iMyanmarHouse.com - Best Property Website for Myanmar
×


လက္ဖက္ရည္ေဖ်ာ္ၿပီးတိုင္းအသုံးျပဳပီးသားလက္ဖက္ေျခာက္အိတ္ေတြကိုအမႈိက္ပုံးထဲပစ္လိုက္ၾကပါတယ္ဒါဟာျဖန္းတီးမႈတစ္ခုပါအသုံးျပဳၿပီးသားလက္ဖက္ေျခာက္အိတ္ နဲ႔အသုံးဝင္တဲ့အရာေတြအမ်ားႀကီးလုပ္လို႔ရပါတယ္။

၁။ဆန္

ထမင္းစားတဲ့အခါတစ္ခါတစ္ရံထမင္းကအရသာမရွိတာမ်ိဳးျဖစ္တတ္ပါတယ္သုံးၿပီးသားလက္ဖက္ေျခာက္အိတ္ကိုေရရွိေနေသးတဲ့ထမင္းေပါင္းအိုးထဲထည့္ပါ ။လက္ဖက္ေျခာက္ဟာဆန္နဲ႔လိုက္ဖက္တဲ့အတြက္အရသာေကာင္းေကာင္းေလးထြက္လာပါလိမ့္မယ္။

၂။ပန္းပင္

လက္ဖက္ေျခာက္သည္အိမ္မွာစိုက္ပ်ိဳးတဲ့ပန္းပင္ေတြကိုအႏၲရာယ္ရွိတဲ့မႈိေတြေပါက္ဖြားမႈမွကာကြယ္ေပးပါတယ္။ေရေႏြးပူထဲမွာသုံးၿပီးသားလက္ဖက္ေျခာက္အိတ္ကိုထည့္ပါၿပီးရင္အဲဒီေရေႏြးကိုအေအးခံၿပီးပန္းပင္ေတြကိုေရေလာင္းပါ။

၃။အနံ႔အသက္

လက္ဖက္ေျခာက္သည္ဆိုးဝါးတဲ့အနံ႔အသက္ေတြကိုဖုံးေပးႏိုင္စြမ္းရွိပါတယ္ဒါေၾကာင့္အမႈိက္ပုံးလိုမ်ိဳးအနံ႔အသက္နံတဲ့ေနရာမွာသုံးၿပီးသားလက္ဖက္ေျခာက္အိတ္ကိုထားလို႔ရပါတယ္။လက္ဖက္ေျခာက္ဟာမေကာင္းတဲ့အနံ႔အသက္ေတြကိုစုပ္ယူသြားၿပီးအနံ႔အသက္ေကာင္းလာတာကိုေတြ႕ရပါလိမ့္မယ္။

၄။မီးပုံ

မီးပုံေတြကိုမီးၿငိမ္းသက္တဲ့အခါစိတ္ခ်ေစဖို႔သုံးၿပီးသားလက္ဖက္ေျခာက္အိတ္ကိုအသုံးျပဳႏိုင္ပါတယ္။ျပာပုံထဲကေနမီးထပ္စြဲမေလာင္ေစဖို႔ျပာပုံထဲသို႔လက္ဖက္ေျခာက္အိတ္ကိုထည့္ၿပီးတဲ့ျပာပုံကိုအလြယ္တကူလွဲက်င္းၿပီးပစ္လိုက္ပါ။

၅။ေရခ်ိဳးတဲ့ေရ

ေရခ်ိဳးတဲ့အခါေရထဲကိုအနံ႔အသက္ေကာင္းေစဖို႔လက္ဖက္ေျခာက္အိတ္ကိုထည့္လို႔ရပါတယ္။ဒါ့အျပင္လက္ဖက္ေျခာက္ထဲမွာပါတဲ့antioxidants ကအသားအေရအတြက္လည္းေကာင္းပါတယ္။

၆။ဆံပင္

သင့္မွာအဆီျပန္တဲ့ဆံပင္မ်ိဳးရွိတယ္ဆိုရင္အသုံးျပဳၿပီးသားလက္ဖက္ေျခာက္အိတ္ကိုေရေႏြးေႏြးေလးထဲစိမ္ထားၿပီးနာရီဝက္ေလာက္ထားပါ။ဆံပင္ကိုshampoo နဲ႔ေလွ်ာ္ၿပီးတဲ့အခါလက္ဖက္ေျခာက္စိမ္ထားတဲ့ေရကိုေလာင္းခ်လိုက္ပါ။ၿပီးရင္ေရနဲ႔ျပန္မေဆးလိုက္ပါနဲ႔

၇။႐ူးဖိနပ္

႐ူးဖိနပ္ေတြကရနံ႔ဆိုးေတြထြက္တတ္ပါတယ္။ဒါေၾကာင့္အသုံးျပဳၿပီးသားလက္ေျခာက္အိတ္ကိုအေျခာက္ခံၿပီး႐ူးဖိနပ္ထဲမွာ၁ညေလာက္ထားလိုက္ရင္အနံ႔ဆိုးေတြေပ်ာက္သြားပါလိမ့္မယ္။

Credit:Min Thu (Daily Hot News)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လက်ဖက်ရည်ဖျော်ပြီးတိုင်းအသုံးပြုပီးသားလက်ဖက်ခြောက်အိတ်တွေကိုအမှိုက်ပုံးထဲပစ်လိုက်ကြပါတယ်ဒါဟာဖြန်းတီးမှုတစ်ခုပါအသုံးပြုပြီးသားလက်ဖက်ခြောက်အိတ် နဲ့အသုံးဝင်တဲ့အရာတွေအများကြီးလုပ်လို့ရပါတယ်။

၁။ဆန်

ထမင်းစားတဲ့အခါတစ်ခါတစ်ရံထမင်းကအရသာမရှိတာမျိုးဖြစ်တတ်ပါတယ်သုံးပြီးသားလက်ဖက်ခြောက်အိတ်ကိုရေရှိနေသေးတဲ့ထမင်းပေါင်းအိုးထဲထည့်ပါ ။လက်ဖက်ခြောက်ဟာဆန်နဲ့လိုက်ဖက်တဲ့အတွက်အရသာကောင်းကောင်းလေးထွက်လာပါလိမ့်မယ်။

၂။ပန်းပင်

လက်ဖက်ခြောက်သည်အိမ်မှာစိုက်ပျိုးတဲ့ပန်းပင်တွေကိုအန္တရာယ်ရှိတဲ့မှိုတွေပေါက်ဖွားမှုမှကာကွယ်ပေးပါတယ်။ရေနွေးပူထဲမှာသုံးပြီးသားလက်ဖက်ခြောက်အိတ်ကိုထည့်ပါပြီးရင်အဲဒီရေနွေးကိုအအေးခံပြီးပန်းပင်တွေကိုရေလောင်းပါ။

၃။အနံ့အသက်

လက်ဖက်ခြောက်သည်ဆိုးဝါးတဲ့အနံ့အသက်တွေကိုဖုံးပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်အမှိုက်ပုံးလိုမျိုးအနံ့အသက်နံတဲ့နေရာမှာသုံးပြီးသားလက်ဖက်ခြောက်အိတ်ကိုထားလို့ရပါတယ်။လက်ဖက်ခြောက်ဟာမကောင်းတဲ့အနံ့အသက်တွေကိုစုပ်ယူသွားပြီးအနံ့အသက်ကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။

၄။မီးပုံ

မီးပုံတွေကိုမီးငြိမ်းသက်တဲ့အခါစိတ်ချစေဖို့သုံးပြီးသားလက်ဖက်ခြောက်အိတ်ကိုအသုံးပြုနိုင်ပါတယ်။ပြာပုံထဲကနေမီးထပ်စွဲမလောင်စေဖို့ပြာပုံထဲသို့လက်ဖက်ခြောက်အိတ်ကိုထည့်ပြီးတဲ့ပြာပုံကိုအလွယ်တကူလှဲကျင်းပြီးပစ်လိုက်ပါ။

၅။ရေချိုးတဲ့ရေ

ရေချိုးတဲ့အခါရေထဲကိုအနံ့အသက်ကောင်းစေဖို့လက်ဖက်ခြောက်အိတ်ကိုထည့်လို့ရပါတယ်။ဒါ့အပြင်လက်ဖက်ခြောက်ထဲမှာပါတဲ့antioxidants ကအသားအရေအတွက်လည်းကောင်းပါတယ်။

၆။ဆံပင်

သင့်မှာအဆီပြန်တဲ့ဆံပင်မျိုးရှိတယ်ဆိုရင်အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ်ကိုရေနွေးနွေးလေးထဲစိမ်ထားပြီးနာရီဝက်လောက်ထားပါ။ဆံပင်ကိုshampoo နဲ့လျှော်ပြီးတဲ့အခါလက်ဖက်ခြောက်စိမ်ထားတဲ့ရေကိုလောင်းချလိုက်ပါ။ပြီးရင်ရေနဲ့ပြန်မဆေးလိုက်ပါနဲ့

၇။ရူးဖိနပ်

ရူးဖိနပ်တွေကရနံ့ဆိုးတွေထွက်တတ်ပါတယ်။ဒါကြောင့်အသုံးပြုပြီးသားလက်ခြောက်အိတ်ကိုအခြောက်ခံပြီးရူးဖိနပ်ထဲမှာ၁ညလောက်ထားလိုက်ရင်အနံ့ဆိုးတွေပျောက်သွားပါလိမ့်မယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top