iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ သဘာဝ မင္းသားၾကီး တလက္ျဖစ္တဲ့ ေက်ာ္ရဲေအာင္ကေတာ့ လက္ရွိမွာေတာ့ ရုပ္ရွင္ကားရိုက္က်ဲလာတာကို ပရိသတ္ေတြ သတိထားမိၾကမွာပါ။ သူ႔အေနနဲ႔ ဘာေၾကာင့္ ရုပ္ရွင္ကားရိုက္တာနည္းသြားလဲဆိုတာကို ေျဖရွင္းသြားျပီး အကယ္ဒမီနဲ႔ ပတ္သက္လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

MCC န႔ဲ အင္တာဗ်ဴးမွာေတာ့ ေက်ာ္ရဲေအာင္က အကယ္ဒမီရင္ခုန္သံနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ့္ကားနဲ႔ကေတာ့ အကယ္ဒမီေမွ်ာ္မွန္းလို႔ရတဲ့ ကားေတြေတာ့ မရွိဘူးေပါ့ ကြ်န္ေတာ္ကားရိုက္တာကလည္း နည္းသြားေတာ့။ ကြ်န္ေတာ့္ကားေတြက ဟာသေတြမ်ားတယ္။ ကြ်န္ေတာ္က ဘယ္လိုရေစခ်င္လဲဆိုေတာ့ ကြ်န္ေတာ္ေျပာတဲ့ကားေတြကိုလည္း ေပးမွာလည္း မဟုတ္ဘူးေလ။ ေတာ္တဲ့သူေတြကို ရေစခ်င္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားေတာ့ ရေစခ်င္ပါတယ္။ မွန္းေတာ့ မမွန္းတတ္ပါဘူး။ အကုန္ရေစခ်င္တယ္ဆိုတာက တကယ္ေတာ္တဲ့သူေတြကိုပဲ ေျပာတာပါ။ တခ်ိဳ႔က်ေတာ့ တကယ္လုပ္ထားတဲ့ကာက်ေတာ့ မရဘူး။ မလုပ္ထားတဲ့ကားက်ေတာ့ ရတာေတြ ရွိတယ္။ အဲ့လိုမ်ိဳးက်ေတာ့ ဖီးလ္ေအာက္သြားျပန္ေရာ။ ေမွ်ာ္မွန္းထားလို႔ကလည္း မေကာင္းဘူးေလ”

“ဇာတ္လမ္းေတြကေတာ့ အကုန္လံုးေကာင္းပါတယ္။ ပြဲကေတာ့ ၾကည့္လို႔ေကာင္းမွာ ဘယ္သူေတြရမလဲေတာ့ မသိဘူး။ ကြ်န္ေတာ္ေတာ့ အဲ့ထဲမွာ မပါဘူး။ တိုးတက္လာတာလည္း ေကာင္းပါတယ္။ အခုက ကားေတြ မေကာင္းရင္ ရံုမွ မတင္ရပဲ။ ေနာက္ပိုင္းမွာလည္း ဒီထက္ေကာင္းလာမယ္ ထင္ပါတယ္။ လူငယ္ေလးေတြ အျပိဳင္အဆိုင္လုပ္လာၾကတာ ေကာင္းပါတယ္။ တိုင္းျပည္အတြက္လည္း ေကာင္းပါတယ္”

ကားရိုက္တာ က်ဲသြားတာနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္ကားရိုက္က်ဲတာက မရိုက္ေတာ့တာ။ ကားေတြက ျပီးျပီးေရာ ရိုက္တာမ်ားေနေတာ့ ရုပ္ရွင္ကားၾကီးေတြကို ဗီဒီယုိေတြ ရိုက္ေနေတာ့ ဘယ္လိုရိုက္ေတာ့မလဲ။ ကြ်န္ေတာ္လည္း လိုက္မမွီေတာ့ဘူး။ ရပ္ထားတယ္။ တကားတေလေလာက္ပဲ ကိုယ္နဲ႔ လက္တြဲျဖစ္တဲ့လူေတြနဲ႔ပဲ ရိုက္ျဖစ္ေတာ့တယ္”

“အခုေနာက္ပိုင္းကားေတြကေတာ့ ဇာတ္လမ္းေတြလည္း ေကာင္းလာၾကပါျပီ။ မေကာင္းတဲ့ကားကေတာ့ ပရိသတ္ေတြလည္း ၾကည့္မွာ မဟုတ္ဘူးေလ။ ပရိသတ္လည္း သိေနျပီေလ။ ေကာင္းတဲ့ကားေတြ ရိုက္ဖို႔အေရးၾကီးတယ္။ ကြ်န္ေတာ္ကေတာ့ ကာရိုက္တာေပါင္းစံုကို လုပ္ခ်င္တဲ့သူပဲေလ။ ကာရိုက္တာ အသစ္အဆန္းဆိုရင္ေတာ့ ရိုက္ခ်င္တာေပါ့။ ဇာတ္လမ္းေကာင္းေကာင္းထြက္ေလ ရိုက္ဖို႔အားရေလပါပဲ”

“တျဖည္းျဖည္းနဲ႔ေတာ့ တိုးတက္လာမွာေပါ့။ ခ်က္ခ်င္းၾကီးေတာ ့ဘယ္ေျပာင္းလဲမွာလဲ။ အခုေနာက္ပိုင္းဆိုရင္ေတာ့ ရုပ္ရွင္ရိုက္ရင္ အခ်ိန္ေပးလာရတယ္။ အဲ့ေတာ့ စဥ္းစားခ်ိန္လည္း ပုိျပီးေတာ့ ရလာတယ္ေလ”ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit:Nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သဘာဝ မင်းသားကြီး တလက်ဖြစ်တဲ့ ကျော်ရဲအောင်ကတော့ လက်ရှိမှာတော့ ရုပ်ရှင်ကားရိုက်ကျဲလာတာကို ပရိသတ်တွေ သတိထားမိကြမှာပါ။ သူ့အနေနဲ့ ဘာကြောင့် ရုပ်ရှင်ကားရိုက်တာနည်းသွားလဲဆိုတာကို ဖြေရှင်းသွားပြီး အကယ်ဒမီနဲ့ ပတ်သက်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

MCC နဲ့ အင်တာဗျူးမှာတော့ ကျော်ရဲအောင်က အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီး “ကျွန်တော့်ကားနဲ့ကတော့ အကယ်ဒမီမျှော်မှန်းလို့ရတဲ့ ကားတွေတော့ မရှိဘူးပေါ့ ကျွန်တော်ကားရိုက်တာကလည်း နည်းသွားတော့။ ကျွန်တော့်ကားတွေက ဟာသတွေများတယ်။ ကျွန်တော်က ဘယ်လိုရစေချင်လဲဆိုတော့ ကျွန်တော်ပြောတဲ့ကားတွေကိုလည်း ပေးမှာလည်း မဟုတ်ဘူးလေ။ တော်တဲ့သူတွေကို ရစေချင်ပါတယ်။ တော်တော်များများတော့ ရစေချင်ပါတယ်။ မှန်းတော့ မမှန်းတတ်ပါဘူး။ အကုန်ရစေချင်တယ်ဆိုတာက တကယ်တော်တဲ့သူတွေကိုပဲ ပြောတာပါ။ တချို့ကျတော့ တကယ်လုပ်ထားတဲ့ကာကျတော့ မရဘူး။ မလုပ်ထားတဲ့ကားကျတော့ ရတာတွေ ရှိတယ်။ အဲ့လိုမျိုးကျတော့ ဖီးလ်အောက်သွားပြန်ရော။ မျှော်မှန်းထားလို့ကလည်း မကောင်းဘူးလေ”

“ဇာတ်လမ်းတွေကတော့ အကုန်လုံးကောင်းပါတယ်။ ပွဲကတော့ ကြည့်လို့ကောင်းမှာ ဘယ်သူတွေရမလဲတော့ မသိဘူး။ ကျွန်တော်တော့ အဲ့ထဲမှာ မပါဘူး။ တိုးတက်လာတာလည်း ကောင်းပါတယ်။ အခုက ကားတွေ မကောင်းရင် ရုံမှ မတင်ရပဲ။ နောက်ပိုင်းမှာလည်း ဒီထက်ကောင်းလာမယ် ထင်ပါတယ်။ လူငယ်လေးတွေ အပြိုင်အဆိုင်လုပ်လာကြတာ ကောင်းပါတယ်။ တိုင်းပြည်အတွက်လည်း ကောင်းပါတယ်”

ကားရိုက်တာ ကျဲသွားတာနဲ့ ပတ်သက်ပြီး “ကျွန်တော်ကားရိုက်ကျဲတာက မရိုက်တော့တာ။ ကားတွေက ပြီးပြီးရော ရိုက်တာများနေတော့ ရုပ်ရှင်ကားကြီးတွေကို ဗီဒီယိုတွေ ရိုက်နေတော့ ဘယ်လိုရိုက်တော့မလဲ။ ကျွန်တော်လည်း လိုက်မမှီတော့ဘူး။ ရပ်ထားတယ်။ တကားတလေလောက်ပဲ ကိုယ်နဲ့ လက်တွဲဖြစ်တဲ့လူတွေနဲ့ပဲ ရိုက်ဖြစ်တော့တယ်”

“အခုနောက်ပိုင်းကားတွေကတော့ ဇာတ်လမ်းတွေလည်း ကောင်းလာကြပါပြီ။ မကောင်းတဲ့ကားကတော့ ပရိသတ်တွေလည်း ကြည့်မှာ မဟုတ်ဘူးလေ။ ပရိသတ်လည်း သိနေပြီလေ။ ကောင်းတဲ့ကားတွေ ရိုက်ဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ ကာရိုက်တာပေါင်းစုံကို လုပ်ချင်တဲ့သူပဲလေ။ ကာရိုက်တာ အသစ်အဆန်းဆိုရင်တော့ ရိုက်ချင်တာပေါ့။ ဇာတ်လမ်းကောင်းကောင်းထွက်လေ ရိုက်ဖို့အားရလေပါပဲ”

“တဖြည်းဖြည်းနဲ့တော့ တိုးတက်လာမှာပေါ့။ ချက်ချင်းကြီးတော့ဘယ်ပြောင်းလဲမှာလဲ။ အခုနောက်ပိုင်းဆိုရင်တော့ ရုပ်ရှင်ရိုက်ရင် အချိန်ပေးလာရတယ်။ အဲ့တော့ စဉ်းစားချိန်လည်း ပိုပြီးတော့ ရလာတယ်လေ”ဟု ပြောကြားသွား ခဲ့ပါတယ်။


Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top