iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႕ေခတ္ လူသားေတြရဲ႕က်န္းမာေရးျပႆနာ တုိင္းဟာ ကုိယ္ေန႕စဥ္ေန႕တုိင္းျပဳမိလုပ္မိေနတဲ႕ အျပဳမူ၊ အေလ့က်င့္ေတြကေန ျဖစ္ေပၚလာတာျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ မိမိတုိ႕ေန႕တုိင္း လုပ္မိေနတဲ႕သမရုိးက် အျပဳမူတစ္ခု ဘယ္ေလာက္ထိ ကုိယ့္ခႏၶာကုိယ္ေပၚမွာ သက္ေရာက္မူရွိလဲဆုိတာကုိ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

မတ္တပ္ရပ္ေနစဥ္ အလုပ္လုပ္ျခင္း

ကၽြန္ေတာ္တို႕ေတြအားလုံးၾကားဖူးၾကတာက အျမဲထုိင္ေနတာမေကာင္းဘူးဆုိတာပါ။ ဒါေပမယ့္ တစ္ခ်ိန္လုံး မတ္တပ္ရပ္ အလုပ္လုပ္ေနျခင္းဟာလဲ က်န္းမာေရးအတြက္မေကာင္းပါဘူး။ ကုိယ့္ရဲ႕မတ္တပ္ရပ္တဲ႕ ပုံစံအေနထားဟာ ေနာက္ေက်ာရိုး၊ လည္ပင္းနဲ႕ ပုခုံးေတြကုိ ၾကီးမားတဲ႕သက္ေရာက္မူရွိေစနုိင္ပါတယ္။ ေနာက္ေက်ာရုိး၊ ျပင္းထန္ေသာနာက်င္မူ နဲ႕ အေကြးညြတ္မွာ နာက်င္မူေတြက မွားယြင္းတဲ႕မတ္တပ္ရပ္မူပုံစံရဲ႕အက်ဳိးဆက္ေတြပဲျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႕ေတြရဲ႕ၾကြက္သြားေတြ၊အဆစ္ျမစ္ ေတြဟာ က်န္မာေနဖုိ႕ လိုိက္ေလ်ာညီေထြရွိေနသင့္ပါတယ္။ ကုိယ့္ရဲ႕ခႏၶာကုိယ္မွာတစ္ခုခုမွားေနျပီဆုိတာနဲ႕ဒါဟာ ကုိယ္တစ္ခုခု မွားလုပ္လုိက္ျပီဆုိတာ အခ်က္ေပးလုိက္တာပါ။ လူသားေတြရဲ႕အခ်ိန္အမ်ားဆုံးမွာ ေခါင္း (သုိ႕) ပုခုံးေတြက မွားယြင္းတဲ႕ပုံစံနဲ႕ ေနထုိင္မိေနတတ္ပါတယ္။ မွားယြင္းတဲ႕ မတ္တပ္ရပ္မူပုံစံေတြကုိေရွာင္ၾကည့္ဖုိ႕အတြက္ လူပ္ရွားတဲ႕အခါ (သုိ႕) အားကစားလုပ္တဲ႕အခါ ေက်ာရုိးကုိမတ္၊ ၾကြက္သားေတြနဲ႕အရုိးကုိဆက္သြယ္ထားတဲ႕အရြတ္ျပား ေတြကုိ အနည္းဆုံး တင္ေနေစတဲ႕နည္းလမ္းနဲ႕မတ္တပ္ရပ္သင့္ပါတယ္။

မွားယြင္းေသာဖိနပ္

ခါနား၊ခါးေအာင့္ျခင္းေတြဟာ မွားယြင္းေသာဖိနပ္ေတြကုိ စီးမိတာေၾကာင့္အမ်ားဆုံးျဖတ္တတ္ပါတယ္။ sneaker (သို႕) boot ဖိနပ္ေတြ ကုိေရြးခ်ယ္ဖုိ႕နွစ္သက္တယ္ဆုိရင္ေတာ့ ရာသီဥတုလုိက္ျပီး ေျခအိပ္စြတ္သင့္ပါတယ္။ ေျခေထာက္ကုိ သက္ေတာင့္သက္သာမျဖစ္ေစတဲ႕ဖိနပ္ေတြကုိေတာ့တတ္နုိင္သမွ် ေရွာင္ေပးသင့္ပါတယ္။

ေကာင္းေကာင္းမနားျခင္း

ခါးနာ လာတဲ႕အခါ လူေတြဟာ ဘာေၾကာင့္လဲဆုိတဲ႕အေၾကာင္းျပခ်က္ကုိသတိထားမိဖို႕ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ေနာက္ေက်ာမွာတစ္ခုခု မသက္မသာခံစားလာရတာဟာ အနားယူဖုိ႕အခ်က္ျပတာျဖစ္ပါတယ္။ အလုပ္မ်ားၾကတဲ႕လူေတြအတြက္ေတာ့ ရတဲ႕အခ်ိန္အနည္းငယ္ေလာက္နဲ႕လဲ အနားယူတဲ႕ပုံစံ လုပ္ေပးနုိင္ပါတယ္။ ၾကြက္သားေတြတင္မားမူ ျဖစ္ေနရင္ေတာ့ လွဲခ်ျပီး ေျခေထာက္ေတြကုိအေပၚသုိ႕ အခ်ိန္အနည္းငယ္ေထာင္ထားနုိင္ပါတယ္။

Credit: mingalarbarmorning
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ယနေ့ခေတ် လူသားတွေရဲ့ကျန်းမာရေးပြဿနာ တိုင်းဟာ ကိုယ်နေ့စဉ်နေ့တိုင်းပြုမိလုပ်မိနေတဲ့ အပြုမူ၊ အလေ့ကျင့်တွေကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ မိမိတို့နေ့တိုင်း လုပ်မိနေတဲ့သမရိုးကျ အပြုမူတစ်ခု ဘယ်လောက်ထိ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မူရှိလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မတ်တပ်ရပ်နေစဉ် အလုပ်လုပ်ခြင်း

ကျွန်တော်တို့တွေအားလုံးကြားဖူးကြတာက အမြဲထိုင်နေတာမကောင်းဘူးဆိုတာပါ။ ဒါပေမယ့် တစ်ချိန်လုံး မတ်တပ်ရပ် အလုပ်လုပ်နေခြင်းဟာလဲ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ကိုယ့်ရဲ့မတ်တပ်ရပ်တဲ့ ပုံစံအနေထားဟာ နောက်ကျောရိုး၊ လည်ပင်းနဲ့ ပုခုံးတွေကို ကြီးမားတဲ့သက်ရောက်မူရှိစေနိုင်ပါတယ်။ နောက်ကျောရိုး၊ ပြင်းထန်သောနာကျင်မူ နဲ့ အကွေးညွတ်မှာ နာကျင်မူတွေက မှားယွင်းတဲ့မတ်တပ်ရပ်မူပုံစံရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့တွေရဲ့ကြွက်သွားတွေ၊အဆစ်မြစ် တွေဟာ ကျန်မာနေဖို့ လိုက်လျောညီထွေရှိနေသင့်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတစ်ခုခုမှားနေပြီဆိုတာနဲ့ဒါဟာ ကိုယ်တစ်ခုခု မှားလုပ်လိုက်ပြီဆိုတာ အချက်ပေးလိုက်တာပါ။ လူသားတွေရဲ့အချိန်အများဆုံးမှာ ခေါင်း (သို့) ပုခုံးတွေက မှားယွင်းတဲ့ပုံစံနဲ့ နေထိုင်မိနေတတ်ပါတယ်။ မှားယွင်းတဲ့ မတ်တပ်ရပ်မူပုံစံတွေကိုရှောင်ကြည့်ဖို့အတွက် လူပ်ရှားတဲ့အခါ (သို့) အားကစားလုပ်တဲ့အခါ ကျောရိုးကိုမတ်၊ ကြွက်သားတွေနဲ့အရိုးကိုဆက်သွယ်ထားတဲ့အရွတ်ပြား တွေကို အနည်းဆုံး တင်နေစေတဲ့နည်းလမ်းနဲ့မတ်တပ်ရပ်သင့်ပါတယ်။

မှားယွင်းသောဖိနပ်

ခါနား၊ခါးအောင့်ခြင်းတွေဟာ မှားယွင်းသောဖိနပ်တွေကို စီးမိတာကြောင့်အများဆုံးဖြတ်တတ်ပါတယ်။ sneaker (သို့) boot ဖိနပ်တွေ ကိုရွေးချယ်ဖို့နှစ်သက်တယ်ဆိုရင်တော့ ရာသီဥတုလိုက်ပြီး ခြေအိပ်စွတ်သင့်ပါတယ်။ ခြေထောက်ကို သက်တောင့်သက်သာမဖြစ်စေတဲ့ဖိနပ်တွေကိုတော့တတ်နိုင်သမျှ ရှောင်ပေးသင့်ပါတယ်။

ကောင်းကောင်းမနားခြင်း

ခါးနာ လာတဲ့အခါ လူတွေဟာ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကိုသတိထားမိဖို့မေ့လျော့နေတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ကျောမှာတစ်ခုခု မသက်မသာခံစားလာရတာဟာ အနားယူဖို့အချက်ပြတာဖြစ်ပါတယ်။ အလုပ်များကြတဲ့လူတွေအတွက်တော့ ရတဲ့အချိန်အနည်းငယ်လောက်နဲ့လဲ အနားယူတဲ့ပုံစံ လုပ်ပေးနိုင်ပါတယ်။ ကြွက်သားတွေတင်မားမူ ဖြစ်နေရင်တော့ လှဲချပြီး ခြေထောက်တွေကိုအပေါ်သို့ အချိန်အနည်းငယ်ထောင်ထားနိုင်ပါတယ်။

Credit: mingalarbarmorning
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top