသကၤာျဖစ္ၿပီး ေဆးေတာင္းၾကည့္မွ မွားေနၾကတာေတြေတြ႕တယ္။

လူနာေတြေျပာတာက က်မတို႔ညဆို ဘီစစ္ေလးေသာက္အိပ္တယ္ ႏွစ္ ွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တယ္တဲ့။

အစကေတာ့ က်မလည္း သူတို႔အတြက္ placebo(ေဆးမွာအာနိသင္မပါဘဲစိတ္ပိုင္းဆိုင္ရာယုံၾကည္မႈေၾကာင့္ ေသာက္ၿပီးအိပ္သြားတာကိုဆိုလိုတာပါ) သေဘာမ်ိဳးျဖစ္ေနလို႔ေနမွာပါေလဆိုၿပီး ေတြးမိတယ္။

တစ္ေယာက္ကေန ၃၊၄ေယာက္ေျပာလာေတာ့ မသကၤာျဖစ္လာလို႔ ေဆးယူလာျပခိုင္းမွ Motion sickness(ကားမူး လႈိင္းမူး ရထား ေလယာဥ္စီးရင္မူးၿပီးပ်ိဳ႕အန္တတ္တာ) ;

vertigo(ခ်ာခ်ာလည္မူးၿပီး အန္တာ) ေတြမွာေသာက္တဲ့ Dimenhydrinate(Dramamine)ေတြျဖစ္ေနတယ္။

ဘယ္လိုေျပာဝယ္လဲေမးၾကည့္ေတာ့ ဘီစစ္အေကာင္းစားအကဒ္လို႔ေျပာဝယ္တယ္ဆိုေတာ့ အဲ့လိုအမွားမ်ိဳးေတြ ေနာက္ထပ္ဘယ္ေလာက္ေတာင္ ရွိေနမလဲမသိေတာ့ဘူး စိတ္ေတြလည္းေမာပါတယ္

Ps. B6(pyridoxime) ဟာ vitaminတစ္မ်ိဳးပါ အဲ့ဒီဗီတာမင္ခ်ိဳ႕တဲ့သူ၊ကုန္ခမ္းသြားသူေတြကို ျပန္ျဖည့္စြက္ဖို႔ ေပးပါတယ္။

သူက ေသာက္ၿပီးရင္ မအိပ္ခ်င္ပါဘူး Dimenhydrinateလို႔ေခၚတဲ့ေဆးကေတာ့ Anti histamine အုပ္စုဝင္ပါ ဘာမီတြန္တို႔ ရပ္ကြက္ထဲမွာဝေဆးအိပ္ေဆးဆိုၿပီး ေသာက္ေနတဲ့ cypro 2 ေတြကလည္းအဲ့အုပ္စု ဝင္ေတြပါပဲ

သူကေတာ့ အေပၚကေျပာသလို motion sickness အေပၚမွာေတာ့ အရမ္း effective ျဖစ္ပါတယ္။ကားမူးတတ္လို႔ေသာက္မယ္ဆိုေသာက္လို႔ရပါတယ္။

တျခားအခ်ိန္ေတြမွာ မူးလို႔အန္လို႔ဆိုတိုင္းေသာက္ရတာမဟုတ္တာကို သိေစခ်င္တာရယ္ TB ေဆးေသာက္သူေတြမွာ B6 ကုန္ခမ္းလို႔ ျဖည့္စြက္ေပးရတဲ့အခ်ိန္မွာ တကယ့္ B6 နဲ႔ ဒါနဲ႔မွားၿပီး ေသာက္ေနမိမွာစိုးပါတယ္။

ဒီေဆးေၾကာင့္တိုက္႐ိုက္အသည္းမထိေပမယ့္ အသည္းေရာဂါအခံရွိလွ်င္ေသာက္သုံးဖို႔မသင့္ပါ။

TB ေဆးတစ္ခုက hepatitis (အသည္းေရာင္)တတ္တာမို႔ TB ေဆးေသာက္သူေတြေသာက္ရတဲ့ B6 နဲ႔ ဒါနဲ႔မွားေသာက္မိရင္ မလိုလားတတ္တဲ့ဆိုးက်ိဳးေတြ ရလာႏိုင္ပါတယ္။

Credit: Yamone Phyu Phyu

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆေးခန်းစဖွင့်တဲ့အချိန်တည်းကဆို ခုချိန်ထိလူနာ၄ယောက်၅ယောက်ပြောလို့မသင်္ကာဖြစ်ပြီး ဆေးတောင်းကြည့်မှ မှားနေကြတာတွေတွေ့တယ်။

လူနာတွေပြောတာက ကျမတို့ညဆို ဘီစစ်လေးသောက်အိပ်တယ် နှစ် ှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်တဲ့။

အစကတော့ ကျမလည်း သူတို့အတွက် placebo(ဆေးမှာအာနိသင်မပါဘဲစိတ်ပိုင်းဆိုင်ရာယုံကြည်မှုကြောင့် သောက်ပြီးအိပ်သွားတာကိုဆိုလိုတာပါ) သဘောမျိုးဖြစ်နေလို့နေမှာပါလေဆိုပြီး တွေးမိတယ်။

တစ်ယောက်ကနေ ၃၊၄ယောက်ပြောလာတော့ မသင်္ကာဖြစ်လာလို့ ဆေးယူလာပြခိုင်းမှ Motion sickness(ကားမူး လှိုင်းမူး ရထား လေယာဉ်စီးရင်မူးပြီးပျို့အန်တတ်တာ) ;

vertigo(ချာချာလည်မူးပြီး အန်တာ) တွေမှာသောက်တဲ့ Dimenhydrinate(Dramamine)တွေဖြစ်နေတယ်။

ဘယ်လိုပြောဝယ်လဲမေးကြည့်တော့ ဘီစစ်အကောင်းစားအကဒ်လို့ပြောဝယ်တယ်ဆိုတော့ အဲ့လိုအမှားမျိုးတွေ နောက်ထပ်ဘယ်လောက်တောင် ရှိနေမလဲမသိတော့ဘူး စိတ်တွေလည်းမောပါတယ်

Ps. B6(pyridoxime) ဟာ vitaminတစ်မျိုးပါ အဲ့ဒီဗီတာမင်ချို့တဲ့သူ၊ကုန်ခမ်းသွားသူတွေကို ပြန်ဖြည့်စွက်ဖို့ ပေးပါတယ်။

သူက သောက်ပြီးရင် မအိပ်ချင်ပါဘူး Dimenhydrinateလို့ခေါ်တဲ့ဆေးကတော့ Anti histamine အုပ်စုဝင်ပါ ဘာမီတွန်တို့ ရပ်ကွက်ထဲမှာဝဆေးအိပ်ဆေးဆိုပြီး သောက်နေတဲ့ cypro 2 တွေကလည်းအဲ့အုပ်စု ဝင်တွေပါပဲ

သူကတော့ အပေါ်ကပြောသလို motion sickness အပေါ်မှာတော့ အရမ်း effective ဖြစ်ပါတယ်။ကားမူးတတ်လို့သောက်မယ်ဆိုသောက်လို့ရပါတယ်။

တခြားအချိန်တွေမှာ မူးလို့အန်လို့ဆိုတိုင်းသောက်ရတာမဟုတ်တာကို သိစေချင်တာရယ် TB ဆေးသောက်သူတွေမှာ B6 ကုန်ခမ်းလို့ ဖြည့်စွက်ပေးရတဲ့အချိန်မှာ တကယ့် B6 နဲ့ ဒါနဲ့မှားပြီး သောက်နေမိမှာစိုးပါတယ်။

ဒီဆေးကြောင့်တိုက်ရိုက်အသည်းမထိပေမယ့် အသည်းရောဂါအခံရှိလျှင်သောက်သုံးဖို့မသင့်ပါ။

TB ဆေးတစ်ခုက hepatitis (အသည်းရောင်)တတ်တာမို့ TB ဆေးသောက်သူတွေသောက်ရတဲ့ B6 နဲ့ ဒါနဲ့မှားသောက်မိရင် မလိုလားတတ်တဲ့ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။

Credit: Yamone Phyu Phyu

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top