iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးတစ္ေယာက္ေမြးျပီးဆုိရင္ အရင္လုိ အားကစားလုပ္ဖုိ႕ေတာ့အခ်ိန္ မရေတာ့ပါဘူး။ အိမ္မူကိစၥေတြရယ္၊ ကေလးအတြက္ ဂရုစုိက္ေပးရခ်ိန္ေတြက ကိုယ့္အတြက္ က်န္းမာေရးလုိက္စားအားကစားလုပ္မယ့္အခ်ိန္ေတြကုိ နည္းသြားေစပါတယ္။ ဒါ႕အျပင္ တခ်ဳိ႕အမ်ဳိးသမီးေတြက ကေလးေမြးျပီးခ်ိန္မွာ အလွအပအတြက္မလုိအပ္ေတာ့ဘူးေတြးတာေၾကာင့္ အားကစားလုပ္ျခင္းကုိ လက္ေလ်ာ့လုိက္တာေတြရွိပါတယ္။ မိန္းကေလးတို႕သိထားရမွာက အလွအပအတြက္ မလုိအပ္ေတာ့ဘူးဆုိရင္ေတာင္ က်န္းမာေရးအရ အားကစားလုပ္ျခင္းဟာ မိခင္ေတြအတြက္ လုိအပ္ပါတယ္။ ဒါေၾကာင့္ အိမ္မွာေနရင္း ကေလးကုိ ဂရုစုိက္ရင္း အားကစားလုပ္လုိ႕ရမည့္နည္းလမ္းေတြကုိ ေဖာ္ျပေပးထားတာမုိ႕ ေလ့က်င့္ခန္းလုပ္ျပီး သိပ္လွတဲ႕ေမေမျဖစ္ေအာင္ ၾကဳိးစားလုိက္ပါေနာ္။

ေလ့က်င့္ခန္း ၁

ကေလးကုိ လက္မွာခ်ီထားျပီး ေျခေထာက္ေတြကုိပုခုံးအက်ယ္တုိင္းခြဲရပ္ပါ။ ကေလးကုိခ်ီထားရင္း ကုိယ္တစ္ဝက္ေလာက္အထိထုိင္ခ်လုိက္ပါ။ ပုံမွန္မတ္တပ္အေနထား ျပန္ရပ္ပါ။ ဒီေလ့က်င့္ခန္းကေတာ့ ဗုိက္နဲ႕ေနာက္ပုိင္း တင္းရင္းေစဖုိ႕အတြက္ျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၂

ေျခေထာက္ေတြကုိ ကားရပ္ပါ။ ကေလးကုိ မိမိရဲ႕ရင္ဘတ္နားကပ္ခ်ီးထားျပီး ညာေျခကုိ ေရွ႕သုိ႕ခပ္ကြာကြာလွမ္းလုိက္ပါ။ ဘယ္ေျခကုိေတာ့ ၉၀ ဒီဂရီေထာင့္ျဖစ္ေအာင္ ဒူးေကြးခ်လုိက္ပါ။ ေျခေထာက္တစ္ဖက္စီကေလးေပးနုိင္ပါတယ္။

ေလ့က်င့္ခန္း ၃

ေျခေထာက္ေတြကုိပုခုံးအက်ယ္ထက္ပုိခြဲ ရပ္ပါ။ ကေလးကုိ မိမိရင္ဘတ္ နားကပ္ခ်ီထားပါ။ ဒူးေတြကုိ ၉၀ ဒီဂရီျဖစ္ေအာင္ေကြးလုိက္ပါ။ အဲ႕ဒီေနာက္မူလ အေနထာျပန္ေနပါ။ ဒူးေကြးေနစဥ္မွာ ၃ မိနစ္ထိၾကာၾကာ ေကြးထားနုိင္ပါတယ္။

ေလ့က်င္းခန္း ၄

ဒီေလ့က်င့္ခန္းကေတာ့ ပုံမွန္ Plank လုပ္တဲ႕ပုံစံျဖစ္ျပီး ကေလးကုိ ကုိယ့္ေဘးမွာ ခ်ထားနုိင္ပါတယ္။ ဒီေလ့က်င့္ခန္းလုပ္တဲ႕အခါ ေခါင္း၊ ဖေနာင့္ ၊တင္းပါး ကုိ တေျဖာင့္တည္းေနေအာင္ၾကဳိးစားပါ။ ကိုယ္တစ္ခုလုံးကုိ လက္တံေတာင္ဆစ္နဲ႕ေျခဖ်ားေပၚမွာအားျပဳပါ။ ဒီပုံအတုိင္း ၂ မိနစ္ေနပါ။

ယခုေဖာ္ျပခဲ႕ေသာ ေလ့က်င့္ခန္းေတြကုိ ေန႕စဥ္ ေလ့က်င့္ေပးနုိင္ပါတယ္။ ေလ့က်င့္ေနစဥ္မွာကေလးကုိ ေဘးကင္းေအာင္ ဂရုျပဳေပးပါ။


Credit: mingalarbarmorning

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version# ျဖင့္ဖတ္ပါ ။



ကလေးတစ်ယောက်မွေးပြီးဆိုရင် အရင်လို အားကစားလုပ်ဖို့တော့အချိန် မရတော့ပါဘူး။ အိမ်မူကိစ္စတွေရယ်၊ ကလေးအတွက် ဂရုစိုက်ပေးရချိန်တွေက ကိုယ့်အတွက် ကျန်းမာရေးလိုက်စားအားကစားလုပ်မယ့်အချိန်တွေကို နည်းသွားစေပါတယ်။ ဒါ့အပြင် တချို့အမျိုးသမီးတွေက ကလေးမွေးပြီးချိန်မှာ အလှအပအတွက်မလိုအပ်တော့ဘူးတွေးတာကြောင့် အားကစားလုပ်ခြင်းကို လက်လျော့လိုက်တာတွေရှိပါတယ်။ မိန်းကလေးတို့သိထားရမှာက အလှအပအတွက် မလိုအပ်တော့ဘူးဆိုရင်တောင် ကျန်းမာရေးအရ အားကစားလုပ်ခြင်းဟာ မိခင်တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် အိမ်မှာနေရင်း ကလေးကို ဂရုစိုက်ရင်း အားကစားလုပ်လို့ရမည့်နည်းလမ်းတွေကို ဖော်ပြပေးထားတာမို့ လေ့ကျင့်ခန်းလုပ်ပြီး သိပ်လှတဲ့မေမေဖြစ်အောင် ကြိုးစားလိုက်ပါနော်။

လေ့ကျင့်ခန်း ၁

ကလေးကို လက်မှာချီထားပြီး ခြေထောက်တွေကိုပုခုံးအကျယ်တိုင်းခွဲရပ်ပါ။ ကလေးကိုချီထားရင်း ကိုယ်တစ်ဝက်လောက်အထိထိုင်ချလိုက်ပါ။ ပုံမှန်မတ်တပ်အနေထား ပြန်ရပ်ပါ။ ဒီလေ့ကျင့်ခန်းကတော့ ဗိုက်နဲ့နောက်ပိုင်း တင်းရင်းစေဖို့အတွက်ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၂

ခြေထောက်တွေကို ကားရပ်ပါ။ ကလေးကို မိမိရဲ့ရင်ဘတ်နားကပ်ချီးထားပြီး ညာခြေကို ရှေ့သို့ခပ်ကွာကွာလှမ်းလိုက်ပါ။ ဘယ်ခြေကိုတော့ ၉၀ ဒီဂရီထောင့်ဖြစ်အောင် ဒူးကွေးချလိုက်ပါ။ ခြေထောက်တစ်ဖက်စီကလေးပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃

ခြေထောက်တွေကိုပုခုံးအကျယ်ထက်ပိုခွဲ ရပ်ပါ။ ကလေးကို မိမိရင်ဘတ် နားကပ်ချီထားပါ။ ဒူးတွေကို ၉၀ ဒီဂရီဖြစ်အောင်ကွေးလိုက်ပါ။ အဲ့ဒီနောက်မူလ အနေထာပြန်နေပါ။ ဒူးကွေးနေစဉ်မှာ ၃ မိနစ်ထိကြာကြာ ကွေးထားနိုင်ပါတယ်။

လေ့ကျင်းခန်း ၄

ဒီလေ့ကျင့်ခန်းကတော့ ပုံမှန် Plank လုပ်တဲ့ပုံစံဖြစ်ပြီး ကလေးကို ကိုယ့်ဘေးမှာ ချထားနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ ခေါင်း၊ ဖနောင့် ၊တင်းပါး ကို တဖြောင့်တည်းနေအောင်ကြိုးစားပါ။ ကိုယ်တစ်ခုလုံးကို လက်တံတောင်ဆစ်နဲ့ခြေဖျားပေါ်မှာအားပြုပါ။ ဒီပုံအတိုင်း ၂ မိနစ်နေပါ။

ယခုဖော်ပြခဲ့သော လေ့ကျင့်ခန်းတွေကို နေ့စဉ် လေ့ကျင့်ပေးနိုင်ပါတယ်။ လေ့ကျင့်နေစဉ်မှာကလေးကို ဘေးကင်းအောင် ဂရုပြုပေးပါ။

Credit: mingalarbarmorning

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top