iMyanmarHouse.com - Best Property Website for Myanmar
×


အလွကုန္ပစၥည္းပဲ ျဖစ္ျဖစ္၊ အိမ္မွာ အလြယ္တကူ အသားအေရထိန္းသိမ္းဖို႔အတြက္ပဲ ျဖစ္ျဖစ္၊ အလွအပ လိုက္စားတဲ့သူေတြၾကားမွာ ေရပန္းစားတဲ့ ပစၥည္းကေတာ့ သခြားသီးပါပဲ။အရည္ရႊမ္းျပီး အာဟာရလည္း ရွိတယ္။ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြအျပင္ ေရဓာတ္ကိုပါ ျဖည့္တင္းေပးႏိုင္ပါတယ္။ ေႏြ၊ မိုး၊ ေဆာင္း ရာသီမေရြး စားလို႔လည္းရတယ္။ အလွအပဆိုင္ရာအတြက္လည္း အသံုးျပဳႏိုင္တယ္။

၁။ သခြားသီးမွာ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္း ပါ၀င္တာေၾကာင့္ ကိုယ္ခႏၶာတြင္းကိုေရာ အျပင္ဘက္ အသားအေရကို ေရဓာတ္ျဖည့္တင္းေပးႏိုင္တယ္။

၂။ ေရဓာတ္ခမ္းေျခာက္ျခင္း၊ အသားအေရ မြဲေျခာက္ျခင္း မျဖစ္ေစဖိို႔ ကာကြယ္ေပးႏိုင္တယ္။ အပူဒဏ္ေၾကာင့္ ကုန္ဆံုးသြားတဲ့ ေရဓာတ္ကို ျပန္လည္အစားထိုး ျဖည့္တင္းေပးႏိုင္တယ္။

၃။ မဂၢနီဆီယမ္၊ ပိုတက္စီယမ္အျပင္ ကိုယ္ခႏၶာကို က်န္းမာေစျပီး ကိုယ္တြင္းအဂၤါေတြ ေကာင္းစြာ အလုပ္လုပ္ႏိုင္ေစဖို႔ ဗီတာမင္နဲ႔ အာဟာရဓာတ္ မ်ားစြာ ပါ၀င္ပါတယ္။

၄။ ကိုယ္ခႏၶာတြင္း အပူခ်ိန္ကို က်ေစျပီး လူကို ေအးျမေစတယ္။ အျပင္ဘက္က ေနေရာင္ျခည္ဒဏ္ေၾကာင့္ အသားအေရမပ်က္စီးေစဖို႔ ကာကြယ္ေပးႏိုင္တယ္။

၅။ ကိုယ္ခႏၶာတြင္းမွာ ရွိတဲ့ အဆိပ္အေတာက္ေတြကို သန္႔စင္ေပးတယ္။ အေရျပားေပၚက ဖုန္မႈန္႔နဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးတယ္။

၆။ ကိုယ္အေလးခ်ိန္ကို က်ေစျပီး က်န္းမာသြယ္လ်တဲ့ ကိုယ္ခႏၶာ ျဖစ္လာေစဖို႔ ကူညီေပးနိုင္တယ္။

၇။ သြားနဲ႔ ခံတြင္း သန္႔ရွင္းေရးအတြက္ ေကာင္းေစျပီး သြားဖံုးကို က်န္းမာေစတယ္။ ခံတြင္းအနံ႔ဆိုး ကင္းစင္ေစျပီး ဘက္တီးရီးယားပိုးေတြ မေပါက္ဖြားေစဖို႔ ကူညီေပးႏိုင္တယ္။

၈။ မ်က္စိအျမင္အာရံုၾကည္လင္ေစျပီး မ်က္လံုး မို႔အစ္တာ၊ မ်က္ကြင္းညိဳတာ၊ မ်က္စိမႈန္တာ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္။

၉။ ႏွလံုးနဲ႔ ဦးေႏွာက္ကို က်န္းမာေစျပီး ဆီးခ်ိဳေရာဂါသည္ေတြအတြက္လည္း အလြန္ေကာင္းတဲ့ ဓာတ္စာျဖစ္ပါတယ္။

၁၀။ ပ်က္စီးသြားတဲ့ အသားအေရကို ျပန္လည္ျပဳျပင္ေပးတယ္။ နဂိုအသားအေရာင္အတိုင္း ျပန္လည္ျဖဴစင္၀င္းပလာေစတယ္။

၁၁။ ရာသီအေျပာင္းအလဲမွာ ျဖစ္တတ္တဲ့ အေရျပားဆိုင္ရာ ျပႆနာေတြကိုလည္း ကူညီေျဖရွင္းေပးႏိုင္ပါတယ္။

သခြားသီးကို ဘယ္လိုအသံုးျပဳႏိုင္လဲ

၁။ ထမင္းစားေနခ်ိန္မွာ သခြားသီးေရာစားေပးျခင္းျဖင့္ အအီအစိမ့္ ေျပေစတယ္။ အစာေၾကေစတယ္။ ေရဓာတ္ကို ျပန္လည္ျဖည့္ေပးတယ္။ မုန္႔ပဲသေရစာအျဖစ္လည္း သစ္သီး၀လံေတြအျပင္ သခြားသီးကိုပါ ေရာျပီး စားေပးႏိုင္တယ္။

၂။ သခြားသီးအျပင္ခြံကို လွီးျပီး ေရနဲ႔ ေရာၾကိတ္ပါ။ သံပုရာရည္အနည္းငယ္ ေရာေမႊျပီး မ်က္ႏွာကို သုတ္လိမ္းေပးျခင္းျဖင့္ ျဖဴစင္၀င္းပလာေစတယ္။ ေနေရာင္ျခည္ဒဏ္ေၾကာင့္ ပ်က္စီးျပီး အေရာင္မွိန္လာတဲ့ အသားအေရကို ျပန္လည္ျပဳျပင္ေပးတယ္။

၃။ သခြားသီးကို ေရခဲေသတၱာထဲမွာ အေအးခံထားျပီး ပါးပါးလွီးပါ။ သခြားသီးစိတ္ေလးေတြကို မ်က္ႏွာေနရာအႏွံ႔ ကပ္ေပးထားျခင္းျဖင့္ အသားအေရကို ေရဓာတ္ျဖည့္ေပးျပီး ေခၽြးေပါက္ထဲမွာ ပိတ္ျငိေနတဲ့ ဆီ၊ ဖုန္နဲ႔ အညစ္အေၾကးေတြကို စုပ္ယူေပးႏိုင္တယ္။

၄။ မွဲ႔ေျခာက္ေတြ၊ ၀က္ျခံနဲ႔ အဖုအပိမ့္ေတြ ေပ်ာက္ကင္းေစဖို႔ ဒိန္ခ်ဥ္နဲ႔ သခြားသီးအရည္ကို ေရာေမႊျပီး မ်က္ႏွာေပၚ သုတ္လိမ္းေပးႏိုင္ပါတယ္။ အသားအေရေျခာက္သူေတြအတြက္လည္း သင့္ေလ်ာ္ပါတယ္။

၅။ သခြားသီးကို ပ်ားရည္နဲ႔ ေရာၾကိတ္ျပီး ရလာတဲ့အႏွစ္ကို မ်က္ႏွာနဲ႔ ကိုယ္ခႏၶာအႏွံ႔ လိမ္းေပးရံုနဲ႔ အသားအေရကို အစိုဓာတ္ထိန္းေပးျပီး အေရျပားေပၚက ပ်က္စီးေနတဲ့ ဆဲလ္အေသေတြကို အလႊာလိုက္ကြာက်ေစႏိုင္တယ္။ ၁၅မိနစ္ခန္႔ အုပ္ထားျပီးရင္ ေရေအးနဲ႔ ျပန္သန္႔စင္ေပးပါ။

Credit: Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အလှကုန်ပစ္စည်းပဲ ဖြစ်ဖြစ်၊ အိမ်မှာ အလွယ်တကူ အသားအရေထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ဖြစ်၊ အလှအပ လိုက်စားတဲ့သူတွေကြားမှာ ရေပန်းစားတဲ့ ပစ္စည်းကတော့ သခွားသီးပါပဲ။အရည်ရွှမ်းပြီး အာဟာရလည်း ရှိတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ရေဓာတ်ကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စားလို့လည်းရတယ်။ အလှအပဆိုင်ရာအတွက်လည်း အသုံးပြုနိုင်တယ်။

၁။ သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ကိုယ်ခန္ဓာတွင်းကိုရော အပြင်ဘက် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်တယ်။

၂။ ရေဓာတ်ခမ်းခြောက်ခြင်း၊ အသားအရေ မွဲခြောက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ အပူဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်အစားထိုး ဖြည့်တင်းပေးနိုင်တယ်။

၃။ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်အပြင် ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ် များစွာ ပါဝင်ပါတယ်။

၄။ ကိုယ်ခန္ဓာတွင်း အပူချိန်ကို ကျစေပြီး လူကို အေးမြစေတယ်။ အပြင်ဘက်က နေရောင်ခြည်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်။

၅။ ကိုယ်ခန္ဓာတွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ အရေပြားပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။

၆။ ကိုယ်အလေးချိန်ကို ကျစေပြီး ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓာ ဖြစ်လာစေဖို့ ကူညီပေးနိုင်တယ်။

၇။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးအတွက် ကောင်းစေပြီး သွားဖုံးကို ကျန်းမာစေတယ်။ ခံတွင်းအနံ့ဆိုး ကင်းစင်စေပြီး ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားစေဖို့ ကူညီပေးနိုင်တယ်။

၈။ မျက်စိအမြင်အာရုံကြည်လင်စေပြီး မျက်လုံး မို့အစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်စိမှုန်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

၉။ နှလုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပြီး ဆီးချိုရောဂါသည်တွေအတွက်လည်း အလွန်ကောင်းတဲ့ ဓာတ်စာဖြစ်ပါတယ်။

၁၀။ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ နဂိုအသားအရောင်အတိုင်း ပြန်လည်ဖြူစင်ဝင်းပလာစေတယ်။

၁၁။ ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

သခွားသီးကို ဘယ်လိုအသုံးပြုနိုင်လဲ

၁။ ထမင်းစားနေချိန်မှာ သခွားသီးရောစားပေးခြင်းဖြင့် အအီအစိမ့် ပြေစေတယ်။ အစာကြေစေတယ်။ ရေဓာတ်ကို ပြန်လည်ဖြည့်ပေးတယ်။ မုန့်ပဲသရေစာအဖြစ်လည်း သစ်သီးဝလံတွေအပြင် သခွားသီးကိုပါ ရောပြီး စားပေးနိုင်တယ်။

၂။ သခွားသီးအပြင်ခွံကို လှီးပြီး ရေနဲ့ ရောကြိတ်ပါ။ သံပုရာရည်အနည်းငယ် ရောမွှေပြီး မျက်နှာကို သုတ်လိမ်းပေးခြင်းဖြင့် ဖြူစင်ဝင်းပလာစေတယ်။ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးပြီး အရောင်မှိန်လာတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။

၃။ သခွားသီးကို ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး ပါးပါးလှီးပါ။ သခွားသီးစိတ်လေးတွေကို မျက်နှာနေရာအနှံ့ ကပ်ပေးထားခြင်းဖြင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ချွေးပေါက်ထဲမှာ ပိတ်ငြိနေတဲ့ ဆီ၊ ဖုန်နဲ့ အညစ်အကြေးတွေကို စုပ်ယူပေးနိုင်တယ်။

၄။ မှဲ့ခြောက်တွေ၊ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပျောက်ကင်းစေဖို့ ဒိန်ချဉ်နဲ့ သခွားသီးအရည်ကို ရောမွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ အသားအရေခြောက်သူတွေအတွက်လည်း သင့်လျော်ပါတယ်။

၅။ သခွားသီးကို ပျားရည်နဲ့ ရောကြိတ်ပြီး ရလာတဲ့အနှစ်ကို မျက်နှာနဲ့ ကိုယ်ခန္ဓာအနှံ့ လိမ်းပေးရုံနဲ့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေနိုင်တယ်။ ၁၅မိနစ်ခန့် အုပ်ထားပြီးရင် ရေအေးနဲ့ ပြန်သန့်စင်ပေးပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top