iMyanmarHouse.com - Best Property Website for Myanmar
×


သုံးေရာင္ျခယ္ ႐ုပ္ရွင္ဇာတ္ကားႀကီးက ဆန္ခါတင္ (၂၅) ကားထဲ စာရင္းထဲ ပါဝင္လာျခင္း မရွိခဲ့ပါဘူး။ အတူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ေတြ အတြက္ေတာ့ စိတ္မေကာင္းဘူးလို႔ ဆိုပါတယ္။သ႐ုပ္ေဆာင္ ခန႔္စည္သူ ပါဝင္ထားတဲ့ သုံးေရာင္ျခယ္ ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ၿပီးခဲ့ေသာ ရက္ပိုင္းေလာက္ ထြက္ရွိလာတဲ့ အကယ္ဒမီဆန္ခါတင္ (၂၅) ကားစာရင္းထဲ ပါဝင္လာျခင္းမရွိခဲ့ပါဘူး။ သုံးေရာင္ျခယ္ ဇာတ္ကား ဆန္ခါတင္ စာရင္းထဲ မပါတဲ့အတြက္ ဒီႏွစ္အကယ္ဒမီဆုနဲ႔ ပတ္သက္ၿပီး ရင္ခုန္စရာမရွိပါဘူးလို႔ခန႔္စည္သူက ဆိုပါတယ္။

“ဒီႏွစ္အကယ္ဒမီအတြက္ကေတာ့ ရင္ခုန္စရာမရွိပါဘူး။ ၂၅ကားထဲက ကားေတြပဲ ပါဖို႔ မ်ားပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ဟာသကားေတာ္ေတာ္မ်ားတယ္။ ဒရမ္မာဆိုလည္း သုံးေရာင္ျခယ္ပဲ ပါတာ။သုံးေရာင္ျခယ္လည္း ျပဳတ္တယ္ဆိုေတာ့ ရင္ခုန္စရာမရွိပါဘူး။အရည္အခ်င္းရွိတဲ့ ကားက ပါရမယ္။ အရည္အခ်င္းမရွိတဲ့ ကားမပါဘူးဆိုၿပီး အင္တာဗ်ဴးေတြမွာ အကဲျဖတ္လူႀကီးေတြ ေျဖတာေတြ႕တယ္အဲ့မွာတင္ အေျဖက ပါသြားပါၿပီ “ လို႔ ေဖေဖာ္ဝါရီ(၂၆) ရက္ေန႔က ျပလုပ္တဲ့ လူလည္ႀကီးမ်ား႐ြာ ႐ုပ္ရွင္ဇာတ္ကား အထူးျပသပြဲမွာ ေျဖဆိုေပးခဲ့တာပါ။

ဆန္ခါတင္ထဲမပါသြားတဲ့အတြက္ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ အႏုပညာရွင္ေတြအတြက္လည္း စိတ္မေကာင္းျဖစ္မိတယ္လို႔ သူက ေျပာပါတယ္။“စိတ္မေကာင္းပါဘူး။အဲ့ကားမွာ ေနမ်ိဳးေအာင္တို႔လည္း ေတာ္ေတာ္အားထုတ္ထားတယ္။ ေ႐ႊသမီးတို႔ အိေခ်ာပိုတို႔ ေတာ္ေတာ္အားထုတ္ထားတာေတြ႕ရတယ္။ေတာ္ေတာ္ကို ႀကိဳးႀကိဳးစားစား ျမဝတီမဲေစာက္ဘက္မွာေရာထိုင္းထဲအထိေရာ သြား႐ိုက္တာေတြ ရွိတယ္။ အဲ့ဘက္မွာ ရွိတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကလည္း ကူညီေပးတဲ့အတြက္ ေသနတ္အစစ္ေတြ က်ည္အစစ္ေတြနဲ႔ ႐ိုက္ခဲ့တာေတြရွိတယ္ဆိုေတာ့ အားလုံးအတြက္ စိတ္မေကာင္းျဖစ္မိပါတယ္” လို႔ သူက ဆက္လက္ေျပာျပခဲ့ပါတယ္။


ဒီႏွစ္အကယ္ဒမီအတြက္ အရည္အခ်င္းမရွိလို႔ ေ႐ြးခ်ယ္ျခင္း မခံရေပမယ့္လည္း ေနာက္ႏွစ္ေတြမွာ ဆက္လက္ၿပီး ႀကိဳးစားသြားဦးမွာပါလို႔ ခန႔္စည္သူက ေျပာခဲ့ပါေသးတယ္။

သုံးေရာင္ျခယ္ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဒါ႐ိုက္တာ စတီးလ္က ပုံေဖာ္႐ိုက္ကူးခဲ့တာ ျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြ အေနနဲ႔ မင္းေမာ္ကြန္း၊ ခန႔္စည္သူ၊ အိေခ်ာပို၊ ေ႐ႊသမီးတို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီစာရင္းထဲမွာ ခန႔္စည္သူမပါဝင္ခဲ့ေပမယ့္လည္း ၂၀၁၉ခုႏွစ္မွာ “သမီးေလးတို႔႐ြာ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီ ရဖို႔ ေမွ်ာ္မွန္းထားၾကတာ ေ တြ႕ရပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးက ဆန်ခါတင် (၂၅) ကားထဲ စာရင်းထဲ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ အတူပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ အတွက်တော့ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။သရုပ်ဆောင် ခန့်စည်သူ ပါဝင်ထားတဲ့ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြီးခဲ့သော ရက်ပိုင်းလောက် ထွက်ရှိလာတဲ့ အကယ်ဒမီဆန်ခါတင် (၂၅) ကားစာရင်းထဲ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ သုံးရောင်ခြယ် ဇာတ်ကား ဆန်ခါတင် စာရင်းထဲ မပါတဲ့အတွက် ဒီနှစ်အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ရင်ခုန်စရာမရှိပါဘူးလို့ခန့်စည်သူက ဆိုပါတယ်။


“ဒီနှစ်အကယ်ဒမီအတွက်ကတော့ ရင်ခုန်စရာမရှိပါဘူး။ ၂၅ကားထဲက ကားတွေပဲ ပါဖို့ များပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဟာသကားတော်တော်များတယ်။ ဒရမ်မာဆိုလည်း သုံးရောင်ခြယ်ပဲ ပါတာ။သုံးရောင်ခြယ်လည်း ပြုတ်တယ်ဆိုတော့ ရင်ခုန်စရာမရှိပါဘူး။အရည်အချင်းရှိတဲ့ ကားက ပါရမယ်။ အရည်အချင်းမရှိတဲ့ ကားမပါဘူးဆိုပြီး အင်တာဗျူးတွေမှာ အကဲဖြတ်လူကြီးတွေ ဖြေတာတွေ့တယ်အဲ့မှာတင် အဖြေက ပါသွားပါပြီ “ လို့ ဖေဖော်ဝါရီ(၂၆) ရက်နေ့က ပြလုပ်တဲ့ လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲမှာ ဖြေဆိုပေးခဲ့တာပါ။

ဆန်ခါတင်ထဲမပါသွားတဲ့အတွက် ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ သူက ပြောပါတယ်။“စိတ်မကောင်းပါဘူး။အဲ့ကားမှာ နေမျိုးအောင်တို့လည်း တော်တော်အားထုတ်ထားတယ်။ ရွှေသမီးတို့ အိချောပိုတို့ တော်တော်အားထုတ်ထားတာတွေ့ရတယ်။တော်တော်ကို ကြိုးကြိုးစားစား မြဝတီမဲစောက်ဘက်မှာရောထိုင်းထဲအထိရော သွားရိုက်တာတွေ ရှိတယ်။ အဲ့ဘက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း ကူညီပေးတဲ့အတွက် သေနတ်အစစ်တွေ ကျည်အစစ်တွေနဲ့ ရိုက်ခဲ့တာတွေရှိတယ်ဆိုတော့ အားလုံးအတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

ဒီနှစ်အကယ်ဒမီအတွက် အရည်အချင်းမရှိလို့ ရွေးချယ်ခြင်း မခံရပေမယ့်လည်း နောက်နှစ်တွေမှာ ဆက်လက်ပြီး ကြိုးစားသွားဦးမှာပါလို့ ခန့်စည်သူက ပြောခဲ့ပါသေးတယ်။

သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ မင်းမော်ကွန်း၊ ခန့်စည်သူ၊ အိချောပို၊ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်းထဲမှာ ခန့်စည်သူမပါဝင်ခဲ့ပေမယ့်လည်း ၂၀၁၉ခုနှစ်မှာ “သမီးလေးတို့ရွာ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ရဖို့ မျှော်မှန်းထားကြတာ ေ တွ့ရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top