iMyanmarHouse.com - Best Property Website for Myanmar
×


ပညာရွင္ေတြရဲ႕ ေလ့လာခ်က္အသစ္အရ မနက္ ႏိုးႏိုးခ်င္း ဗိုက္ထဲ အစာမရွိခ်ိန္မွာ ပိႏၷဲသီး ၇ ရက္ ဆက္တိုက္ ေကြၽးၾကည့္တဲ့အခါ ထူးျခားတဲ့ ရလဒ္ေတြကို ရခဲ့ၾကပါတယ္။ ပိႏၷဲသီးဟာ အပူပိုင္း ရာသီဥတုမွာ ေပါက္ေရာက္တဲ့ အသီး ျဖစ္ၿပီး အနံ႔အရသာနဲ႔ ျပည့္စုံကာ အာဟာရတန္ဖိုးျမင့္တဲ့ အသီးလည္းျဖစ္ပါတယ္။

ပိႏၷဲသီးမွာ လူကိုအက်ိဳးျပဳတဲ့ အာဟာရဓာတ္ေတြပါတယ္ ဆိုေပမယ့္ လူေတာ္ေတာ္ မ်ားမ်ားကေတာ့ ျမည္းစမ္း ၾကည့္ဖို႔ တြန႔္ဆုတ္ေနဆဲပါ။ အထူးသျဖင့္ မနက္အေစာႀကီး အစား မစားရေသးတဲ့ အခ်ိန္ေပါ့။ ဒါေပမယ့္ အခ်က္အလက္ေတြအရ ပိႏၷဲသီးမွာပါတဲ့ အာဟာရဓာတ္ေတြက ကိုယ္တြင္း ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး ေရာဂါပိုးမႊားေတြကို တိုက္ဖ်က္ကာ အသားေရကို လွပေစတယ္လို႔ ေဖာ္ျပထားပါတယ္။

အဆိုပါ အားသာခ်က္ေတြထြက္လာလို႔ ပိႏၷဲသီးဟာ သက္သတ္လြတ္စားၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ခ်င္သူေတြ အတြက္ အသားအစားထိုး အစားအစာလို႔ေတာင္ သတ္မွတ္ၾကတာပါ။ ပိႏၷဲသီးကို သက္သတ္လြတ္ ဝက္သားလို႔ တင္စားထားပါတယ္။

ဗီတာမင္၊ သတၱဳဓာတ္ပါဝင္တဲ့ ပိႏၷဲသီးဟာ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့အသီးျဖစ္ၿပီး ဗီတာမင္ ေအ၊ ဗီတာမင္ စီ၊ ဗီတာမင္ ဘီဆစ္၊ ပိုတက္စီယမ္၊ အမွ်င္ဓာတ္၊ မဂၢနီစီယမ္၊ ကယ္လ္စီယမ္၊ သံဓာတ္၊ ပ႐ိုတိန္း တို႔အျပင္ Lignas၊ Isoflavones နဲ႔ Saponins တို႔လည္း ပါဝင္ ပါေသးတယ္။

ေနာက္ထပ္ အက်ိဳးျပဳတဲ့ဓာတ္တမ်ိဳးကေတာ့ အသီးအ႐ြက္ေတြကေနပဲ ရႏိုင္တဲ့ အာဟာရဓာတ္ပါ။ ကိုယ္တြင္း အနာတမ်ိဳးျဖစ္တဲ့ ကင္ဆာေရာဂါကို ကာကြယ္ေပးၿပီး၊ ကင္ဆာဆဲလ္တိုးပြားမႈကိုလည္း တားဆီးေပးႏိုင္တာမို႔ အစာအိမ္ အနာကတဆင့္ ကင္ဆာေရာဂါ မျဖစ္ေအာင္ ကာကြယ္ခ်င္တယ္ဆိုရင္ ဗိုက္ထဲ အစာမရွိတဲ့အခ်ိန္ ဒါမွမဟုတ္ အစာနဲ႔ ေဝးတဲ့အခ်ိန္ေတြမွာ ပိႏၷဲသီးစားေပးဖို႔ အႀကံျပဳထားပါတယ္။

ပိႏၷဲသီးက ကင္ဆာေရာဂါကာကြယ္သလို အသားအေရ လွပေအာင္လည္း စြမ္းေဆာင္ ေပးႏိုင္ပါတယ္။ အသက္႐ြယ္ ႀကီးရင့္ေစမယ့္ ဓာတ္ေတြကို တိုက္ဖ်က္ေပးတဲ့ antioxidant ပါဝင္လို႔ အသားအေရ စိုျပည္ၿပီး ပုံမွန္ စားေပးရင္ အသာေရ ၾကည္လင္ေတာက္ပကာ အေရးအေၾကာင္းေတြကို ေလ်ာ့ပါးေစပါတယ္။

ပိႏၷဲသီးမွာပါတဲ့ အာဟာရတန္ဖိုးေတြက ျပည့္ဝဆီ အနည္းငယ္ ပါဝင္ၿပီး၊ ကိုလက္စထေရာနဲ႔ ဆိုဒီယမ္ဓာတ္ေတြ အျပင္ ေန႔စဥ္ခႏၶာကိုယ္က လိုအပ္တဲ့အမွ်င္ဓာတ္ရဲ႕ ၁၁ ရာခိုင္ႏႈန္းေက်ာ္ကို ျဖည့္စြမ္းေပးပါတယ္။ ဒါေပမယ့္လည္း ပိႏၷဲသီးကို ေန႔စဥ္လိုအပ္တာထက္ ပိုလွ်ံ စားသုံးမိရင္ ေဘးထြက္ဆိုးက်ိဳးေတြ ရွိႏိုင္လို႔ ေန႔စဥ္ လိုအပ္သေလာက္ ပမာဏကိုပဲ ထိန္းညႇိစားေပးဖို႔ အႀကံျပဳထားပါတယ္။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ပညာရှင်တွေရဲ့ လေ့လာချက်အသစ်အရ မနက် နိုးနိုးချင်း ဗိုက်ထဲ အစာမရှိချိန်မှာ ပိန္နဲသီး ၇ ရက် ဆက်တိုက် ကျွေးကြည့်တဲ့အခါ ထူးခြားတဲ့ ရလဒ်တွေကို ရခဲ့ကြပါတယ်။ ပိန္နဲသီးဟာ အပူပိုင်း ရာသီဥတုမှာ ပေါက်ရောက်တဲ့ အသီး ဖြစ်ပြီး အနံ့အရသာနဲ့ ပြည့်စုံကာ အာဟာရတန်ဖိုးမြင့်တဲ့ အသီးလည်းဖြစ်ပါတယ်။

ပိန္နဲသီးမှာ လူကိုအကျိုးပြုတဲ့ အာဟာရဓာတ်တွေပါတယ် ဆိုပေမယ့် လူတော်တော် များများကတော့ မြည်းစမ်း ကြည့်ဖို့ တွန့်ဆုတ်နေဆဲပါ။ အထူးသဖြင့် မနက်အစောကြီး အစား မစားရသေးတဲ့ အချိန်ပေါ့။ ဒါပေမယ့် အချက်အလက်တွေအရ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်တွေက ကိုယ်တွင်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်ကာ အသားရေကို လှပစေတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ အားသာချက်တွေထွက်လာလို့ ပိန္နဲသီးဟာ သက်သတ်လွတ်စားပြီး ကိုယ်အလေးချိန် လျော့ချချင်သူတွေ အတွက် အသားအစားထိုး အစားအစာလို့တောင် သတ်မှတ်ကြတာပါ။ ပိန္နဲသီးကို သက်သတ်လွတ် ဝက်သားလို့ တင်စားထားပါတယ်။

ဗီတာမင်၊ သတ္တုဓာတ်ပါဝင်တဲ့ ပိန္နဲသီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အသီးဖြစ်ပြီး ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီဆစ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ပရိုတိန်း တို့အပြင် Lignas၊ Isoflavones နဲ့ Saponins တို့လည်း ပါဝင် ပါသေးတယ်။

နောက်ထပ် အကျိုးပြုတဲ့ဓာတ်တမျိုးကတော့ အသီးအရွက်တွေကနေပဲ ရနိုင်တဲ့ အာဟာရဓာတ်ပါ။ ကိုယ်တွင်း အနာတမျိုးဖြစ်တဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးပြီး၊ ကင်ဆာဆဲလ်တိုးပွားမှုကိုလည်း တားဆီးပေးနိုင်တာမို့ အစာအိမ် အနာကတဆင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် ဗိုက်ထဲ အစာမရှိတဲ့အချိန် ဒါမှမဟုတ် အစာနဲ့ ဝေးတဲ့အချိန်တွေမှာ ပိန္နဲသီးစားပေးဖို့ အကြံပြုထားပါတယ်။

ပိန္နဲသီးက ကင်ဆာရောဂါကာကွယ်သလို အသားအရေ လှပအောင်လည်း စွမ်းဆောင် ပေးနိုင်ပါတယ်။ အသက်ရွယ် ကြီးရင့်စေမယ့် ဓာတ်တွေကို တိုက်ဖျက်ပေးတဲ့ antioxidant ပါဝင်လို့ အသားအရေ စိုပြည်ပြီး ပုံမှန် စားပေးရင် အသာရေ ကြည်လင်တောက်ပကာ အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။

ပိန္နဲသီးမှာပါတဲ့ အာဟာရတန်ဖိုးတွေက ပြည့်ဝဆီ အနည်းငယ် ပါဝင်ပြီး၊ ကိုလက်စထရောနဲ့ ဆိုဒီယမ်ဓာတ်တွေ အပြင် နေ့စဉ်ခန္ဓာကိုယ်က လိုအပ်တဲ့အမျှင်ဓာတ်ရဲ့ ၁၁ ရာခိုင်နှုန်းကျော်ကို ဖြည့်စွမ်းပေးပါတယ်။ ဒါပေမယ့်လည်း ပိန္နဲသီးကို နေ့စဉ်လိုအပ်တာထက် ပိုလျှံ စားသုံးမိရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လို့ နေ့စဉ် လိုအပ်သလောက် ပမာဏကိုပဲ ထိန်းညှိစားပေးဖို့ အကြံပြုထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top