iMyanmarHouse.com - Best Property Website for Myanmar
×


အသံပါဝါေကာင္းေကာင္းနဲ႔ အမိုက္စားသီခ်င္းေတြကို Mood အျပည့္နဲ႔ သီဆိုေလ့ရွိတဲ့ အဆိုေတာ္မေလး နီနီခင္ေဇာ္ကေတာ့ အျမဲလိုလို ဆန္းသစ္တဲ့ အႏုပညာနဲ႔ ပရိသတ္ေတြရဲ႕အာရံုကို ဖမ္းစားထားႏိုင္သူေလးပဲ ျဖစ္ပါတယ္။ စီးပြားေရးပိုင္းမွာလည္း ၾကိုးစားေနတဲ့ နီနီကေတာ့ လတ္တေလာမွာ သူမရဲ႕စူပါရက္ဒ္ အလွကုန္မွ အသစ္ထြက္ရွိလာတဲ့ ပစ္တိုင္းေတာင္ နႈတ္ခမ္းနီအတြက္ အမိုက္စားေၾကာ္ျငာထားတဲ့ ဗီဒီယိုေလးကို လူမႈကြန္ယက္ေပၚမွာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။ ေၾကာ္ျငာလို႔ေတာင္ မထင္ရေလာက္တဲ့ နီနီခင္ေဇာ္ရဲ႕ေတးသရုပ္ေဖာ္ဗီဒီယိုကေတာ့ အရမ္းကို ၾကည့္လို႔မိုက္ေနတာျဖစ္ျပီး နာရီဝက္အတြင္းမွာ ၾကည့္ရႈသူေတြ မ်ားျပားခဲ့တာ ေတြ႔ရပါတယ္။

နီနီခင္ေဇာ္ကေတာ့ “ပစ္တိုင္းေထာင္ ေတးသရုပ္ေဖာ္ ဒီတခါေတာ့ အကိုၿငိမ္းေမာင္နဲ႔ ခင့္ ဘဝ နီးစပ္ခါနီးမွာပဲ ပိုးပန္းေနတဲ့သူေတြေၾကာင့္ ဗ်ာမ်ားေနတဲ့ ခင္တေယာက္ … ေလာကဓံကိုၾကံၾကံခံဖို႔ အားေပးေနတဲ့ ပစ္တိုင္းေထာင္ေလး နဲ႔ ခင့္ အေၾကာင္း စူပါရက္ဒ္ အလွကုန္မွ ရိုက္ကူးေဖာ္ျပလိုက္ပါတယ္ေနာက္ခံေတးဂီတ-မ်ိဳးေဇာ္ထက္ ရိုက္ကူး- စႏိုုးမိုင္လီ ကင္မရာ- သီဟ ဒိုင္ႏို ေရး ဆို – ခင္ **မတ္လ ၃ ရက္ေန႔ပစ္တိုင္းေထာင္ ႏႈတ္ခမ္းနီအသစ္ေလးေတြနဲ႔ ဂ်န္းရွင္းစီးတီး မွာေတြ႕ဖို႔လည္း ခင္နဲ႔ ကိုၿငိမ္းေမာင္ ေမၽွာ္ေနမယ္ေနာ္” ဆိုျပီး သူမရဲ႕ဗီဒီယိုေလးကို တင္ထားတာပါ။


နီနီခင္ေဇာ္ကေတာ့ လတ္တေလာမွာ အႏုပညာလႈပ္ရွားမႈေတြ ဆက္တိုက္ျပဳလုပ္ျဖစ္ေနတာျဖစ္ျပီး စီးပြားေရးပိုင္းမွာလည္း ေအာင္ျမင္ေအာင္ ၾကိဳးစားေနတာပါ။ ပရိသတ္ေတြစိတ္ဝင္စားေနၾကတဲ့ နီနီရဲ႕အခ်စ္ေရးကေတာ့ လတ္တေလာမွာ ျငိမ္သက္ေနဆဲပါပဲေနာ္။ ခ်စ္ပရိသတ္ေတြလည္း ထူးထူးျခားျခားနဲ႔ အရမ္းကိုၾကည့္လို႔ေကာင္းတဲ့ နီနီခင္ေဇာ္ရဲ႕ဗီဒီယိုေလးကို သေဘာက်ရင္ share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။
Source;Ni Ni Khin Zaw’s Facebook


Credit: Celefamily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို Mood အပြည့်နဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်မလေး နီနီခင်ဇော်ကတော့ အမြဲလိုလို ဆန်းသစ်တဲ့ အနုပညာနဲ့ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ စီးပွားရေးပိုင်းမှာလည်း ကြိုးစားနေတဲ့ နီနီကတော့ လတ်တလောမှာ သူမရဲ့စူပါရက်ဒ် အလှကုန်မှ အသစ်ထွက်ရှိလာတဲ့ ပစ်တိုင်းတောင် နှုတ်ခမ်းနီအတွက် အမိုက်စားကြော်ငြာထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကြော်ငြာလို့တောင် မထင်ရလောက်တဲ့ နီနီခင်ဇော်ရဲ့တေးသရုပ်ဖော်ဗီဒီယိုကတော့ အရမ်းကို ကြည့်လို့မိုက်နေတာဖြစ်ပြီး နာရီဝက်အတွင်းမှာ ကြည့်ရှုသူတွေ များပြားခဲ့တာ တွေ့ရပါတယ်။


နီနီခင်ဇော်ကတော့ “ပစ်တိုင်းထောင် တေးသရုပ်ဖော် ဒီတခါတော့ အကိုငြိမ်းမောင်နဲ့ ခင့် ဘဝ နီးစပ်ခါနီးမှာပဲ ပိုးပန်းနေတဲ့သူတွေကြောင့် ဗျာများနေတဲ့ ခင်တယောက် … လောကဓံကိုကြံကြံခံဖို့ အားပေးနေတဲ့ ပစ်တိုင်းထောင်လေး နဲ့ ခင့် အကြောင်း စူပါရက်ဒ် အလှကုန်မှ ရိုက်ကူးဖော်ပြလိုက်ပါတယ်နောက်ခံတေးဂီတ-မျိုးဇော်ထက် ရိုက်ကူး- စနိုးမိုင်လီ ကင်မရာ- သီဟ ဒိုင်နို ရေး ဆို – ခင် **မတ်လ ၃ ရက်နေ့ပစ်တိုင်းထောင် နှုတ်ခမ်းနီအသစ်လေးတွေနဲ့ ဂျန်းရှင်းစီးတီး မှာတွေ့ဖို့လည်း ခင်နဲ့ ကိုငြိမ်းမောင် မျှော်နေမယ်နော်” ဆိုပြီး သူမရဲ့ဗီဒီယိုလေးကို တင်ထားတာပါ။

နီနီခင်ဇော်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး စီးပွားရေးပိုင်းမှာလည်း အောင်မြင်အောင် ကြိုးစားနေတာပါ။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ နီနီရဲ့အချစ်ရေးကတော့ လတ်တလောမှာ ငြိမ်သက်နေဆဲပါပဲနော်။ ချစ်ပရိသတ်တွေလည်း ထူးထူးခြားခြားနဲ့ အရမ်းကိုကြည့်လို့ကောင်းတဲ့ နီနီခင်ဇော်ရဲ့ဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source;Ni Ni Khin Zaw’s Facebook
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top