iMyanmarHouse.com - Best Property Website for Myanmar
×


ေသြးေပါင္က်ျခင္းဟာ ေသြးတိုးျခင္းလိုပဲ က်န္းမာေရးအတြက္ အႏၲရာယ္ ရွိပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ေသြးေပါင္ခ်ိန္ဟာ ၁၂၀/၈၀ ျဖစ္ၿပီး ၉၀/၆၀ ေအာက္ ေရာက္သြားရင္ေတာ့ ေသြးေပါင္က်တယ္လို႔ သတ္မွတ္လို႔ရပါတယ္။ေသြးေပါင္က်ျခင္းဟာ ေမြးရာပါ ေသြးအားနည္းျခင္း၊ ေရဓာတ္ ခမ္းေျခာက္ျခင္းနဲ႔ ေဟာ္မုန္း မညီမွ်တဲ့ အခါမ်ိဳးမွာ ျဖစ္ေပၚတတ္ၿပီး ေရရွည္စြဲၿမဲေသာက္သုံးတဲ့ ေဆးဝါးေတြေၾကာင့္လည္း ျဖစ္ေပၚတတ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ မၾကာခဏ ေသြးေပါင္က်တတ္သူေတြ သတိထားၿပီး လိုက္နာသင့္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

(၁) ေရမ်ားမ်ား ေသာက္ပါ

ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္တဲ့ အခါမ်ိဳးမွာလည္း ေသြးေပါင္က်တတ္တာေၾကာင့္ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။ သင့္အေနနဲ႔ မၾကာခဏ ေသြးေပါင္က်တတ္တယ္ဆိုရင္ေတာ့ ေရမ်ားမ်ား ေသာက္ေပးသင့္သလို အရည္႐ႊမ္းတဲ့ အသီးအႏွံေတြကိုလည္း စားေပးသင့္ပါတယ္။

(၂) ဗီတာမင္ B12 ပါဝင္တဲ့ အစားအစာေတြကို မ်ားမ်ား စားေပးပါ

ဗီတာမင္ B12 ခ်ိဳ႕တဲ့တဲ့ အခါမ်ိဳးမွာလည္း ေသြးေပါင္က်ျခင္းကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ၾကက္ဥ၊ ဘဲဥ စတဲ့ ဗီတာမင္ B12 ပါဝင္တဲ့ အစားအစာေတြကို စားသုံးေပးသင့္ပါတယ္။

(၃) ေသာက္ေနက် ေဆးဝါးေတြကို ဆရာဝန္နဲ႔ တိုင္ပင္ပါ

ႏွလုံးေရာဂါ ေဆးဝါးေတြနဲ႔ အသည္းေရာဂါေဆးေတြ ေရရွည္စြဲၿမဲေသာက္သုံးတဲ့ အခါမ်ိဳးမွာ ေသြးေပါင္က်တတ္တာေၾကာင့္ မၾကာခဏ ေသြးေပါင္က်တတ္တယ္ဆိုရင္ မိမိေသာက္ေနက်ေဆးဝါးေတြကို ဆရာဝန္နဲ႔ ျပန္လည္ တိုင္ပင္သင့္ပါတယ္။

(၄) ထိုင္တဲ့အခါမွာ ေျခခ်ိတ္ၿပီး ထိုင္ပါ

ေဆးပညာရွင္ေတြရဲ႕အဆိုအရ ထိုင္တဲ့အခါ ေျခခ်ိတ္ၿပီး ထိုင္ျခင္းဟာ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစတာေၾကာင့္ ေသြးေပါင္က်တတ္သူေတြအေနနဲ႔ ျပဳလုပ္သင့္တဲ့ အရာတခုပဲ ျဖစ္ပါတယ္။

(၅) ကိုယ္ေနဟန္ထား အေျပာင္းအလဲကို သတိျပဳပါ

ထိုင္ရာကေန ႐ုတ္တရက္မတ္တပ္ထရပ္တာမ်ိဳးနဲ႔ တဖက္ကို ေခါင္းလွည့္တာမ်ိဳးဟာ မူူးေဝၿပီး လဲက်တဲ့အထိ ျဖစ္ေစႏိုင္တာေၾကာင့္ ေသြးေပါင္က်တတ္သူေတြအေနနဲ႔ ကိုယ္ေနဟန္ထားအေျပာင္းအလဲကို သတိျပဳသင့္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သွေးပေါင်ကျခြင်းဟာ သွေးတိုးခြင်းလိုပဲ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။သွေးပေါင်ကျခြင်းဟာ မွေးရာပါ သွေးအားနည်းခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ ဟော်မုန်း မညီမျှတဲ့ အခါမျိုးမှာ ဖြစ်ပေါ်တတ်ပြီး ရေရှည်စွဲမြဲသောက်သုံးတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မကြာခဏ သွေးပေါင်ကျတတ်သူတွေ သတိထားပြီး လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) ရေများများ သောက်ပါ

ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျတတ်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ သင့်အနေနဲ့ မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ ရေများများ သောက်ပေးသင့်သလို အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း စားပေးသင့်ပါတယ်။

(၂) ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ

ဗီတာမင် B12 ချို့တဲ့တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကြက်ဥ၊ ဘဲဥ စတဲ့ ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

(၃) သောက်နေကျ ဆေးဝါးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ

နှလုံးရောဂါ ဆေးဝါးတွေနဲ့ အသည်းရောဂါဆေးတွေ ရေရှည်စွဲမြဲသောက်သုံးတဲ့ အခါမျိုးမှာ သွေးပေါင်ကျတတ်တာကြောင့် မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင် မိမိသောက်နေကျဆေးဝါးတွေကို ဆရာဝန်နဲ့ ပြန်လည် တိုင်ပင်သင့်ပါတယ်။

(၄) ထိုင်တဲ့အခါမှာ ခြေချိတ်ပြီး ထိုင်ပါ

ဆေးပညာရှင်တွေရဲ့အဆိုအရ ထိုင်တဲ့အခါ ခြေချိတ်ပြီး ထိုင်ခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတာကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ ပြုလုပ်သင့်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။

(၅) ကိုယ်နေဟန်ထား အပြောင်းအလဲကို သတိပြုပါ

ထိုင်ရာကနေ ရုတ်တရက်မတ်တပ်ထရပ်တာမျိုးနဲ့ တဖက်ကို ခေါင်းလှည့်တာမျိုးဟာ မူူးဝေပြီး လဲကျတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ ကိုယ်နေဟန်ထားအပြောင်းအလဲကို သတိပြုသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top