iMyanmarHouse.com - Best Property Website for Myanmar
×


မၾကာခဏဆိုသလို ေခါင္းကိုက္၊ ႏွာေစးနဲ႔ ေနထိုင္မေကာင္းျဖစ္တတ္သူေတြဟာ ဘာေၾကာင့္ ေနမေကာင္း ခဏခဏ ျဖစ္ရသလဲဆိုတဲ့ အခ်က္ကို သတိမထားမိတတ္ၾကပါဘူး။ ေန႔စဥ္ စားေသာက္ေနထိုင္မႈ ပုံစံတခ်ိဳ႕ဟာ သတိမထားမိဘဲ မွားယြင္းေနတာေတြေၾကာင့္ မၾကာခဏ ေနမေကာင္းျဖစ္ရျခင္းပဲျဖစ္ၿပီး ဒီအခ်က္ေတြကို သတိျပဳႏိုင္ေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဗီတာမင္ဒီဓာတ္ ခ်ိဳ႕တဲ့ျခင္း

ဗီတာမင္ဒီ ခ်ိဳ႕တဲ့ျခင္းဟာ မၾကာခဏဆိုသလို ေနမေကာင္းျဖစ္ရျခင္းရဲ႕ အဓိက အေၾကာင္းရင္းတခ်က္ျဖစ္ၿပီးဗီတာမင္ဒီဓာတ္ဟာ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္နဲ႔ တိုက္႐ိုက္ဆက္စပ္ေနတာလည္း ျဖစ္ပါတယ္။ ဗီတာမင္ဒီ ႂကြယ္ဝတဲ့ ဥအမ်ိဳးမ်ိဳး၊ ငါး စတဲ့ အစားအစာေတြကို စားသုံးသင့္သလို ေနေရာင္ျခည္မွာလည္း ဗီတာမင္ဒီဓာတ္ ပါဝင္တာေၾကာင့္ ေန႔စဥ္မနက္ခင္းေနေရာင္ျခည္ေအာက္မွာ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြကို ၁၅ မိနစ္ ခန႔္ျပဳလုပ္ေပးသင့္ပါတယ္။

(၂) လက္မေဆးဘဲ ေနျခင္း

လက္ဟာ အရာဝတၳဳပစၥည္း အမ်ိဳးမ်ိဳးနဲ႔ အၿမဲလိုလို ထိေတြ႕ေနရတာေၾကာင့္ ေရာဂါပိုးမႊားေတြ အကပ္ၿငိဆုံး ခႏၶာကိုယ္ အစိတ္အပိုင္းတခုလည္း ျဖစ္ပါတယ္။ အစာ မစားခင္၊ အျပင္ကေန ျပန္လာတဲ့အခါမ်ိဳးေတြမွာ မျဖစ္မေန လက္ေဆးသင့္ၿပီး Hand Gel ေတြ အသုံးျပဳတာမ်ိဳးထက္ ေရ၊ ဆပ္ျပာတို႔နဲ႔ ေသခ်ာစြာ ေဆးေၾကာျခင္းက စိတ္အခ်ရဆုံး ျဖစ္ပါတယ္။

(၃) မနက္စာမစားဘဲ ေနျခင္း

မၾကာခဏဆိုသလို ေနမေကာင္းျဖစ္ရျခင္းမွာ မနက္စာကို ပုံမွန္မစားတာဟာလည္း အေရးႀကီးတဲ့ အခ်က္တခုျဖစ္ၿပီး ခႏၶာကိုယ္ရဲ႕အာဟာရဓာတ္ လုံေလာက္မႈ မရွိတဲ့အခါ ကိုယ္ခံအားစနစ္ ေလ်ာ့က်လာၿပီး ေနမေကာင္းျဖစ္ေစပါတယ္။

(၄) ေရမ်ားမ်ား မေသာက္ျခင္း

ခႏၶာကိုယ္ရဲ႕ ၆၀ ရာခိုင္ႏႈန္းခန႔္ဟာ ေရဓာတ္ကို မရွိမျဖစ္ လိုအပ္ေနၿပီး ေရအလုံအေလာက္ ေသာက္သုံးမႈ မရွိတဲ့အခါ ကိုယ္လက္နာက်င္ ကိုက္ခဲျခင္း၊ ေမာပန္းႏြမ္းနယ္လြယ္ျခင္း၊ ေခါင္းကိုက္ျခင္းနဲ႔ ေနမေကာင္းျဖစ္ျခင္းတို႔ကို ျဖစ္ေပၚေစႏိုင္ပါတယ္။

(၅) အိပ္ေရးဝဝ မအိပ္စက္ျခင္း

Cytokines ဆိုတဲ့ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကေန ထြက္ရွိတဲ့ဓာတ္ဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ေနခ်ိန္မွာ ထြက္ရွိတာျဖစ္ၿပီး Cytokines ဟာ ေနထိုင္မေကာင္းျဖစ္ျခင္းနဲ႔ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ညဘက္ေတြမွာ လုံေလာက္တဲ့ အိပ္စက္ခ်ိန္ မရွိျခင္းဟာ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကို ထိခိုက္ေစၿပီး က်န္းမာေရးကို ဆုတ္ယုတ္လာေစမွာပဲ ျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မကြာခဏဆိုသလို ခေါင်းကိုက်၊ နှာစေးနဲ့ နေထိုင်မကောင်းဖြစ်တတ်သူတွေဟာ ဘာကြောင့် နေမကောင်း ခဏခဏ ဖြစ်ရသလဲဆိုတဲ့ အချက်ကို သတိမထားမိတတ်ကြပါဘူး။ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံတချို့ဟာ သတိမထားမိဘဲ မှားယွင်းနေတာတွေကြောင့် မကြာခဏ နေမကောင်းဖြစ်ရခြင်းပဲဖြစ်ပြီး ဒီအချက်တွေကို သတိပြုနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်း

ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ မကြာခဏဆိုသလို နေမကောင်းဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတချက်ဖြစ်ပြီးဗီတာမင်ဒီဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ ငါး စတဲ့ အစားအစာတွေကို စားသုံးသင့်သလို နေရောင်ခြည်မှာလည်း ဗီတာမင်ဒီဓာတ် ပါဝင်တာကြောင့် နေ့စဉ်မနက်ခင်းနေရောင်ခြည်အောက်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ၁၅ မိနစ် ခန့်ပြုလုပ်ပေးသင့်ပါတယ်။

(၂) လက်မဆေးဘဲ နေခြင်း

လက်ဟာ အရာဝတ္ထုပစ္စည်း အမျိုးမျိုးနဲ့ အမြဲလိုလို ထိတွေ့နေရတာကြောင့် ရောဂါပိုးမွှားတွေ အကပ်ငြိဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ အစာ မစားခင်၊ အပြင်ကနေ ပြန်လာတဲ့အခါမျိုးတွေမှာ မဖြစ်မနေ လက်ဆေးသင့်ပြီး Hand Gel တွေ အသုံးပြုတာမျိုးထက် ရေ၊ ဆပ်ပြာတို့နဲ့ သေချာစွာ ဆေးကြောခြင်းက စိတ်အချရဆုံး ဖြစ်ပါတယ်။

(၃) မနက်စာမစားဘဲ နေခြင်း

မကြာခဏဆိုသလို နေမကောင်းဖြစ်ရခြင်းမှာ မနက်စာကို ပုံမှန်မစားတာဟာလည်း အရေးကြီးတဲ့ အချက်တခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့အာဟာရဓာတ် လုံလောက်မှု မရှိတဲ့အခါ ကိုယ်ခံအားစနစ် လျော့ကျလာပြီး နေမကောင်းဖြစ်စေပါတယ်။

(၄) ရေများများ မသောက်ခြင်း

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ ရေဓာတ်ကို မရှိမဖြစ် လိုအပ်နေပြီး ရေအလုံအလောက် သောက်သုံးမှု မရှိတဲ့အခါ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်လွယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နေမကောင်းဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၅) အိပ်ရေးဝဝ မအိပ်စက်ခြင်း

Cytokines ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ထွက်ရှိတဲ့ဓာတ်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေချိန်မှာ ထွက်ရှိတာဖြစ်ပြီး Cytokines ဟာ နေထိုင်မကောင်းဖြစ်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ညဘက်တွေမှာ လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေပြီး ကျန်းမာရေးကို ဆုတ်ယုတ်လာစေမှာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top