iMyanmarHouse.com - Best Property Website for Myanmar
×


ၾကာေသးခင္အခ်ိန္ေတြတုန္းက ဆရာမဂ်ဴးရဲ႕ အေျခသတင္းႀကီးတဲ့ “ၾကာေတာ့သည္လည္း ေမာင့္စကား”ဝတၳဳကို႐ုပ္႐ွင္႐ိုက္ေတာ့မယ္ဆိုကတည္းက တစ္ႏိုင္ငံလံုးကပရိသတ္ေတြက စိတ္ဝင္တစား႐ွိခဲ့ၾကၿပီး အေမ်ွာ္လင့္ႀကီးေမ်ွာ္လင့္ထားခဲ့ၾကတာပါ။ အဲ့ဒီေနာက္မွာေရနံေခ်ာင္းကေန ျပင္ဦးလြင္ကိုေျပာင္း႐ိုက္မယ္ဆိုတဲ့ကိစၥအျပင္ ျဖဴဥႏုဖတ္ေနတဲ့ေဖြးေဖြးက ေရနံေခ်ာင္းသူ တင္တင္ေဇာ္ေနရာမွာ သ႐ုပ္ေဆာင္မယ္ဆိုတဲ့ကိစၥေတြေရာေၾကာင့္ ပရိသတ္ေတြရဲ႕ ယူၾကံဳးမရေဝဖန္ခ်က္ေတြဆူညံ့လာခဲ့တယ္ဆိုရင္လည္းမမွားပါဘူး။ မေန႔က (30.1.2019) မွာ “ၾကာေတာ့သည္လည္း ေမာင့္စကား”႐ုပ္႐ွင္အထူးပြဲျပသခဲ့ၿပီး ဆရာမဂ်ဴးလည္းလာေရာက္ခဲ့ပါတယ္။

ဆရာမဂ်ဴးက ႐ုပ္႐ွင္နဲ႔ပတ္သက္တဲ့ထင္ျမင္ခ်က္ကိုေရာ ပရိသတ္ေတြစိတ္ဝင္စားေနၾကတဲ့အေၾကာင္းအရာေတြကိုပါ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။ဆရာမဂ်ဴးက “ၾကာေတာ့သည္လည္း ေမာင့္စကား”ဝတၳဳကို ႐ုပ္႐ွင္႐ိုက္ဖိုခြင့္ျပဳျဖစ္ခဲ့ပံုကို “ဇာတ္ေကာင္ေတြရယ္ သ႐ုပ္ေဆာင္တဲ့သူေတြရယ္ ေနာက္ဒါ႐ိုက္တာေပါ့ေနာ္ ဒါ႐ိုက္တာကလည္း ကိုယ္ယံုၾကည္တဲ့ဒါ႐ိုက္တာျဖစ္ေနတယ္ေလ။ ေနာက္ၿပီးေတာ့ ျပန္ၿပီးသတင္းၾကားတဲ့အေၾကာင္းေတြ Facebook ေပၚမွာ တင္ထားတာေလးေတြရယ္ေပါ့”လို႔ ေျပာျပထားၿပီး အရင္ေခတ္က႐ိုက္ထားတာနဲ႔အခုထပ္႐ိုက္တာနဲ႔ကိုနိႉင္းယွဥ္ၾကည့္တဲ့အခါ အျမင္ကို “အရင္တုန္းက Version အေဟာင္း၊ အခုဒါက Version အသစ္ေပါ့၊ အေဟာင္းနဲ႔အသစ္နဲ႔က ယွဥ္ၿပီးေတာ့ အခုမွၾကည့္ရမွာ။


အေဟာင္းသည္လည္း သူတို႔အေကာင္းဆံုးလုပ္ထားတာေပါ့။ ဒါေပမယ့္ အသစ္သည္လည္း အေဟာင္းကိုမေက်ာ္ရင္ေတာင္ အမီလိုက္ႏိုင္လိမ့္မယ္လို႔ ကြၽန္မကေတာ့ ယံုၾကည္ပါတယ္။ ဒီသ႐ုပ္ေဆာင္ေတြဆိုတာလည္း ႏွယ္ႏွယ္ရရေတာ့မဟုတ္ၾကဘူးေလေနာ္ ကြၽန္မကေတာ့ ေမ်ွာ္လင့္ပါတယ္” လို႔ ေျဖၾကားထားပါတယ္။ပရိသတ္ေတြအေတာ္ႀကီးမေက်မနပ္ျဖစ္ေနၾကတဲ့ ေရနံေခ်ာင္းနဲ႔ျပင္ဦးလြင္ေျပာင္းလဲ႐ိုက္ခြင့္ျပဳလုိက္တဲ့ကိစၥကိုလည္း ဆရာမဂ်ဴးက “အရင္ကေတာ့ေရနံေခ်ာင္း၊အခုေတာ့ျပင္ဦးလြင္ေပါ့ေနာ္၊ ေျပာင္းလဲခြင့္ျပဳလိုက္တယ္ဆိုတာကလည္း တင္တင္ေဇာ္သည္ ေရနံေခ်ာင္းသူပဲျဖစ္ျဖစ္ ျပင္ဦးလြင္သူပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံထဲမွာေနေနတဲ့ျမန္မာအမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္။ ဆရာဝန္တစ္ေယာက္ျဖစ္တယ္။

 ေနာက္ သူ႔ရဲ႕စိတ္ထား၊ သူ႔ရဲ႕ခံစားခ်က္၊သူ႔ရဲ႕မာန၊သူ႔ရဲ႕က်င့္ဝတ္ အဲ့ဒါေတြ အကုန္လံုးဟာတူတူပဲ ဘယ္ၿမိဳ႕မွာပဲျဖစ္ျဖစ္အဲ့ဒါအတူတူပဲဆိုေတာ့ ကြၽန္မစိတ္ထဲကေတာ့ျပင္ဦးလြင္နဲ႔ ေရနံေခ်ာင္းဟာ သိပ္မကြာဘူး။ ဒါ႐ိုက္တာကိုယ္တိုင္ကလည္း ျပင္ဦးလြင္မွာ႐ိုက္ခြင့္ေပးပါလို႔ေျပာလိုက္တဲ့အခါမွာ ကြၽန္မက သူတို႔႐ိုက္ဖို႔လည္းလြယ္ဖို႔၊ အေရးႀကီးတာက တင္တင္ေဇာ္ရဲ႕႐ုပ္သြင္ရယ္ တင္တင္ေဇာ္ရဲ႕စိတ္ေပါ့၊ သူ႔ရဲ႕ခံစားမႉ၊ ဒါေပမယ့္ အခ်ိဳ႕ကလည္း အဲဒီလိုမွမျမင္တာ။ အဲ့ဒါေလးလည္းသူတို႔အားမလိုအားမရျဖစ္တာေလးေတြ႐ွိပါတယ္။ ကြၽန္မဘက္ကေတာ့ျပႆနာမ႐ွိပါဘူး”လို႔ ႐ွင္းျပေျဖၾကားထားခဲ့ပါတယ္။


ျဖဴဥႏုဖတ္ေနတဲ့ေဖြးေဖြးဟာ ေရနံေခ်ာင္းမွာေမြး ေရနံေခ်ာင္းမွာႀကီးတဲ့ တင္တင္ေဇာ္နဲ႔လားလားမ်ွမဆိုင္လို႔ ေဝဖန္ေနၾကတဲ့အေပၚမွာလည္း ဆရာမဂ်ဴးက “တင္တင္ေဇာ္ကိုအသားညိဳတယ္လို႔လည္း ကြၽန္မ မေရးထားမိဘူး။ဒါေပမယ့္ တင္တင္ေဇာ္နဲ႔ေဖြးေဖြးနဲ႔က႐ုပ္သြင္ခ်င္းမတူဘူးလို႔သူတို႔ကထင္ထားၾကတာ။ ဒါေပမယ့္ အခုၾကည့္လိုက္ရင္ေတာ့သူတို႔ရဲ႕စိတ္ေတြ သူတို႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြေျပာင္းရင္ေျပာင္းသြားမယ္လို႔ကြၽန္မထင္ပါတယ္” လို႔ ေဝဖန္ခ်က္ေပးထားပါတယ္။

ဒါ့အျပင္ ဆရာမဂ်ဴးက ေဖြးေဖြးရဲ႕သ႐ုပ္ေဆာင္မႉကိုလည္း ခ်ီးက်ဴးထားပါေသးတယ္။ ေဖြးေဖြးဟာ ဆရာမရဲ႕ေမ်ွာ္မွန္းထားတဲ့တင္တင္ေဇာ္ေရာျဖစ္ခဲ့လား လို႔ အေမးခံလိုက္ရခ်ိန္မွာ ဆရာမက ခဏၿငိမ္သက္သြားၿပီးမွ ျပံဳးၿပီး “အမ်ားအားျဖင့္ ျဖစ္ပါတယ္”လို႔ ေျဖခဲ့ပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ၾကာေတာ့သည္လည္းေမာင့္စကား ႐ုပ္႐ွင္ကိုသြားၾကည့္ၾကမွာလား။ ေဖြးေဖြးဟာ ပရိသတ္ေတြရင္ထဲကစိတ္ကူးပံုရိပ္ေတြထဲက တင္တင္ေဇာ္နဲ႔ေရာ ခပ္ဆင္ဆင္ေလာက္တူႏိုင္ပါ့မလား။ ေျပာခဲ့ၾကပါဦး။

Credit:Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

ကြာသေးခင်အချိန်တွေတုန်းက ဆရာမဂျူးရဲ့ အခြေသတင်းကြီးတဲ့ “ကြာတော့သည်လည်း မောင့်စကား”ဝတ္ထုကိုရုပ်ရှင်ရိုက်တော့မယ်ဆိုကတည်းက တစ်နိုင်ငံလုံးကပရိသတ်တွေက စိတ်ဝင်တစားရှိခဲ့ကြပြီး အမျှော်လင့်ကြီးမျှော်လင့်ထားခဲ့ကြတာပါ။ အဲ့ဒီနောက်မှာရေနံချောင်းကနေ ပြင်ဦးလွင်ကိုပြောင်းရိုက်မယ်ဆိုတဲ့ကိစ္စအပြင် ဖြူဥနုဖတ်နေတဲ့ဖွေးဖွေးက ရေနံချောင်းသူ တင်တင်ဇော်နေရာမှာ သရုပ်ဆောင်မယ်ဆိုတဲ့ကိစ္စတွေရောကြောင့် ပရိသတ်တွေရဲ့ ယူကြုံးမရဝေဖန်ချက်တွေဆူညံ့လာခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ မနေ့က (30.1.2019) မှာ “ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်အထူးပွဲပြသခဲ့ပြီး ဆရာမဂျူးလည်းလာရောက်ခဲ့ပါတယ်။

ဆရာမဂျူးက ရုပ်ရှင်နဲ့ပတ်သက်တဲ့ထင်မြင်ချက်ကိုရော ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့အကြောင်းအရာတွေကိုပါ မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ဆရာမဂျူးက “ကြာတော့သည်လည်း မောင့်စကား”ဝတ္ထုကို ရုပ်ရှင်ရိုက်ဖိုခွင့်ပြုဖြစ်ခဲ့ပုံကို “ဇာတ်ကောင်တွေရယ် သရုပ်ဆောင်တဲ့သူတွေရယ် နောက်ဒါရိုက်တာပေါ့နော် ဒါရိုက်တာကလည်း ကိုယ်ယုံကြည်တဲ့ဒါရိုက်တာဖြစ်နေတယ်လေ။ နောက်ပြီးတော့ ပြန်ပြီးသတင်းကြားတဲ့အကြောင်းတွေ Facebook ပေါ်မှာ တင်ထားတာလေးတွေရယ်ပေါ့”လို့ ပြောပြထားပြီး အရင်ခေတ်ကရိုက်ထားတာနဲ့အခုထပ်ရိုက်တာနဲ့ကိုနှိူင်းယှဉ်ကြည့်တဲ့အခါ အမြင်ကို “အရင်တုန်းက Version အဟောင်း၊ အခုဒါက Version အသစ်ပေါ့၊ အဟောင်းနဲ့အသစ်နဲ့က ယှဉ်ပြီးတော့ အခုမှကြည့်ရမှာ။

အဟောင်းသည်လည်း သူတို့အကောင်းဆုံးလုပ်ထားတာပေါ့။ ဒါပေမယ့် အသစ်သည်လည်း အဟောင်းကိုမကျော်ရင်တောင် အမီလိုက်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ဒီသရုပ်ဆောင်တွေဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ကြဘူးလေနော် ကျွန်မကတော့ မျှော်လင့်ပါတယ်” လို့ ဖြေကြားထားပါတယ်။ပရိသတ်တွေအတော်ကြီးမကျေမနပ်ဖြစ်နေကြတဲ့ ရေနံချောင်းနဲ့ပြင်ဦးလွင်ပြောင်းလဲရိုက်ခွင့်ပြုလိုက်တဲ့ကိစ္စကိုလည်း ဆရာမဂျူးက “အရင်ကတော့ရေနံချောင်း၊အခုတော့ပြင်ဦးလွင်ပေါ့နော်၊ ပြောင်းလဲခွင့်ပြုလိုက်တယ်ဆိုတာကလည်း တင်တင်ဇော်သည် ရေနံချောင်းသူပဲဖြစ်ဖြစ် ပြင်ဦးလွင်သူပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာနေနေတဲ့မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဆရာဝန်တစ်ယောက်ဖြစ်တယ်။

 နောက် သူ့ရဲ့စိတ်ထား၊ သူ့ရဲ့ခံစားချက်၊သူ့ရဲ့မာန၊သူ့ရဲ့ကျင့်ဝတ် အဲ့ဒါတွေ အကုန်လုံးဟာတူတူပဲ ဘယ်မြို့မှာပဲဖြစ်ဖြစ်အဲ့ဒါအတူတူပဲဆိုတော့ ကျွန်မစိတ်ထဲကတော့ပြင်ဦးလွင်နဲ့ ရေနံချောင်းဟာ သိပ်မကွာဘူး။ ဒါရိုက်တာကိုယ်တိုင်ကလည်း ပြင်ဦးလွင်မှာရိုက်ခွင့်ပေးပါလို့ပြောလိုက်တဲ့အခါမှာ ကျွန်မက သူတို့ရိုက်ဖို့လည်းလွယ်ဖို့၊ အရေးကြီးတာက တင်တင်ဇော်ရဲ့ရုပ်သွင်ရယ် တင်တင်ဇော်ရဲ့စိတ်ပေါ့၊ သူ့ရဲ့ခံစားမှူ၊ ဒါပေမယ့် အချို့ကလည်း အဲဒီလိုမှမမြင်တာ။ အဲ့ဒါလေးလည်းသူတို့အားမလိုအားမရဖြစ်တာလေးတွေရှိပါတယ်။ ကျွန်မဘက်ကတော့ပြဿနာမရှိပါဘူး”လို့ ရှင်းပြဖြေကြားထားခဲ့ပါတယ်။

ဖြူဥနုဖတ်နေတဲ့ဖွေးဖွေးဟာ ရေနံချောင်းမှာမွေး ရေနံချောင်းမှာကြီးတဲ့ တင်တင်ဇော်နဲ့လားလားမျှမဆိုင်လို့ ဝေဖန်နေကြတဲ့အပေါ်မှာလည်း ဆရာမဂျူးက “တင်တင်ဇော်ကိုအသားညိုတယ်လို့လည်း ကျွန်မ မရေးထားမိဘူး။ဒါပေမယ့် တင်တင်ဇော်နဲ့ဖွေးဖွေးနဲ့ကရုပ်သွင်ချင်းမတူဘူးလို့သူတို့ကထင်ထားကြတာ။ ဒါပေမယ့် အခုကြည့်လိုက်ရင်တော့သူတို့ရဲ့စိတ်တွေ သူတို့ရဲ့ထင်မြင်ယူဆချက်တွေပြောင်းရင်ပြောင်းသွားမယ်လို့ကျွန်မထင်ပါတယ်” လို့ ဝေဖန်ချက်ပေးထားပါတယ်။

ဒါ့အပြင် ဆရာမဂျူးက ဖွေးဖွေးရဲ့သရုပ်ဆောင်မှူကိုလည်း ချီးကျူးထားပါသေးတယ်။ ဖွေးဖွေးဟာ ဆရာမရဲ့မျှော်မှန်းထားတဲ့တင်တင်ဇော်ရောဖြစ်ခဲ့လား လို့ အမေးခံလိုက်ရချိန်မှာ ဆရာမက ခဏငြိမ်သက်သွားပြီးမှ ပြုံးပြီး “အများအားဖြင့် ဖြစ်ပါတယ်”လို့ ဖြေခဲ့ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကြာတော့သည်လည်းမောင့်စကား ရုပ်ရှင်ကိုသွားကြည့်ကြမှာလား။ ဖွေးဖွေးဟာ ပရိသတ်တွေရင်ထဲကစိတ်ကူးပုံရိပ်တွေထဲက တင်တင်ဇော်နဲ့ရော ခပ်ဆင်ဆင်လောက်တူနိုင်ပါ့မလား။ ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top