iMyanmarHouse.com - Best Property Website for Myanmar
×


အခုေျပာျပမယ့္နည္းေလးေတြက အကုန္အက်လည္းသက္သာတယ္၊ ေဘးျဖစ္ေစမယ့္အရာလည္းတစ္ခုမွမပါဘူး၊ အာနိသင္လည္းထိေရာက္တယ္။ဒိန္ခ်ဥ္က အစာေျခစနစ္အတြက္ေကာင္းတယ္၊ အာဟာရဓာတ္ေတြပါလို႔ အသားအေရအတြက္ပါ ေကာင္းတယ္၊ အခုဆံပင္အတြက္ဆိုလည္း အားျဖည့္ေပးမယ့္ ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ေနျပန္ပါတယ္။

ဆံပင္အတြက္ ဘာေတြေကာင္းလဲဆိုေတာ့ –

ဦးေရျပားမွာ မိႈပိုးသန္႔စင္ေစတဲ့အာနိသင္ေၾကာင့္ ေဗာက္ေပ်ာက္ေစတယ္
ဆံသားကို အစိုဓာတ္္ၾကာၾကာထိန္းေပးနိုင္တယ္
ဦးေရျပားက်န္းမာေရးကို အားျဖည့္ေပးျပီး ဆံပင္အျမစ္အိတ္မွာ ပိတ္ဆို႔ျခင္းကိုသက္သာေစတယ္ (ရလဒ္အေနနဲ႔ ဆံပင္ကြ်တ္သက္သာေစတယ္)
အဆီထြက္ရွိမႈကို ထိန္းညွိေပးျပီး ဦးေရျပားရဲ႕ pH အဆင့္ကို ထိန္းေပးတယ္
 ေအးျမေစတဲ့အာနိသင္ရွိလို႔ ဦးေရျပားမွာ ျပႆနာရွိေနရင္ေတာင္ သက္သာေစတယ္

ကဲ ဆံသားကို က်န္းမာေစဖို႔ အားျဖည့္ေပးမယ့္ အားေဆးေလးေတြ ဘယ္လိုေဖာ္စပ္မလဲ။ ဆက္ၾကည့္ရေအာင္ –

ၾကက္ဥနဲ႔ဒိန္ခ်ႈဥ္

ပန္းကန္လံုးထဲကို ၾကက္ဥတစ္လံုးကိုထည့္ေခါက္ပါ။ဒိန္ခ်ဥ္ စားပြဲတင္ဇြန္းႏွစ္ဇြန္းထည့္ျပီး ပ်စ္ႏွစ္လာေအာင္ေမႊေခါက္ပါ။ဆံသားအရင္းထိ စိမ့္ဝင္ေအာင္လိမ္းျပီး မိနစ္ ၂၀-၃၀ ေလာက္ထားပါ။ (ဆံပင္အားလံုးကို လိမ္းနိုင္ရင္ေကာင္းပါတယ္)ျပီးမွ ပံုမွန္အတိုင္းေခါင္းေလွ်ာ္ခ်လိုက္ရံုပဲ။ဒီနည္းကို တစ္ပတ္ႏွစ္ၾကိမ္လုပ္လို႔ရပါတယ္။

ငွက္ေပ်ာသီးနဲ႔ဒိန္ခ်ဥ္

ပန္းကန္လံုးထဲကို ငွက္ေပ်ာသီးမွည့္တျခမ္းကိုထည့္ေခ်ပါ။ေခ်တာညက္သြားျပီဆိုရင္ ဒိန္ခ်ဥ္ တစ္ဇြန္း၊ ပ်ားရည္သံုးဇြန္း၊သံပရာရည္တစ္ဇြန္းထည့္္ပါ။ ဆက္ေမႊပါ။ဆံသားအရင္းထိ စိမ့္ဝင္ေအာင္လိမ္းျပီး မိနစ္ ၂၀-၃၀ ေလာက္ထားပါ။ျပီးမွ ပံုမွန္အတိုင္းေခါင္းေလွ်ာ္ပါ။

သံလြင္ဆီနဲ႔ ဒိန္ခ်ဥ္

ပန္းကန္လံုးထဲမွာ သံလြင္ဆီနဲ႔ဒိန္ခ်ဥ္တစ္ဇြန္းစီကိုထည့္ေမႊပါ။မတ္ခြက္တစ္လံုးထဲမွာ သံပရာရည္တစ္ဇြန္းနဲ႔ေရႏွစ္ခြက္ကိုေရာထားပါ။ေခါင္းေလွ်ာ္ရည္နဲ႔ပံုမွန္အတိုင္းေခါင္းေလွ်ာ္ျပီး ဆံပင္ကိုေရညွစ္ထားပါ။ဒိန္ခ်ဥ္အေရာအႏွစ္ကို ဆံသားမွာလိမ္းျပီး  မိနစ္ ၂၀ ထားပါ။ၾကက္သီးေႏြးေရေလးနဲ႔ ေဆးေၾကာပါ။ေနာက္ဆံုးမွ ခုနက သံပရာရည္အေရာကို ေလာင္းခ်ပါ။ဒါလည္း တစ္ပတ္ႏွစ္ၾကိမ္လုပ္လို႔ရတယ္။

ပ်ားရည္နဲ႔ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဇြန္းတဝက္၊ ပ်ားရည္တစ္ဇြန္း၊ ပန္းသီးရွာလကာရည္တစ္ဇြန္းကို ေရာျပီးအႏွစ္ျဖစ္ေအာင္ေမႊပါ။ဆံပင္အရင္းကေန ထိပ္ဖ်ားေလးေတြအထိ စိမ့္ဝင္ေအာင္လိမ္းပါ။မိနစ္ ၃၀ ေလာက္ေနရင္ ရွန္ပူအေပ်ာ့့စားနဲ႔ေလွ်ာ္ပါ။
ရွားေစာင္းလက္ပပ္နဲ႔ ဒိန္ခ်ဥ္ရွားေစာင္းလက္ပပ္အႏွစ္ သံုးဇြန္း၊ဒိန္ခ်ဥ္ႏွစ္ဇြန္း၊သံလြင္ဆီႏွစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းကို အႏွစ္ျဖစ္ေအာင္ေမႊပါ။ဦးေရျပားမွာ ၁၅ မိနစ္ေလာက္ ႏွိပ္နယ္လိမ္းေပးပါ။လိမ္းျပီးရင္ ဆံပင္အရင္းကေနအဖ်ားထိ အကုန္ႏွံ႔ေအာင္ဆက္လိမ္းျပီး ၁၅ မိနစ္ထပ္ထားပါ။ေခါင္းေလွ်ာ္ပါ။

ေထာပတ္သီးနဲ႔ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ပန္းကန္လံုးတစ္လံုး၊ ေထာပတ္သီးတစ္ျခမ္း၊သံလြင္ဆီႏွစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းကိုေရာေမႊပါ။ဆံသားနဲ႔ဦးေရျပားကို စိမ့္ဝင္ေအာင္လိမ္းပါ။မိနစ္ ၂၀ ထားျပီး ေခါင္းေလွ်ာ္ခ်ပါ။ဆံသားေျခာက္ေသြ႔တတ္တယ္ဆိုရင္ ဒီနည္းကို တစ္ပတ္တစ္ၾကိမ္သံုးလို႔ရပါတယ္။

သဘာဝပစၥည္းေတြနဲ႔ဆံပင္ေပါင္းတင္တာက အကုန္အက်သက္သာ၊အခ်ိန္ကုန္သက္သာတဲ့အျပင္ ဆိုင္မသြားနိုင္၊ treatment မလုပ္နိုင္ခင္စပ္ၾကားမွာလည္း အဆင္ေျပေစမယ့္နည္းပါ။ ဒါေပမယ့္  ပ်က္စီးေနတဲ့ဆံပင္က ခ်က္ခ်င္းၾကီးေတာ့ ဝုန္းဆို ပိတုန္းေရာင္ဆံေကသာ ဘယ္ျဖစ္နုိင္ပါ့မလဲ။ စိတ္ေတာ့ရွည္ရပါမယ္ေနာ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အခုပြောပြမယ့်နည်းလေးတွေက အကုန်အကျလည်းသက်သာတယ်၊ ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊ အာနိသင်လည်းထိရောက်တယ်။ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းတယ်၊ အာဟာရဓာတ်တွေပါလို့ အသားအရေအတွက်ပါ ကောင်းတယ်၊ အခုဆံပင်အတွက်ဆိုလည်း အားဖြည့်ပေးမယ့် ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။

ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ –

ဦးရေပြားမှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့် ဗောက်ပျောက်စေတယ်
ဆံသားကို အစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ်
ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်)
အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ်
 အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာ ပြဿနာရှိနေရင်တောင် သက်သာစေတယ်

ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အားဆေးလေးတွေ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် –

ကြက်ဥနဲ့ဒိန်ချှုဉ်

ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးကိုထည့်ခေါက်ပါ။ဒိန်ချဉ် စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပြီး ပျစ်နှစ်လာအောင်မွှေခေါက်ပါ။ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀ လောက်ထားပါ။ (ဆံပင်အားလုံးကို လိမ်းနိုင်ရင်ကောင်းပါတယ်)ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ရုံပဲ။ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။

ငှက်ပျောသီးနဲ့ဒိန်ချဉ်

ပန်းကန်လုံးထဲကို ငှက်ပျောသီးမှည့်တခြမ်းကိုထည့်ချေပါ။ချေတာညက်သွားပြီဆိုရင် ဒိန်ချဉ် တစ်ဇွန်း၊ ပျားရည်သုံးဇွန်း၊သံပရာရည်တစ်ဇွန်းထည့်ပါ။ ဆက်မွှေပါ။ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀ လောက်ထားပါ။ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ပါ။

သံလွင်ဆီနဲ့ ဒိန်ချဉ်

ပန်းကန်လုံးထဲမှာ သံလွင်ဆီနဲ့ဒိန်ချဉ်တစ်ဇွန်းစီကိုထည့်မွှေပါ။မတ်ခွက်တစ်လုံးထဲမှာ သံပရာရည်တစ်ဇွန်းနဲ့ရေနှစ်ခွက်ကိုရောထားပါ။ခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ဆံပင်ကိုရေညှစ်ထားပါ။ဒိန်ချဉ်အရောအနှစ်ကို ဆံသားမှာလိမ်းပြီး  မိနစ် ၂၀ ထားပါ။ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပါ။နောက်ဆုံးမှ ခုနက သံပရာရည်အရောကို လောင်းချပါ။ဒါလည်း တစ်ပတ်နှစ်ကြိမ်လုပ်လို့ရတယ်။

ပျားရည်နဲ့ ဒိန်ချဉ်

ဒိန်ချဉ်ဇွန်းတဝက်၊ ပျားရည်တစ်ဇွန်း၊ ပန်းသီးရှာလကာရည်တစ်ဇွန်းကို ရောပြီးအနှစ်ဖြစ်အောင်မွှေပါ။ဆံပင်အရင်းကနေ ထိပ်ဖျားလေးတွေအထိ စိမ့်ဝင်အောင်လိမ်းပါ။မိနစ် ၃၀ လောက်နေရင် ရှန်ပူအပျော့စားနဲ့လျှော်ပါ။
ရှားစောင်းလက်ပပ်နဲ့ ဒိန်ချဉ်ရှားစောင်းလက်ပပ်အနှစ် သုံးဇွန်း၊ဒိန်ချဉ်နှစ်ဇွန်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကို အနှစ်ဖြစ်အောင်မွှေပါ။ဦးရေပြားမှာ ၁၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။လိမ်းပြီးရင် ဆံပင်အရင်းကနေအဖျားထိ အကုန်နှံ့အောင်ဆက်လိမ်းပြီး ၁၅ မိနစ်ထပ်ထားပါ။ခေါင်းလျှော်ပါ။

ထောပတ်သီးနဲ့ ဒိန်ချဉ်

ဒိန်ချဉ်ပန်းကန်လုံးတစ်လုံး၊ ထောပတ်သီးတစ်ခြမ်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကိုရောမွှေပါ။ဆံသားနဲ့ဦးရေပြားကို စိမ့်ဝင်အောင်လိမ်းပါ။မိနစ် ၂၀ ထားပြီး ခေါင်းလျှော်ချပါ။ဆံသားခြောက်သွေ့တတ်တယ်ဆိုရင် ဒီနည်းကို တစ်ပတ်တစ်ကြိမ်သုံးလို့ရပါတယ်။

သဘာဝပစ္စည်းတွေနဲ့ဆံပင်ပေါင်းတင်တာက အကုန်အကျသက်သာ၊အချိန်ကုန်သက်သာတဲ့အပြင် ဆိုင်မသွားနိုင်၊ treatment မလုပ်နိုင်ခင်စပ်ကြားမှာလည်း အဆင်ပြေစေမယ့်နည်းပါ။ ဒါပေမယ့်  ပျက်စီးနေတဲ့ဆံပင်က ချက်ချင်းကြီးတော့ ဝုန်းဆို ပိတုန်းရောင်ဆံကေသာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ စိတ်တော့ရှည်ရပါမယ်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top