iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ျပြတ္နဲ႔ထုိးသြင္းၿပီး ေရမေဆးရ

တစ္ခ်ိဳ႕က Douching Advice (ေရျပြတ္ကဲ့သုိ႕ေသာ)အရာမ်ားသုံးၿပီး ေယာနိအတြင္းပုိင္းကုိ ထုိးသြင္းကာ သန္႕ရွင္းေရးလုပ္ၾကပါတယ္။ ပုိးသတ္သန္႕စင္ထားေၾကာင္း ေၾကျငာထားရင္လည္း အသုံးျပဳဖုိ႕ မသင့္ပါဘူး။ သားအိမ္အတြင္းပုိင္းဟာအရမ္းႏူးညံၿပီး pH ပမာဏလြန္ကဲတဲ့ ေရနဲ႔ ေတြ႕ရင္ ပ်က္ဆီးတတ္သလုိ အျခားေဘးထြက္ဆုိးက်ိဳးေတြလည္း ရွိပါတယ္။

(၂) လက္ျဖစ္ေဆး၀ါးမ်ား မသုံးရ

တစ္ခ်ိဳ႕ေတြက ရာသီလာတဲ့အခါမ်ိဳးမွာ အဂၤါေရာင္ရမ္းမႈကုိ သက္သာေစဖုိ႔ ေပါင္းျမက္နဲ႔ အုံျခင္း၊ လက္ဖက္ေျခာက္အဖန္ရည္နဲ႔ ေဆးျခင္း၊ ေရခဲသြင္းျခင္းမ်ား လုပ္တတ္ၾကပါတယ္။ ဒါေတြကို လုံး၀ ေရွာင္ရွားရမယ္ဆုိတာာ အမ်ိဳးသမီးတုိင္း သိေစခ်င္ပါတယ္။

(၃) အရာ၀တၳဳမ်ားနဲ႕ က်ဥ္းေျမာင္းေအာင္ မျပဳလုပ္ရ

လင္ေယာက္်ားရဲ႕ အလုိကုိလုိက္ၿပီး အရာ၀တၳဳ၊ ေဖာ့၊ စကၠဴအစရွိတဲ့ ပစၥည္းေတြသုံးၿပီး လမ္းေၾကာင္းက်ဥ္းေျမာင္းေအာင္လုပ္ျခင္း၊ ေက်ာက္ခ်ဥ္ကဲ့သုိ႕ေသာ အရာမ်ား လိမ္းျခင္းဟာ သားအိမ္ေခါင္းကင္ဆာကိုေတာင္ ျဖစ္ေစႏုိ္င္သည္အထိ ျဖစ္ေစပါတယ္။

(၄) ပရေဆးမ်ား မသုံးရ

ပရေဆးေတြနဲ႔ ဟုတ္ႏုိးႏုိးျဖင့္ အဂၤါကုိ လိမ္းျခင္း၊ မိမိဘာသာ တက္သေလာက္ မွတ္သေလာက္ လုပ္ျခင္းေတြကို ေရွာင္ရပါမယ္။ ေရာဂါဆုိးေတြ ေပးတဲ့အရာေတြ ျဖစ္ပါတယ္။

(၅) လိင္ဆက္ဆံၿပီး ခ်က္ခ်င္းအေပါ့သြားျခင္းမျပဳရ

လိင္ဆက္ဆံၿပီးတာနဲ႕ ခ်က္ခ်င္းအေပါ့သြားတာကို ေရွာင္ရွားရပါမယ္။ အေၾကာင္းကေတာ့ ဆီးထဲမွာ အႏၱရာယ္ေပးႏုိ္င္တဲ့ေရာဂါပုိးေတြ ပါ၀င္လုိ႕ လက္လက္ဆက္ဆက္ ပြန္းပဲ့ဒဏ္ရာရထားတဲ့ လမ္းေၾကာင္းၾကြက္သားနဲ႕ ထိေတြ႕ရင္ ေရာဂါရေစႏုိင္ပါတယ္။

ဘယ္လုိ … သန္႕ရွင္းေရးလုပ္ရမလဲ … ?

(၁) pH ပမာဏ 4.5 ထက္မနည္း 8 ထက္မပိုေသာ Feminine Care Product မ်ားကို သံုးပါ

Feminine Care Product မ်ားကို ေရြးခ်ယ္၀ယ္ယူတဲ႔အခါမွာလည္း က်န္းမာေရးစံညႊန္းႏွင့္ ကိုက္ညီေသာ (ဥပမာ – pH Care ကဲ႔သို႔) ပစၥည္းမ်ားကို ေရြးခ်ယ္အသံုးျပဳပါ။

(၂) ေရေႏြးနဲ႕ ေဆးပါ

ေရေႏြးနဲ႕ အျပင္ကေန သန္႕ရွင္းေအာင္ ေဆးႏုိင္ပါတယ္။ ေရပန္းနဲ႕ ခပ္ျပင္းျပင္းေလး ပန္းၿပီးေပါ့။ လက္နဲ႔မပြတ္ရင္ေတာင္အဲဒီနည္းက သန္႕ရွင္းစင္ၾကယ္ေစပါတယ္။

(၃) က်န္းမာေရးညႊန္းကိန္းနဲ႕ ေလွ်ာ္ညီေသာ လစဥ္သုံးပစၥည္းကို သုံးပါ

အခ်ိုဳ႕ပစၥည္းေတြဟာ ေရာင္းေကာင္းဖုိ႕ အဓိကထား ထုတ္ပုိးထားတာျဖစ္ပါတယ္။ ဘယ္က်န္းမာေရးဌာနကမွ ေထာက္ခံထားတာမ်ိဳး မရွိပါဘူး။ ဒီလုိမ်ိဳးပစၥည္းမ်ိဳးကို မိမိတုိ႕ဘာသာ ဆန္းစစ္ဖုိ႕ လုိပါတယ္။

(၄) ပုိးသတ္ထားတဲ့ အ၀တ္နဲ႔ ေရွ႕ေနာက္အေပၚေအာက္ သုတ္ေပးပါ

ေရေမြး၊ ဓာတုဓာတ္ေပါင္းေတြ ပါ၀င္တဲ့ တစ္႐ွဴး/စကၠဴ စတာေတြ လုံး၀ မသုံးရပါ။ ပုိးသတ္ထားတဲ့ အ၀တ္နဲ႔ ေရွ႕ေနာက္အေပၚေအာက္ သုတ္ေပးႏုိင္ပါတယ္။

(၅) ၀ါခ်ည္စစ္စစ္နဲ႔ျပဳလုပ္ထားတဲ့ အတြင္းခံအထည္မ်ားကို ေရြးခ်ယ္၀တ္ဆင္ပါ

၀ါခ်ည္နဲ႔ျပဳလုပ္ထားျခင္းေၾကာင့္ အျခား ဓာတုေဆးေတြ မပါ၀င္ပါဘူး။ အျခား စြပ္က်ယ္ကဲ့သုိ႕ေသာ ကုန္ၾကမ္းေတြနဲ႕ထုတ္လုပ္ထားတဲ့ အတြင္းခံေတြမွာ ဓာတုပစၥည္း အေျမာက္အမ်ားပါ၀င္လုိ႕ ဆုိးက်ိဴးကို ျဖစ္ေစေၾကာင္း သတိေပးလုိက္ပါရေစ။
Credit:မဒီေလး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
(၁) ပြွတ်နဲ့ထိုးသွင်းပြီး ရေမဆေးရ

တစ်ချို့က Douching Advice (ရေပြွတ်ကဲ့သို့သော)အရာများသုံးပြီး ယောနိအတွင်းပိုင်းကို ထိုးသွင်းကာ သန့်ရှင်းရေးလုပ်ကြပါတယ်။ ပိုးသတ်သန့်စင်ထားကြောင်း ကြေငြာထားရင်လည်း အသုံးပြုဖို့ မသင့်ပါဘူး။ သားအိမ်အတွင်းပိုင်းဟာအရမ်းနူးညံပြီး pH ပမာဏလွန်ကဲတဲ့ ရေနဲ့ တွေ့ရင် ပျက်ဆီးတတ်သလို အခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

(၂) လက်ဖြစ်ဆေးဝါးများ မသုံးရ

တစ်ချို့တွေက ရာသီလာတဲ့အခါမျိုးမှာ အင်္ဂါရောင်ရမ်းမှုကို သက်သာစေဖို့ ပေါင်းမြက်နဲ့ အုံခြင်း၊ လက်ဖက်ခြောက်အဖန်ရည်နဲ့ ဆေးခြင်း၊ ရေခဲသွင်းခြင်းများ လုပ်တတ်ကြပါတယ်။ ဒါတွေကို လုံး၀ ရှောင်ရှားရမယ်ဆိုတာာ အမျိုးသမီးတိုင်း သိစေချင်ပါတယ်။

(၃) အရာဝတ္ထုများနဲ့ ကျဉ်းမြောင်းအောင် မပြုလုပ်ရ

လင်ယောက်ျားရဲ့ အလိုကိုလိုက်ပြီး အရာဝတ္ထု၊ ဖော့၊ စက္ကူအစရှိတဲ့ ပစ္စည်းတွေသုံးပြီး လမ်းကြောင်းကျဉ်းမြောင်းအောင်လုပ်ခြင်း၊ ကျောက်ချဉ်ကဲ့သို့သော အရာများ လိမ်းခြင်းဟာ သားအိမ်ခေါင်းကင်ဆာကိုတောင် ဖြစ်စေနိုင်သည်အထိ ဖြစ်စေပါတယ်။

(၄) ပရဆေးများ မသုံးရ

ပရဆေးတွေနဲ့ ဟုတ်နိုးနိုးဖြင့် အင်္ဂါကို လိမ်းခြင်း၊ မိမိဘာသာ တက်သလောက် မှတ်သလောက် လုပ်ခြင်းတွေကို ရှောင်ရပါမယ်။ ရောဂါဆိုးတွေ ပေးတဲ့အရာတွေ ဖြစ်ပါတယ်။

(၅) လိင်ဆက်ဆံပြီး ချက်ချင်းအပေါ့သွားခြင်းမပြုရ

လိင်ဆက်ဆံပြီးတာနဲ့ ချက်ချင်းအပေါ့သွားတာကို ရှောင်ရှားရပါမယ်။ အကြောင်းကတော့ ဆီးထဲမှာ အန္တရာယ်ပေးနိုင်တဲ့ရောဂါပိုးတွေ ပါဝင်လို့ လက်လက်ဆက်ဆက် ပွန်းပဲ့ဒဏ်ရာရထားတဲ့ လမ်းကြောင်းကြွက်သားနဲ့ ထိတွေ့ရင် ရောဂါရစေနိုင်ပါတယ်။

ဘယ်လို … သန့်ရှင်းရေးလုပ်ရမလဲ … ?

(၁) pH ပမာဏ 4.5 ထက်မနည်း 8 ထက်မပိုသော Feminine Care Product များကို သုံးပါ

Feminine Care Product များကို ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း ကျန်းမာရေးစံညွှန်းနှင့် ကိုက်ညီသော (ဥပမာ – pH Care ကဲ့သို့) ပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။

(၂) ရေနွေးနဲ့ ဆေးပါ

ရေနွေးနဲ့ အပြင်ကနေ သန့်ရှင်းအောင် ဆေးနိုင်ပါတယ်။ ရေပန်းနဲ့ ခပ်ပြင်းပြင်းလေး ပန်းပြီးပေါ့။ လက်နဲ့မပွတ်ရင်တောင်အဲဒီနည်းက သန့်ရှင်းစင်ကြယ်စေပါတယ်။

(၃) ကျန်းမာရေးညွှန်းကိန်းနဲ့ လျှော်ညီသော လစဉ်သုံးပစ္စည်းကို သုံးပါ

အချိုု့ပစ္စည်းတွေဟာ ရောင်းကောင်းဖို့ အဓိကထား ထုတ်ပိုးထားတာဖြစ်ပါတယ်။ ဘယ်ကျန်းမာရေးဌာနကမှ ထောက်ခံထားတာမျိုး မရှိပါဘူး။ ဒီလိုမျိုးပစ္စည်းမျိုးကို မိမိတို့ဘာသာ ဆန်းစစ်ဖို့ လိုပါတယ်။

(၄) ပိုးသတ်ထားတဲ့ အဝတ်နဲ့ ရှေ့နောက်အပေါ်အောက် သုတ်ပေးပါ

ရေမွေး၊ ဓာတုဓာတ်ပေါင်းတွေ ပါဝင်တဲ့ တစ်ရှူး/စက္ကူ စတာတွေ လုံး၀ မသုံးရပါ။ ပိုးသတ်ထားတဲ့ အဝတ်နဲ့ ရှေ့နောက်အပေါ်အောက် သုတ်ပေးနိုင်ပါတယ်။

(၅) ဝါချည်စစ်စစ်နဲ့ပြုလုပ်ထားတဲ့ အတွင်းခံအထည်များကို ရွေးချယ်ဝတ်ဆင်ပါ

ဝါချည်နဲ့ပြုလုပ်ထားခြင်းကြောင့် အခြား ဓာတုဆေးတွေ မပါဝင်ပါဘူး။ အခြား စွပ်ကျယ်ကဲ့သို့သော ကုန်ကြမ်းတွေနဲ့ထုတ်လုပ်ထားတဲ့ အတွင်းခံတွေမှာ ဓာတုပစ္စည်း အမြောက်အများပါဝင်လို့ ဆိုးကျိူးကို ဖြစ်စေကြောင်း သတိပေးလိုက်ပါရစေ။
Credit:မဒီလေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top