iMyanmarHouse.com - Best Property Website for Myanmar
×


ေဇရဲထက္က ဒီေန႔မွာ သူ႔ကို အရမ္းေတြ႕ခ်င္ေနတဲ့ ပန္းတေနာ္က အမာခံပရိသတ္ဆီ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ဒီေန႔ဟာ အဲ့ဒီေကာင္မေလးအတြက္ အေပ်ာ္ဆုံး ေန႔တစ္ေန႔လို႔ ဆိုရမွာပါ။

သ႐ုပ္ေဆာင္ ေဇရဲထက္ဟာ ဒီေန႔(ေဖေဖာ္ဝါရီ၅ရက္)မွာ သူ႔ကို အရမ္းေတြ႕ခ်င္ေနတဲ့ ပန္းတေနာ္က အမာခံပရိသတ္ မိန္းကေလးဆီ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ ေဇရဲထက္အလာကို ေမွ်ာ္ေနတဲ့ ေကာင္မေလးအတြက္ သူကိုယ္တိုင္ လိုအပ္တာေတြ အလႉခံၿပီး ဒီေန႔မွာ သြားေရာက္ေတြ႕ဆုံခဲ့တာပါ။

ပန္းတေနာ္က အမာခံပရိသတ္အတြက္ ေဇရဲထက္ရဲ႕ Fan ေတြေရာ၊ သူငယ္ခ်င္းအေပါင္းအသင္းေတြကပါ လိုအပ္တာေတြ လႉဒါန္းခဲ့သလို ေဇရဲထက္ကလည္း တက္ႏိုင္သေလာက္ မုန႔္ဖိုးေပးခဲ့တယ္လို႔ Duwun Media သို႔ ေျပာျပခဲ့ပါတယ္။


“ညီမေလးကလည္း အလႉခံတာမဟုတ္ဘူးေလ။ ကြၽန္ေတာ့္ဘက္က တက္ႏိုင္သေလာက္ မုန႔္ဖိုးေပးတဲ့ သေဘာပါ။ သူက ကြၽန္ေတာ့္ကို ေတြ႕ခ်င္တဲ့အတြက္ လာတာ။ ကြၽန္ေတာ္ေပးတဲ့ပမာဏက နည္းႏိုင္တယ္ေလ။ ကြၽန္ေတာ့္ပရိသတ္ေတြေရာ၊ ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ပိုေပးတဲ့အခါက်ေတာ့ သူပိုရတာေပ့ါ ။အကုန္လုံးကလည္း ဒီညီမေလးကို ခ်စ္ေနတဲ့အတြက္ အားလုံး ကုသိုလ္ရေတာေပ့ါေနာ္။ သူက ေတာ္ေတာ္ကုသိုလ္ကံေကာင္းတယ္လို႔ေျပာရမယ္။ကြၽန္ေတာ္က ေတာ္႐ုံတန္႐ုံ အိမ္အျပင္ထြက္တဲ့လူေတာင္မဟုတ္ဘူး ။ၿပီးေတာ့ ဒီလမ္းကလည္းအရမ္းၾကမ္းတယ္ေလ။ ဒါေပမဲ့ သူ႔ကိုျမင္ေတာ့ လာခ်င္တဲ့စိတ္ေတြျဖစ္ၿပီး ေရာက္ခ်လာတာပါ” လို႔ ေဇရဲထက္က ဆိုပါတယ္။

လမ္းခရီးၾကမ္းေပမယ့္လည္း သူ႔ကို ေစာင့္ႀကိဳေနတဲ့ ပရိသတ္ေတြကို ျမင္လိုက္ရတဲ့အခ်ိန္မွာ ပင္ပန္းမႈေတြ ေပ်ာက္သြားခဲ့တယ္လို႔ ေဇရဲထက္က ေျပာပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈေတြကို ျမင္ၿပီး အားလုံးဟာ ဝမ္းသာပီတိျဖစ္ေနၾကပါတယ္။


ေဇရဲထက္ကို ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြ စလုပ္ ကတည္းက ပရိသတ္အားေပးမႈအရွိန္ေကာင္းခဲ့တာပါ။ အဲ့ဒီေနာက္ အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းလာရင္းနဲ႔ ေဝဖန္တိုက္ ခိုက္မႈ၊ ခ်စ္ခင္အားေပးမႈေတြၾကားကေန အခုဆိုရင္ ေအာင္ျမင္တဲ့ အေနအထားတစ္ခုကို ပိုင္ဆိုင္ေနတာပဲ ျဖစ္ပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဇေရဲထက်က ဒီနေ့မှာ သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်က အမာခံပရိသတ်ဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒီနေ့ဟာ အဲ့ဒီကောင်မလေးအတွက် အပျော်ဆုံး နေ့တစ်နေ့လို့ ဆိုရမှာပါ။

သရုပ်ဆောင် ဇေရဲထက်ဟာ ဒီနေ့(ဖေဖော်ဝါရီ၅ရက်)မှာ သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်က အမာခံပရိသတ် မိန်းကလေးဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဇေရဲထက်အလာကို မျှော်နေတဲ့ ကောင်မလေးအတွက် သူကိုယ်တိုင် လိုအပ်တာတွေ အလှူခံပြီး ဒီနေ့မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

ပန်းတနော်က အမာခံပရိသတ်အတွက် ဇေရဲထက်ရဲ့ Fan တွေရော၊ သူငယ်ချင်းအပေါင်းအသင်းတွေကပါ လိုအပ်တာတွေ လှူဒါန်းခဲ့သလို ဇေရဲထက်ကလည်း တက်နိုင်သလောက် မုန့်ဖိုးပေးခဲ့တယ်လို့ Duwun Media သို့ ပြောပြခဲ့ပါတယ်။

“ညီမလေးကလည်း အလှူခံတာမဟုတ်ဘူးလေ။ ကျွန်တော့်ဘက်က တက်နိုင်သလောက် မုန့်ဖိုးပေးတဲ့ သဘောပါ။ သူက ကျွန်တော့်ကို တွေ့ချင်တဲ့အတွက် လာတာ။ ကျွန်တော်ပေးတဲ့ပမာဏက နည်းနိုင်တယ်လေ။ ကျွန်တော့်ပရိသတ်တွေရော၊ ကျွန်တော့်သူငယ်ချင်းတွေက ပိုပေးတဲ့အခါကျတော့ သူပိုရတာပေ့ါ ။အကုန်လုံးကလည်း ဒီညီမလေးကို ချစ်နေတဲ့အတွက် အားလုံး ကုသိုလ်ရတောပေ့ါနော်။ သူက တော်တော်ကုသိုလ်ကံကောင်းတယ်လို့ပြောရမယ်။ကျွန်တော်က တော်ရုံတန်ရုံ အိမ်အပြင်ထွက်တဲ့လူတောင်မဟုတ်ဘူး ။ပြီးတော့ ဒီလမ်းကလည်းအရမ်းကြမ်းတယ်လေ။ ဒါပေမဲ့ သူ့ကိုမြင်တော့ လာချင်တဲ့စိတ်တွေဖြစ်ပြီး ရောက်ချလာတာပါ” လို့ ဇေရဲထက်က ဆိုပါတယ်။

လမ်းခရီးကြမ်းပေမယ့်လည်း သူ့ကို စောင့်ကြိုနေတဲ့ ပရိသတ်တွေကို မြင်လိုက်ရတဲ့အချိန်မှာ ပင်ပန်းမှုတွေ ပျောက်သွားခဲ့တယ်လို့ ဇေရဲထက်က ပြောပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုတွေကို မြင်ပြီး အားလုံးဟာ ဝမ်းသာပီတိဖြစ်နေကြပါတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top