iMyanmarHouse.com - Best Property Website for Myanmar
×


ညဘက္မွာ အရက္ ေသာက္တာမ်ားသြားၿပီး ေနာက္တေန႔ မနက္မွာ ခံရတဲ့ ဒဏ္က အရမ္းဆိုးဝါးတယ္ဆိုတာ အရက္နာ က်ဖူးသူတိုင္း သိၾကမွာပါ။ အရက္နာက်တဲ့ အခ်ိန္မွာ ေရဓာတ္ကုန္ခမ္းတာေၾကာင့္ ေရမ်ားမ်ားေသာက္ေပးဖို႔က အဓိက အေရးႀကီးပါတယ္။

အျမင္ေဝဝါးျခင္း၊ တုန္ရီျခင္း၊ မူးေဝျခင္းေတြ ျဖစ္တတ္ၿပီး အစားအေသာက္စားရတာလည္း ခက္ခဲပါတယ္။ ဒါေၾကာင့္ အရက္နာက်ခ်ိန္မွာ စားေသာက္သင့္တဲ့ အစားအေသာက္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေထာပတ္သီး


အရက္ အလြန္အကြၽံ ေသာက္ျခင္းဟာ ခႏၶာကိုယ္မွာရွိတဲ့ ေဟာ္မုန္းေတြအတြက္ လိုအပ္တဲ့ ပိုတက္ဆီယမ္ကို ဆုံးရႈံးေစပါတယ္။ ဒါေတြေၾကာင့္ ႂကြက္တက္ျခင္း၊ ေခါင္းမူးျခင္းနဲ႔ အားအင္ကုန္ခမ္းျခင္းေတြကို ျဖစ္ေစပါတယ္။ ဒီလို အခ်ိန္မ်ိဳးမွာ ဖိုင္ဘာဓာတ္ အျပည့္အဝ ပါဝင္ၿပီး၊ ဗီတာမင္ B6 ၊ ႏွလုံးက်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အဆီဓာတ္ေတြ ပါဝင္တဲ့ ေထာပတ္သီးကို စားသုံးသင့္ပါတယ္။

(၂) သံပုရာ ဂ်င္းေဖ်ာ္ရည္


ဂ်င္းနဲ႔ သံပုရာသီးကို ေရေႏြးနဲ႔ ေဖ်ာ္ၿပီး ေသာက္တာကလည္း အရက္နာက်ျခင္းကို သက္သာေစႏိုင္ပါတယ္။ ဂ်င္းဟာ ပ်ိဳ႕အန္ျခင္းကို ထိန္းေပးၿပီး သံပုရာသီးကို ေရေႏြးနဲ႔ ေဖ်ာ္ေသာက္တာက ဗီတာမင္စီနဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြကို ျမင့္တင္ေပးပါတယ္။

(၃) တ႐ုတ္ ဆီးသီးေျခာက္


တ႐ုတ္ ဆီးသီးေျခာက္မွာ သဘာဝ သၾကားဓာတ္ ႂကြယ္ဝစြ ာပါဝင္ပါတယ္။ အရက္နာက်ေနတဲ့ ေန႔ေတြမွာ တ႐ုတ္ဆီးသီးကို ခ်ိဳခ်ဥ္စားသလို တေနကုန္နီးပါး စားေနသင့္တယ္လို႔ ဆရာဝန္ေတြက အႀကံေပးထားၾကပါတယ္။ ပိုတက္ဆီယမ္နဲ႔ သၾကားဓာတ္ေတြ ပါဝင္လို႔ သင့္ခႏၶာကိုယ္ရဲ႕ စြမ္းအင္ကို ျမင့္တင္ေပးပါတယ္။

(၄) ဆယ္လ္မြန္ငါး


အရက္ဟာ ခႏၶာကိုယ္မွာရွိတဲ့ ဗီတာမင္ ဘီအုပ္စုကို ဖ်က္ဆီးႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ဟာ တုန္ယင္ျခင္းနဲ႔ အားယုတ္ျခင္းေတြကို ခံစားရတာပါ။ ဒီလိုအခ်ိန္မ်ိဳးမွာ ဗီတာမင္ B12 နဲ႔ အမိုင္ႏိုအက္ဆစ္ ပါဝင္တဲ့ ဆယ္လ္မြန္ငါးကို စားသင့္ပါတယ္။ ဆယ္လ္မြန္ငါး ၃ ေအာင္ဆေလာက္ကို စားသုံးေပးျခင္းဟာ တေန႔တာအတြက္ ခႏၶာကိုယ္မွာ လိုအပ္တဲ့ ဗီတာမင္ B12 ကို ရေစႏိုင္ပါတယ္။

(၅) အုန္းရည္


အခ်ိန္ျမန္ျမန္နဲ႔ အရက္နာက်ျခင္း့ကို ကုသေပးႏိုင္တဲ့ အရာကေတာ့ အုန္းရည္ပါ။ အုန္းရည္ဟာ ငွက္ေပ်ာသီးထက္ေတာင္ ပိုတက္ဆီယမ္ပိုၿပီး ႂကြယ္ဝတာေၾကာင့္ အရက္နာက်ျခင္းကို ခ်က္ခ်င္း ယူပစ္လိုက္သလို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ သၾကားဓာတ္လည္း လုံေလာက္စြာ ပါဝင္တာေၾကာင့္ မလိုအပ္တဲ့ ကယ္လိုရီတက္ျခင္းကိုလည္း မျဖစ္ပါဘူး။

အခုေဖာ္ျပေပးလိုက္တဲ့ စားစရာေတြက သင္ အရက္နာက်ေနခ်ိန္မွာ အျမန္ဆုံးေနရထိုင္ရ အဆင္ေျပေအာင္ ျပဳလုပ္ေပးမယ့္ နည္းလမ္းေတြျဖစ္ၿပီး ေရမ်ားမ်ားေသာက္ဖို႔နဲ႔ အရက္ ေသာက္ေနစဥ္မွာလည္း ေရကို သတိတရ ေသာက္ေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ညဘက်မှာ အရက် သောက်တာများသွားပြီး နောက်တနေ့ မနက်မှာ ခံရတဲ့ ဒဏ်က အရမ်းဆိုးဝါးတယ်ဆိုတာ အရက်နာ ကျဖူးသူတိုင်း သိကြမှာပါ။ အရက်နာကျတဲ့ အချိန်မှာ ရေဓာတ်ကုန်ခမ်းတာကြောင့် ရေများများသောက်ပေးဖို့က အဓိက အရေးကြီးပါတယ်။

အမြင်ဝေဝါးခြင်း၊ တုန်ရီခြင်း၊ မူးဝေခြင်းတွေ ဖြစ်တတ်ပြီး အစားအသောက်စားရတာလည်း ခက်ခဲပါတယ်။ ဒါကြောင့် အရက်နာကျချိန်မှာ စားသောက်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ထောပတ်သီး

အရက် အလွန်အကျွံ သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေအတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ကို ဆုံးရှုံးစေပါတယ်။ ဒါတွေကြောင့် ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းတွေကို ဖြစ်စေပါတယ်။ ဒီလို အချိန်မျိုးမှာ ဖိုင်ဘာဓာတ် အပြည့်အဝ ပါဝင်ပြီး၊ ဗီတာမင် B6 ၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ ပါဝင်တဲ့ ထောပတ်သီးကို စားသုံးသင့်ပါတယ်။

(၂) သံပုရာ ဂျင်းဖျော်ရည်

ဂျင်းနဲ့ သံပုရာသီးကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာကလည်း အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းဟာ ပျို့အန်ခြင်းကို ထိန်းပေးပြီး သံပုရာသီးကို ရေနွေးနဲ့ ဖျော်သောက်တာက ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို မြင့်တင်ပေးပါတယ်။

(၃) တရုတ် ဆီးသီးခြောက်

တရုတ် ဆီးသီးခြောက်မှာ သဘာဝ သကြားဓာတ် ကြွယ်ဝစွ ာပါဝင်ပါတယ်။ အရက်နာကျနေတဲ့ နေ့တွေမှာ တရုတ်ဆီးသီးကို ချိုချဉ်စားသလို တနေကုန်နီးပါး စားနေသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးထားကြပါတယ်။ ပိုတက်ဆီယမ်နဲ့ သကြားဓာတ်တွေ ပါဝင်လို့ သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို မြင့်တင်ပေးပါတယ်။

(၄) ဆယ်လ်မွန်ငါး

အရက်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဗီတာမင် ဘီအုပ်စုကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ တုန်ယင်ခြင်းနဲ့ အားယုတ်ခြင်းတွေကို ခံစားရတာပါ။ ဒီလိုအချိန်မျိုးမှာ ဗီတာမင် B12 နဲ့ အမိုင်နိုအက်ဆစ် ပါဝင်တဲ့ ဆယ်လ်မွန်ငါးကို စားသင့်ပါတယ်။ ဆယ်လ်မွန်ငါး ၃ အောင်ဆလောက်ကို စားသုံးပေးခြင်းဟာ တနေ့တာအတွက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် B12 ကို ရစေနိုင်ပါတယ်။

(၅) အုန်းရည်

အချိန်မြန်မြန်နဲ့ အရက်နာကျခြင်း့ကို ကုသပေးနိုင်တဲ့ အရာကတော့ အုန်းရည်ပါ။ အုန်းရည်ဟာ ငှက်ပျောသီးထက်တောင် ပိုတက်ဆီယမ်ပိုပြီး ကြွယ်ဝတာကြောင့် အရက်နာကျခြင်းကို ချက်ချင်း ယူပစ်လိုက်သလို ပျောက်ကင်းစေနိုင်ပါတယ်။ သကြားဓာတ်လည်း လုံလောက်စွာ ပါဝင်တာကြောင့် မလိုအပ်တဲ့ ကယ်လိုရီတက်ခြင်းကိုလည်း မဖြစ်ပါဘူး။

အခုဖော်ပြပေးလိုက်တဲ့ စားစရာတွေက သင် အရက်နာကျနေချိန်မှာ အမြန်ဆုံးနေရထိုင်ရ အဆင်ပြေအောင် ပြုလုပ်ပေးမယ့် နည်းလမ်းတွေဖြစ်ပြီး ရေများများသောက်ဖို့နဲ့ အရက် သောက်နေစဉ်မှာလည်း ရေကို သတိတရ သောက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top