iMyanmarHouse.com - Best Property Website for Myanmar
×


ဘယ္အရာမဆို တန္ေဆးလြန္ေဘးဆိုတဲ့ အတိုင္းပဲ သံပုရာရည္ဟာ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုေပမယ့္ အလြန္အကြၽံေသာက္သုံးရင္ေတာ့ သြားေတြပ်က္စီးတာ၊အစာေခ်လမ္းေၾကာင္း ထိခိုက္တာ အစရွိတဲ့ ျပႆနာေတြကို ျဖစ္ေပၚေစပါလိမ့္မယ္။

သံပုရာရည္မွာ ပါဝင္တဲ့ အက္ဆစ္ေတြဟာ အစာအိမ္နဲ႕ အူလမ္းေၾကာင္းကို ဒုကၡေပးႏိုင္ပါတယ္။အက္ဆစ္ဓာတ္ကဲတဲ့ အစားအစာေတြဟာ အစာေခ်ရည္ဆန္တက္တဲ့ ေရာဂါတမ်ိဳးျဖစ္တဲ့ GERD ရဲ့ လကၡဏာေတြကို ပိုဆိုးေစျပီး အခ်ိဳ႕လူေတြဟာ ascorbic acid ပါတဲ့ အစားအေသာက္ေတြကို အလြန္အမင္း စားသုံးျပီးတဲ့အခါ ဗိုက္နာ၊ဗိုက္ေအာင့္တဲ့ ေဝဒနာေတြ ခံစားလာရတတ္ပါတယ္။

Citric acid နဲ႕ ascorbic acid ႏွစ္မ်ိဳးေရာေႏွာထားတဲ့ သံပုရာရည္ဟာ pH တန္ဖိုး ၂ – ၂.၆ ေလာက္ ရွိပါတယ္ (pH တန္ဖိုး သုညဟာ အက္ဆစ္ဓာတ္အျပင္းဆုံး ပမာဏျဖစ္ျပီး ဘက္ထရီထဲမွာ ထည့္ထားတဲ့ အက္ဆစ္ဟာ pH တန္ဖိုး ၁ ရွိပါတယ္)။

pH ပမာဏ ၄ ေလာက္ရွိတဲ့ အစားအစာေတြဟာ သြားေႂကြလႊာကို ဖ်က္ဆီးႏိုင္တယ္လို႕ “ မန္နီဆိုးတား သြားဆရာဝန္မ်ား အဖြဲ႕အစည္း” က ဆိုတဲ့အတြက္ သံပုရာရည္ဟာ သင့္သြားေတြကို ထင္ခိုက္ေစမွာ အေသအခ်ာပါပဲ။

ဒါေၾကာင့္ သံပုရာရည္ေသာက္ျပီးတိုင္း အာလုပ္က်င္းေပးျခင္းျဖစ္ သြားေႂကြလႊာေတြ ပ်က္စီးမႈကို ကာကြယ္ရပါလိမ့္မယ္။ဒါ့အျပင္ သံပုရာရည္ေသာက္ျပီး တနာရီေလာက္အတြင္းမွာ သြားတိုက္တာကိုလည္း ေရွာင္က်ဥ္ရပါမယ္။ဒီလိုမွမဟုတ္ရင္ သင့္သြားေတြကို အက္ဆစ္နဲ႕ လိုက္ပြတ္တိုက္ေနသလို ျဖစ္မွာစိုးတာေၾကာင့္ပါ။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်သုံးရင်တော့ သွားတွေပျက်စီးတာ၊အစာချေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေဟာ အစာချေရည်ဆန်တက်တဲ့ ရောဂါတမျိုးဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေကို ပိုဆိုးစေပြီး အချို့လူတွေဟာ ascorbic acid ပါတဲ့ အစားအသောက်တွေကို အလွန်အမင်း စားသုံးပြီးတဲ့အခါ ဗိုက်နာ၊ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

Citric acid နဲ့ ascorbic acid နှစ်မျိုးရောနှောထားတဲ့ သံပုရာရည်ဟာ pH တန်ဖိုး ၂ – ၂.၆ လောက် ရှိပါတယ် (pH တန်ဖိုး သုညဟာ အက်ဆစ်ဓာတ်အပြင်းဆုံး ပမာဏဖြစ်ပြီး ဘက်ထရီထဲမှာ ထည့်ထားတဲ့ အက်ဆစ်ဟာ pH တန်ဖိုး ၁ ရှိပါတယ်)။

pH ပမာဏ ၄ လောက်ရှိတဲ့ အစားအစာတွေဟာ သွားကြွေလွှာကို ဖျက်ဆီးနိုင်တယ်လို့ “ မန်နီဆိုးတား သွားဆရာဝန်များ အဖွဲ့အစည်း” က ဆိုတဲ့အတွက် သံပုရာရည်ဟာ သင့်သွားတွေကို ထင်ခိုက်စေမှာ အသေအချာပါပဲ။

ဒါကြောင့် သံပုရာရည်သောက်ပြီးတိုင်း အာလုပ်ကျင်းပေးခြင်းဖြစ် သွားကြွေလွှာတွေ ပျက်စီးမှုကို ကာကွယ်ရပါလိမ့်မယ်။ဒါ့အပြင် သံပုရာရည်သောက်ပြီး တနာရီလောက်အတွင်းမှာ သွားတိုက်တာကိုလည်း ရှောင်ကျဉ်ရပါမယ်။ဒီလိုမှမဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top