iMyanmarHouse.com - Best Property Website for Myanmar
×

လြန္ခဲ့တဲ့နွစ္ေတြကတည္းက ရင္သပ္ရႈ႕ေမာဖြယ္ ဇာတ္အခ်ိဳးအေကြ႕အဖြဲ႕အႏြဲ႕အသံုးအနႈန္းေတြနဲ႔ ဝတၳဳစာအုပ္ေပါင္းမ်ားစြာထုတ္ျပီး ပရိသတ္ေတြရင္ထဲကုိဝင္ေရာက္လာခဲ့တဲ့ ပုညခင္ဆိုတဲ့ စာေရးဆရာမကုိ လူတိုင္းနီးပါးသိၾကမွာပါ။

ပုညခင္ဟာ စာေရးဆရာမ သက္သက္တင္မဟုတ္၊

ဇာတ္ညႊန္းေတြ ၾကံဳရင္ၾကံဳသလိုေရးသားသူလည္း ျဖစ္တဲ့အျပင္ စာအုပ္ေတြထဲမွာ လူငယ္ေတြအတြက္ ခ်စ္မႈေရးရာ အၾကံေပးစကားေတြလည္း အားရွိစရာထည့္သြင္းေရးသားတတ္တဲ့

အားကုိးခ်င္စရာ အခ်စ္ေရးအၾကံေပးတစ္ဦးလည္း ျဖစ္ပါေသးတယ္။ ပုညခင္က မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အခ်စ္အေပၚခံယူခ်က္ေတြနဲ႔ လူငယ္ေတြအတြက္အၾကံေပးစကားအခ်ိဳ႕ကုိ ေျဖၾကားထားေပးပါတယ္။

ပုညခင္က သူမရဲ႕ခ်စ္ျခင္းေမတၱာအေပၚ ရႈ႕ျမင္ပံုကို “အခ်စ္ဆိုတာကေတာ့ အနည္းဆံုးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္

လူဆိုတာ အတၱမကင္းဘူးဆိုေပမယ့္လည္း အတၱကုိေလွ်ာ့ျပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ညွိုနိႈင္းရမယ့္အရာမ်ိဳးလို႔ အစ္မကေတာ့ထင္ပါတယ္”လို႔ ေျပာျပထားပါတယ္။

ပုညခင္က သူမရဲ႕အိမ္ေထာင္ေရးအေၾကာင္းကုိလည္း “အစ္မက အသက္သံုးဆယ္ေက်ာ္မွအိမ္ေထာင္က်တာ။ အိမ္ေထာင္က်ေတာ့ (၃၇)နွစ္ရွိပါျပီ။

အစ္မကထက္ငယ္တဲ့လူနဲ႔ အိမ္ေထာင္က်တာပါ။ အစ္မထက္ငယ္တယ္ဆိုေပမယ့္ အစ္မထက္ ရွစ္နွစ္ေလာက္ ငယ္တာေပါ့ေနာ္။ ငယ္ေပမယ့္ အခု အိမ္ေထာင္သက္က ကုိးနွစ္ေလာက္ရွိပါျပီ။”လို႔ ေျပာျပထားပါတယ္။

ပုညခင္က အခ်စ္ေရးပင္လယ္ထဲမွာ ျမွပ္ခ်ီေပၚခ်ီကူးခတ္ေနၾကဆဲျဖစ္တဲ့ သူမရဲ႕ စာဖတ္ပရိသတ္မနူးမနပ္လူငယ္ေလးေတြအတြက္လည္း ေစတနာဗရပြနဲ႔အၾကံေပးစကားေတြကုိ

“လူငယ္ေတြကုိ ေျပာခ်င္တာကေတာ့ အခ်စ္ဆိုတဲ့ဟာ အေပၚမွာ အရမ္းၾကီး ရူးသြပ္ေနတာမ်ိဳး မဟုတ္ပဲနဲ႔ေလ တစ္ေယာက္နဲ႔တစ္ေယာက္နစ္နာေစတဲ့အခ်စ္မ်ိဳးမျဖစ္ေအာင္ေပါ့ေနာ္၊

ကုိယ္ကလည္းကုိယ္ခ်စ္တဲ့သူကုိ နစ္နာမသြားေအာင္ ကိုယ့္ေၾကာင့္ဆုတ္ယုတ္မသြားေအာင္၊ကုိယ္ခ်စ္တဲ့သူကလည္းကုိယ့္ကုိ နစ္နာေအာင္လုပ္ရင္လည္း

ဒီအေပၚမွာကုိယ့္ဘဝပ်က္စီးမသြားပဲနဲ႔ ကုိယ့္ဘဝကုိယ္ ထိန္းကြပ္နုိင္ေအာင္ အမ်ားၾကီးၾကိဳးစားသင့္တယ္လုိ႔ အစ္မကေတာ့ထင္ပါတယ္”လို႔ ေသခ်ာေလးေျပာျပထားပါတယ္။

ပရိသတ္ၾကီးထဲမွာေရာ.. ပုညခင္စာအုပ္ေတြကုိ စြဲစြဲလန္းလန္းဖတ္ရႈ႕သူေတြရွိၾကလား။ ပုညခင္ရဲ႕ေနာက္ထြက္လာမယ့္စာအုပ္ေတြကုိေရာ..အားေပးဖုိ႔အသင့္ပဲလား။

Credit:canwait2say
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လွန်ခဲ့တဲ့နှစ်တွေကတည်းက ရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်းများစွာထုတ်ပြီး ပရိသတ်တွေရင်ထဲကိုဝင်ရောက်လာခဲ့တဲ့ ပုညခင်ဆိုတဲ့ စာရေးဆရာမကို လူတိုင်းနီးပါးသိကြမှာပါ။

ပုညခင်ဟာ စာရေးဆရာမ သက်သက်တင်မဟုတ်၊

ဇာတ်ညွှန်းတွေ ကြုံရင်ကြုံသလိုရေးသားသူလည်း ဖြစ်တဲ့အပြင် စာအုပ်တွေထဲမှာ လူငယ်တွေအတွက် ချစ်မှုရေးရာ အကြံပေးစကားတွေလည်း အားရှိစရာထည့်သွင်းရေးသားတတ်တဲ့

အားကိုးချင်စရာ အချစ်ရေးအကြံပေးတစ်ဦးလည်း ဖြစ်ပါသေးတယ်။ ပုညခင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ အချစ်အပေါ်ခံယူချက်တွေနဲ့ လူငယ်တွေအတွက်အကြံပေးစကားအချို့ကို ဖြေကြားထားပေးပါတယ်။

ပုညခင်က သူမရဲ့ချစ်ခြင်းမေတ္တာအပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်

လူဆိုတာ အတ္တမကင်းဘူးဆိုပေမယ့်လည်း အတ္တကိုလျှော့ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းရမယ့်အရာမျိုးလို့ အစ်မကတော့ထင်ပါတယ်”လို့ ပြောပြထားပါတယ်။

ပုညခင်က သူမရဲ့အိမ်ထောင်ရေးအကြောင်းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှအိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇)နှစ်ရှိပါပြီ။

အစ်မကထက်ငယ်တဲ့လူနဲ့ အိမ်ထောင်ကျတာပါ။ အစ်မထက်ငယ်တယ်ဆိုပေမယ့် အစ်မထက် ရှစ်နှစ်လောက် ငယ်တာပေါ့နော်။ ငယ်ပေမယ့် အခု အိမ်ထောင်သက်က ကိုးနှစ်လောက်ရှိပါပြီ။”လို့ ပြောပြထားပါတယ်။

ပုညခင်က အချစ်ရေးပင်လယ်ထဲမှာ မြှပ်ချီပေါ်ချီကူးခတ်နေကြဆဲဖြစ်တဲ့ သူမရဲ့ စာဖတ်ပရိသတ်မနူးမနပ်လူငယ်လေးတွေအတွက်လည်း စေတနာဗရပွနဲ့အကြံပေးစကားတွေကို

“လူငယ်တွေကို ပြောချင်တာကတော့ အချစ်ဆိုတဲ့ဟာ အပေါ်မှာ အရမ်းကြီး ရူးသွပ်နေတာမျိုး မဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့တစ်ယောက်နစ်နာစေတဲ့အချစ်မျိုးမဖြစ်အောင်ပေါ့နော်၊

ကိုယ်ကလည်းကိုယ်ချစ်တဲ့သူကို နစ်နာမသွားအောင် ကိုယ့်ကြောင့်ဆုတ်ယုတ်မသွားအောင်၊ကိုယ်ချစ်တဲ့သူကလည်းကိုယ့်ကို နစ်နာအောင်လုပ်ရင်လည်း

ဒီအပေါ်မှာကိုယ့်ဘဝပျက်စီးမသွားပဲနဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ်နိုင်အောင် အများကြီးကြိုးစားသင့်တယ်လို့ အစ်မကတော့ထင်ပါတယ်”လို့ သေချာလေးပြောပြထားပါတယ်။

ပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်းဖတ်ရှု့သူတွေရှိကြလား။ ပုညခင်ရဲ့နောက်ထွက်လာမယ့်စာအုပ်တွေကိုရော..အားပေးဖို့အသင့်ပဲလား။

Credit:canwait2say

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top