iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Daily Hot News
# Unicode Version ဖြင့် ဖတ်ပါ #
ညဘက် ဖုန်းအားသွင်းထားရတာက တကယ်ကိုသက်သာပြီး အဆင်ပြေလွန်းတဲ့ ကိစ္စတစ်ခုပါ ။လူလည်းအိပ် ဖုန်းလည်းအိပ် ၊ မနက်နိုးလာတဲ့အခါ လူလည်းအားပြည့် ၊ဖုန်းလည်းအားပြည့် ဆိုတော့ စိတ်ချမ်းသာစရာပါပဲ ။အရမ်းကို အဆင်ပြေလွယ်ကူစေတဲ့ နည်းလမ်း တစ်ခုဖြစ်ပေမယ့် ဒါဟာ အလေ့အကျင့်ဆိုး တစ်ခုဖြစ်တယ်ဆိုတာကိုရော သင်သိရဲ့လား ။
ဖုန်းပလတ်ခေါင်းလောင်ကျွမ်းပြီး မီးဘေးအန္တရာယ်ရှိတဲ့အချက်ကိုတော့ ထည့်မပြောတော့ပါဘူး။ အထူးသဖြင့် ဖုန်းအသစ်တွေဝယ်ယူလာခဲ့တဲ့ တစ်လုံးအားသွင်းထားမယ်ဆိုရင် ဖုန်းအလွန်ထိခိုက်သွားပါလိမ့်မယ် ။သင်ပဲတွေးကြည့် ။ သင့်အိပ်နေတဲ့အချိန် ၇ နာရီလောက်အတွင်းမှာ ဖုန်းကိုတစ်ချိန်လုံးအားသွင်းထားတာဆိုတော့ ၂ နာရီနဲ့အားပြည့်မယ့်ဖုန်းကို လေးဆလောက်ကြာအောင်အားသွင်းထားတာပေါ့ ။
ဒါဟာ ဆိုးကျိုးမရှိဘူးလို့ထင်ရပေမယ့် သင့်ဖုန်းဘတ္ထရီ သက်တမ်းက တတိတိ နဲ့ တိုလာမှာကိုတော့ သတိထားသင့်ပါတယ် ။ထို့အပြင် ဖုန်းအားအနည်းငယ်လျော့တာနဲ့ ဖုန်းအားသွင်းတာမျိုးမပြုလုပ်သင့်ပါဘူး ။Iphone တစ်လုံးကို ဘတ္ထရီ ၂၄ ရာခိုင်နှုန်းအောက်ရောက်မှသာ အားသွင်းသင့်ကြောင်း Apple မှနည်းပညာရှင်တွေက တရားဝင်ထုတ်ပြန်ကြေငြာထားပါတယ် ။ ဒီတော့ ကိုယ့်ဖုန်းကို မပျက်မဆီးပဲ သက်တမ်းရှည်ရှည်ကိုင်ချင်ရင်တော့ လိုအပ်တဲ့အချိန်မှသာ အားသွင်းသင့်ပါတယ် ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top