iMyanmarHouse.com - Best Property Website for Myanmar
×


သြားနဲ႔ခံတြင္းဆိုတာ တကယ္လိုဂရုစိုက္သင့္တဲ့အရာတစ္ခုျဖစ္ပါတယ္။ ခံတြင္းက်န္းမာမွ အနံ႔ဆိုးျခင္း၊ သြားပ်က္စီးျခင္းနဲ႔သြားဖံုးေရာဂါေတြျဖစ္မလာေအာင္ တားဆီးနိုင္မွာျဖစ္ျပီး အသက္ၾကီးတဲ့အထိ သြားက်န္းမာမွာျဖစ္ပါတယ္။ခံတြင္းမက်န္းမာရင္ သို႔မဟုတ္သြားဖံုးေရာဂါရွိေနရင္ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း၊ ဆီးခ်ိဳမထိန္းနုိင္ျခင္း၊ လမေစ့ဘဲ ကေလးေမြးျခင္းတို႔ိလို ျပင္းထန္တဲ့က်န္းမာေရးျပႆနာေတြျဖစ္လာေစနိုင္ပါတယ္။လကၡဏာတစ္ခုခုျဖစ္လာရင္ ေဆးေသာက္လိုက္ဖို႔ပဲ အာရံုစိုက္ၾကျပီး တကယ့္အေၾကာင္းရင္းခံျဖစ္တဲ့ ခံတြင္းသန္႔ရွင္းေရးကိုေမ့ေနၾကတတ္ပါတယ္။ ဒီလကၡဏာမ်ိဳးေတြ ျဖစ္လာရင္ေတာ့ သြားနဲ႔ခံတြင္းမွာ ျပႆနာရွိေနျပီလို႔ သိလိုက္ပါေတာ့ –

(၁) သြားကိုက္ျခင္း

သြားကိုက္တာက အျဖစ္မ်ားၾကတဲ့ျပႆနာတစ္ခုပါ။ သြားကိုက္ျပီဆို ပါးေတြေရာင္၊ သြားဖံုးေတြေရာင္ျပီး အစားမစားနုိင္၊ ဆန္ျပဳတ္ေသာက္ရတာပါပဲ။ သြားပိုးစားျခင္းေၾကာင့္ျဖစ္တတ္ေပမယ့္ သြားဖံုးေရာဂါရွိေနတဲ့လကၡဏာတစ္ခုလည္း ျဖစ္နိုင္ပါတယ္။

(၂) သြားက်ဥ္ျခင္း

အပူ ၊ အေအး ဘာပဲေသာက္ေသာက္ သြားက်ဥ္ရတယ္ဆိုရင္ သြားမွာပ်က္စီးေနျပီ၊ က်ိဳးပဲ့ေနျပီ၊ သြားေၾကြလႊာေတြပါးကုန္ျပီး ဒါမွမဟုတ္ သြားအျမစ္ကိုပါထိခိုက္ေနျပီဆိုတဲ့ ရလဒ္ေတြအထိျဖစ္လာနုိင္တဲ့လကၡဏာအစပါ။

(၃) သြားဖံုးေသြးယိုျခင္း

သြားဖံုးက ခဏခဏေသြးထြက္တယ္၊ နာေနတယ္ဆိုရင္ gingivitis သြားဖံုးေရာဂါလကၡဏာျဖစ္နိုင္ပါတယ္။ တခါတေလမဟုတ္ဘဲ သြားတိုက္တိုင္း ေသြးထြက္တာ သို႔မဟုတ္ ထိတာနဲ႔ထြက္တာ၊ ေရာင္လာတာဆိုရင္ စစ္ေဆးကုသမႈခံယူသင့္ပါတယ္။

(၄) ပါးစပ္အနာမ်ား

ခံတြင္းမွာျဖစ္တဲ့အနာေတြ၊အတြင္း ပါးေစာင္မွာ အျဖဴကြက္ေတြျဖစ္တာ၊ မိႈပိုးဝင္တဲ့အနာေတြျဖစ္တတ္ပါတယ္။ တခ်ိဳ႕က မသိမသာျဖစ္ေပမယ့္ ဆိုးရြားလာတဲ့အခါ ေရာဂါတစ္ခုခု သုိ႔မဟုတ္ ဘက္တီးရီးယားပိုးဝင္ျခင္း၊ ဗိုင္းရပ္စ္ သို႔မဟုတ္ မိႈပိုးဝင္ျခင္း၊ သြားတု(စိုက္ထားတဲ့သြား၊အံကပ္၊သြားဖာထားျခင္း) ေတြေၾကာင့္ျဖစ္လာတဲ့ျပႆနာေတြရဲ႕ လကၡဏာျဖစ္တတ္ပါတယ္။ တစ္ပတ္နဲ႔အထက္ ပိုၾကာလာတဲ့ခံတြင္းအနာေတြကို ဆရာဝန္ျပဖို႔လိုပါတယ္။

(၅) ခံတြင္းနံ႔ဆိုးျခင္း

ခံတြင္းနံ႔ဆိုးတယ္ဆိုတာ ကိုယ္စားလိုက္တဲ့အစာေတြေၾကာင့္၊ သြားနဲ႔ခံတြင္းသန္႔ရွင္းေရးကို ဂရုမစိုက္တာေၾကာင့္၊ တံေထြးခန္းေျခာက္တာေၾကာင့္၊ ေဆးလိပ္ေသာက္တာေၾကာင့္ ၊ တျခားေရာဂါေတြေၾကာင့္ စတဲ့အေၾကာင္းရင္းေတြပါဝင္ပါတယ္။ သြားေျပးတိုက္ျပီးတာေတာင္ ခံတြင္းနံ႔ဆိုးေနတာ တာရွည္လာရင္သြားဖံုးေရာဂါလကၡဏာျဖစ္ေနနိုင္ပါတယ္။

(၆) သြားမွာ ျပႆနာေပၚလာျခင္း

သြားပဲ့ျခင္း၊ သြားက်ိဳးျခင္း၊ သြားကရွည္ထြက္လာသလိုျဖစ္ျခင္း တို႔လို ပံုမွန္မဟုတ္တဲ့လကၡဏာေတြျဖစ္လာတတ္ပါတယ္။ သြားကရွည္ထြက္လာသလိုထင္ရတာက သြားဖံုးေတြက်ဳံ႕သြား/တိုသြားတာေၾကာင့္ ျဖစ္နုိုင္ပါတယ္။ဒါေတြက သြားဖံုးေရာဂါရဲ႕လကၡဏာျဖစ္ေနနုိင္ေပမယ့္ သြားကြ်တ္တဲ့အဆင့္ကိုေရာက္ရင္ေတာ့ အႏၱရာယ္အဆင့္ကိုေရာက္ေနျပိီျဖစ္ပါတယ္။ သြားဖံုးတစ္ရွဴးေတြနဲ႔ေမးရိုးကိုထိခိုက္လာနုိင္တာေၾကာင့္ အျမန္ဆံုးကုသဖို႔လိုပါတယ္။ အသက္ရွဴလမ္းေၾကာင္းေရာဂါေတြ၊ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းနဲ႔တျခားေရာဂါေတြျဖစ္လာနုိင္လို႔ပါပဲ။

(၇) သြားအေရာင္ေျပာင္းလာျခင္း

သြားအေရာင္ေျပာင္းလာတယ္ေစတဲ့အေၾကာင္းရင္းထဲမွာ ေကာ္ဖီ၊လက္ဖက္ရည္ေသာက္တာမ်ားလို႔၊ ေဆးလိပ္ေသာက္လို႔၊အသက္အရြယ္ေၾကာင့္၊ မ်ိဳးဗီဇေၾကာင့္၊ ထိိခိုက္မႈ သို႔မဟုတ္ ေဆးဝါးေတြေၾကာင့္စတဲ့ အေၾကာင္းရင္းေတြလည္းပါဝင္ပါတယ္။

ဒီလကၡဏာေတြရွိေနရင္ေတာ့ သြားမွန္မွန္တိုက္ျပီး သန္႔ရွင္းေရးကို ဂရုစုိက္သင့္ျပီေနာ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သွားနဲ့ခံတွင်းဆိုတာ တကယ်လိုဂရုစိုက်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကျန်းမာမှ အနံ့ဆိုးခြင်း၊ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။ခံတွင်းမကျန်းမာရင် သို့မဟုတ်သွားဖုံးရောဂါရှိနေရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းတို့ိလို ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။လက္ခဏာတစ်ခုခုဖြစ်လာရင် ဆေးသောက်လိုက်ဖို့ပဲ အာရုံစိုက်ကြပြီး တကယ့်အကြောင်းရင်းခံဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကိုမေ့နေကြတတ်ပါတယ်။ ဒီလက္ခဏာမျိုးတွေ ဖြစ်လာရင်တော့ သွားနဲ့ခံတွင်းမှာ ပြဿနာရှိနေပြီလို့ သိလိုက်ပါတော့ –

(၁) သွားကိုက်ခြင်း

သွားကိုက်တာက အဖြစ်များကြတဲ့ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆို ပါးတွေရောင်၊ သွားဖုံးတွေရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့်ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

(၂) သွားကျဉ်ခြင်း

အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် သွားမှာပျက်စီးနေပြီ၊ ကျိုးပဲ့နေပြီ၊ သွားကြွေလွှာတွေပါးကုန်ပြီး ဒါမှမဟုတ် သွားအမြစ်ကိုပါထိခိုက်နေပြီဆိုတဲ့ ရလဒ်တွေအထိဖြစ်လာနိုင်တဲ့လက္ခဏာအစပါ။

(၃) သွားဖုံးသွေးယိုခြင်း

သွားဖုံးက ခဏခဏသွေးထွက်တယ်၊ နာနေတယ်ဆိုရင် gingivitis သွားဖုံးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။ တခါတလေမဟုတ်ဘဲ သွားတိုက်တိုင်း သွေးထွက်တာ သို့မဟုတ် ထိတာနဲ့ထွက်တာ၊ ရောင်လာတာဆိုရင် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

(၄) ပါးစပ်အနာများ

ခံတွင်းမှာဖြစ်တဲ့အနာတွေ၊အတွင်း ပါးစောင်မှာ အဖြူကွက်တွေဖြစ်တာ၊ မှိုပိုးဝင်တဲ့အနာတွေဖြစ်တတ်ပါတယ်။ တချို့က မသိမသာဖြစ်ပေမယ့် ဆိုးရွားလာတဲ့အခါ ရောဂါတစ်ခုခု သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်ခြင်း၊ သွားတု(စိုက်ထားတဲ့သွား၊အံကပ်၊သွားဖာထားခြင်း) တွေကြောင့်ဖြစ်လာတဲ့ပြဿနာတွေရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ တစ်ပတ်နဲ့အထက် ပိုကြာလာတဲ့ခံတွင်းအနာတွေကို ဆရာဝန်ပြဖို့လိုပါတယ်။

(၅) ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ ဆေးလိပ်သောက်တာကြောင့် ၊ တခြားရောဂါတွေကြောင့် စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။ သွားပြေးတိုက်ပြီးတာတောင် ခံတွင်းနံ့ဆိုးနေတာ တာရှည်လာရင်သွားဖုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။

(၆) သွားမှာ ပြဿနာပေါ်လာခြင်း

သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့လို ပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။ သွားကရှည်ထွက်လာသလိုထင်ရတာက သွားဖုံးတွေကျုံ့သွား/တိုသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ဒါတွေက သွားဖုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပေမယ့် သွားကျွတ်တဲ့အဆင့်ကိုရောက်ရင်တော့ အန္တရာယ်အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတွေနဲ့မေးရိုးကိုထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားရောဂါတွေဖြစ်လာနိုင်လို့ပါပဲ။

(၇) သွားအရောင်ပြောင်းလာခြင်း

သွားအရောင်ပြောင်းလာတယ်စေတဲ့အကြောင်းရင်းထဲမှာ ကော်ဖီ၊လက်ဖက်ရည်သောက်တာများလို့၊ ဆေးလိပ်သောက်လို့၊အသက်အရွယ်ကြောင့်၊ မျိုးဗီဇကြောင့်၊ ထိခိုက်မှု သို့မဟုတ် ဆေးဝါးတွေကြောင့်စတဲ့ အကြောင်းရင်းတွေလည်းပါဝင်ပါတယ်။

ဒီလက္ခဏာတွေရှိနေရင်တော့ သွားမှန်မှန်တိုက်ပြီး သန့်ရှင်းရေးကို ဂရုစိုက်သင့်ပြီနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top