iMyanmarHouse.com - Best Property Website for Myanmar
×

ကေနဒီးယန္း ေသြးပါတဲ့ အဆိုေတာ္ Drake ဆိုတာက အႏုပညာနယ္ပယ္ေတာ္ေတာ္မ်ားမ်ားမွာ ေအာင္ျမင္မႈအေတာ္အသင့္ရ႐ိွထားသူတစ္ေယာက္ပါ။ သူကဟိုတရက္က ေရႊ၁၈ကာရက္ ပါၿပီးအတြင္းမွာ အျဖဴေရာင္စိန္ရယ္ ၊ အျပာေရာင္စိန္ေတြရယ္ ျမွဳပ္ထားတဲ့ ေဒၚလာေလးသိန္းတန္ အိုင္ဖုန္းကာဗာတစ္ခုကိုဝယ္လိုက္ပါတယ္။ သူမဝယ္အေစာပိုင္းရက္က Jason Bever Hills ေက်ာက္မ်က္ရတနာ ဆိုင္က ေတာက္ေတာက္ေျပာင္ေျပာင္႐ိွတဲ့အသံုးအေဆာင္တစ္ခုကို ကၽြန္ေတာ္တို႔မိတ္ေဆြေတြဖို႔ စိန္ဆီျခယ္ထားတဲ့Iphoneကာဗာလုပ္ေပးလို႔မရႏိုင္ဘူးလား ဆိုတဲ့ေခါင္းစဥ္နဲ႔ဗီဒီယိုတစ္ ခုကို အြန္လိုင္းမွာတင္ခဲ့ပါတယ္။အဲ့ဒီကာဗာ ကိုေသးငယ္တဲ့စိန္ပြင့္ေလးေတြနဲ႔စီျခယ္ထားၿပီး အလယ္မွာဇီးကြက္တစ္ေကာင္ပံုကိုထည့္ထားပါတယ္။ ၃၂ႏွစ္္အရြယ္႐ိွတဲ့ ကေနဒီယန္း ၾကယ္ပြင့္တစ္ေယာက္အတြက္လည္းရည္ရြယ္ပါတယ္လို႔လည္းဆိုခဲ့ပါတယ္

အဲ့ဒီကာဗာကို ဖက္႐ွင္ဝဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ Hypebeast ကေနၿပီး တန္းဖိုးေတာ္ေတာ္ႀကီးတယ္လို႔ဆိုၿပီး ေစ်းႏႈန္းသတ္မွတ္ထားခဲ့ပါတယ္။ မၾကာခင္ကာလကထြက္႐ိွထားတဲ့Iphone အတြက္ ထူးထူးျခားျခားျဖစ္မယ့္ ရတနာေတြနဲ႔ျခယ္မႈန္းထားတဲ့ Iphone ကာဗာတစ္ခုလိုခ်င္တယ္ဆိုၿပီး Jason of Bevely Hills ဆိုင္ CEO ဆီကို Online ကေနၿပီးမွာယူခဲ့တယ္လို႕သိရပါတယ္။သူကိုယ္တိုင္ကလည္းၿပီးခဲ့တဲ့တနဂၤေႏြကမွရထားတဲ့ ဂရမ္မီဆုနဲ႔ပတ္သတ္ၿပီး သူ႔ကိုယ္သူ တန္ဖိုးတစ္ခုသတ္မွတ္ခ်င္လို႔မွာယူခဲ့ပံုရပါတယ္။

ဒါေပမယ့္လည္းတခ်ိဳ႕ပရိတ္သတ္ေတြကေတာ့ သူအဲ့ဒီလိုေစ်းႀကီးတဲ့ အသံုးေဆာင္ဝယ္လိုက္တဲ့အေပၚမွာေဝဖန္ေနၾကပါတယ္။ တခိ်ဳ႕ကလည္း Iphone အသစ္ေပၚလာရင္ ေနာက္ကာဗာတစ္ခုထပ္လိုလာဦးမယ္ဆိုတာမ်ိဳးေဝဖန္ၾကၿပီး တခ်ိဳ႕ၾကေတာ့လည္း ကေလးေတြသန္းနဲ႔ခ်ီၿပီးငတ္ျပတ္ေနၾကေပမယ့္ တစ္ေယာက္ေယာက္ကေတာ့ တန္ဖိုးႀကီးတဲ့ဖုန္းကာဗာႀကီးဝယ္လိုက္တယ္ဆိုၿပီးေတာ့ လူမႈကြန္ရက္ေပၚမွာေဝဖန္သံေတြထြက္ေနပါတယ္။ တခ်ိဳ႔အေကာင္းျမင္တဲ့ပရိသတ္ေတြကလည္း သူ႔ပိုက္ဆံသူႀကိဳက္တာလုပ္မွာေပါ့ မင္းတိုု႔အေရးမပါဘူး။ ဟိုတေလာကပဲGodplan သီခ်င္းအတြက္ ဗီဒီယိုတစ္ခုတည္းကိုပဲ ေဒၚလာတစ္သန္းအကုန္က်ခံထားေသးတာပဲဆိုၿပီး ျပန္လည္ခုခံထားတာကိုလည္းေတြ႔ရပါတယ္။

Credit: nanmalgyi

အလွအပ၊ အႏုပညာ၊ ဖက္ရွင္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကနေဒီးယန်း သွေးပါတဲ့ အဆိုတော် Drake ဆိုတာက အနုပညာနယ်ပယ်တော်တော်များများမှာ အောင်မြင်မှုအတော်အသင့်ရရှိထားသူတစ်ယောက်ပါ။ သူကဟိုတရက်က ရွှေ၁၈ကာရက် ပါပြီးအတွင်းမှာ အဖြူရောင်စိန်ရယ် ၊ အပြာရောင်စိန်တွေရယ် မြှုပ်ထားတဲ့ ဒေါ်လာလေးသိန်းတန် အိုင်ဖုန်းကာဗာတစ်ခုကိုဝယ်လိုက်ပါတယ်။ သူမဝယ်အစောပိုင်းရက်က Jason Bever Hills ကျောက်မျက်ရတနာ ဆိုင်က တောက်တောက်ပြောင်ပြောင်ရှိတဲ့အသုံးအဆောင်တစ်ခုကို ကျွန်တော်တို့မိတ်ဆွေတွေဖို့ စိန်ဆီခြယ်ထားတဲ့Iphoneကာဗာလုပ်ပေးလို့မရနိုင်ဘူးလား ဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ် ခုကို အွန်လိုင်းမှာတင်ခဲ့ပါတယ်။အဲ့ဒီကာဗာ ကိုသေးငယ်တဲ့စိန်ပွင့်လေးတွေနဲ့စီခြယ်ထားပြီး အလယ်မှာဇီးကွက်တစ်ကောင်ပုံကိုထည့်ထားပါတယ်။ ၃၂နှစ်အရွယ်ရှိတဲ့ ကနေဒီယန်း ကြယ်ပွင့်တစ်ယောက်အတွက်လည်းရည်ရွယ်ပါတယ်လို့လည်းဆိုခဲ့ပါတယ်

အဲ့ဒီကာဗာကို ဖက်ရှင်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hypebeast ကနေပြီး တန်းဖိုးတော်တော်ကြီးတယ်လို့ဆိုပြီး ဈေးနှုန်းသတ်မှတ်ထားခဲ့ပါတယ်။ မကြာခင်ကာလကထွက်ရှိထားတဲ့Iphone အတွက် ထူးထူးခြားခြားဖြစ်မယ့် ရတနာတွေနဲ့ခြယ်မှုန်းထားတဲ့ Iphone ကာဗာတစ်ခုလိုချင်တယ်ဆိုပြီး Jason of Bevely Hills ဆိုင် CEO ဆီကို Online ကနေပြီးမှာယူခဲ့တယ်လို့သိရပါတယ်။သူကိုယ်တိုင်ကလည်းပြီးခဲ့တဲ့တနင်္ဂနွေကမှရထားတဲ့ ဂရမ်မီဆုနဲ့ပတ်သတ်ပြီး သူ့ကိုယ်သူ တန်ဖိုးတစ်ခုသတ်မှတ်ချင်လို့မှာယူခဲ့ပုံရပါတယ်။

ဒါပေမယ့်လည်းတချို့ပရိတ်သတ်တွေကတော့ သူအဲ့ဒီလိုဈေးကြီးတဲ့ အသုံးဆောင်ဝယ်လိုက်တဲ့အပေါ်မှာဝေဖန်နေကြပါတယ်။ တချို့ကလည်း Iphone အသစ်ပေါ်လာရင် နောက်ကာဗာတစ်ခုထပ်လိုလာဦးမယ်ဆိုတာမျိုးဝေဖန်ကြပြီး တချို့ကြတော့လည်း ကလေးတွေသန်းနဲ့ချီပြီးငတ်ပြတ်နေကြပေမယ့် တစ်ယောက်ယောက်ကတော့ တန်ဖိုးကြီးတဲ့ဖုန်းကာဗာကြီးဝယ်လိုက်တယ်ဆိုပြီးတော့ လူမှုကွန်ရက်ပေါ်မှာဝေဖန်သံတွေထွက်နေပါတယ်။ တချို့အကောင်းမြင်တဲ့ပရိသတ်တွေကလည်း သူ့ပိုက်ဆံသူကြိုက်တာလုပ်မှာပေါ့ မင်းတို့အရေးမပါဘူး။ ဟိုတလောကပဲGodplan သီချင်းအတွက် ဗီဒီယိုတစ်ခုတည်းကိုပဲ ဒေါ်လာတစ်သန်းအကုန်ကျခံထားသေးတာပဲဆိုပြီး ပြန်လည်ခုခံထားတာကိုလည်းတွေ့ရပါတယ်။

Credit: nanmalgyi

အလှအပ၊ အနုပညာ၊ ဖက်ရှင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top