iMyanmarHouse.com - Best Property Website for Myanmar
×


သူထူးစံက အိမ္ေထာင္ေရးတစ္ခု ထူေထာင္လိုက္ျခင္းေၾကာင့္ ဇနီးျဖစ္သူအေပၚ တာဝန္ေက်ဖို႔ လိုအပ္လာၿပီလို႔ ဆိုပါတယ္။ သူ႔ရဲ႕ ဇနီးေခ်ာ ထိုက္ဆုဝင္းကလည္း သူထူးစံရဲ႕ ခပ္တည္တည္ေနတတ္တဲ့ ပင္ကိုယ္ပုံစံအေၾကာင္းကို ေျပာျပလာပါေသးတယ္။ဒီရက္ပိုင္းအတြင္းမွာပဲ ပူပူေႏြးေႏြး အိမ္ေထာင္က်သြားတဲ့ သ႐ုပ္ေဆာင္ သူထူးစံက အိမ္ေထာင္တစ္ခု ထူေထာင္လိုက္ၿပီ ျဖစ္တာေၾကာင့္ ဇနီးအေပၚ တာဝန္ေက်ဖို႔လိုၿပီလို႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုထားပါတယ္။ သူကိုယ္တိုင္ စီစဥ္ထားတာေလးေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။

‘’ ကိုယ့္ဘာသာကိုယ္ ဘယ္လိုလုပ္ရမယ္ဆိုတာေတာ့ Plan ေလး နည္းနည္းပါးပါးေတာ့ ရွိတာေပါ့ေနာ္။ ကိုယ့္မိသားစု၊ ကိုယ့္ေဆြမ်ိဳး၊ ကိုယ္နဲ႔ ပတ္သက္တဲ့သူေတြ၊ ၿပီးေတာ့ ကိုယ့္အႏုပညာသမားေတြ ၾကားထဲမွာေတာ့ တာဝန္ေက်ေအာင္ေနတယ္။ သူတို႔ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကိုယ္ကိုယ္တိုင္ တာဝန္ေက်တယ္လို႔ ယူဆတယ္။ အခုကေတာ့ သူ႔အေပၚမွာပဲ တာဝန္ေက်ဖို႔လိုအပ္ပါေတာ့တယ္’’လို႔ သူကဆိုပါတယ္။႐ိုး႐ိုးေအးေအး ေနတတ္တဲ့ သူထူးစံရဲ႕ ပုံစံကိုလည္း ဇနီးျဖစ္သူ ထိုက္ဆုဝင္းက ေျပာျပလာပါတယ္။ ခပ္တည္တည္ ေနတာက ပိုမ်ားတယ္လို႔ ဆိုပါတယ္။

‘’ အစ္ကိုက ခပ္တည္တည္ပဲ ရယ္ခိုင္းလို႔လည္း မရဘူး။ မဂၤလာပြဲမွာေတာင္ ရယ္ခိုင္းလို႔မရဘူး။ တစ္တြတ္တြတ္ ေျပာရတယ္။ ဒါကလည္း သူ႔စတိုင္လ္ျဖစ္ေနတယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ ကိုယ့္အခ်င္းခ်င္းကေတာ့ ေျပာျဖစ္တယ္။ ရယ္စရာရွိရင္ ရယ္တယ္။ တည္စရာရွိလည္း တည္တယ္။ အစ္ကို႔ ပုံစံအတိုင္းပဲ သြားတာပါ’’ လို႔ ဆက္လက္ေျဖဆိုခဲ့ပါတယ္။


သူထူးစံနဲ႔ ထိုက္ဆုဝင္းတို႔ဟာ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ က ႏိုဗိုတယ္ ဟိုတယ္မွာ မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ သူတို႔ရဲ႕ မဂၤလာပြဲပုံစံကို ျမန္မာ႐ိုးရာ မဂၤလာပြဲလို႔ သတ္မွတ္ထားတာျဖစ္ၿပီး ရတနာပုံေခတ္ က အတိုင္း မဂၤလာေဆာင္ခဲ့ၾကတာပါ။ ဒီပြဲမွာေတာ့ သ႐ုပ္ေဆာင္ ဟိန္းေဝယံက အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး သ႐ုပ္ေဆာင္ ယြန္းယြန္း၊ ေမျမင့္မိုရ္ နဲ႔ ဝင့္ယမုံလႈိင္တို႔က မဂၤလာ လက္ကိုင္ပန္းမ်ား၊ မဂၤလာလက္စြပ္မ်ား ကိုလည္း ကိုင္ေဆာင္ေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။

အဲဒီေနာက္ သူတို႔ ဇနီးေမာင္ႏွံရဲ႕ မဂၤလာဦးဆြမ္းကပ္အလႉကို ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာ(၉) ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့တာပါ။ မနက္ကပိုင္းမွာ ေငြေတာင္ေတာရ စာသင္တိုက္မွာ ႏွစ္ဖက္မိဘမ်ားနဲ႔အတူ မဂၤလာဦး ဆြမ္းကပ္ခဲ့သလို ညေနပိုင္းမွာလည္း မဟာေဗာဓိေက်ာင္းတိုက္၊ ပရဟိတ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ မဂၤလာဦးအလႉျပဳလုပ္ခဲ့ၾကပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

သူထူးစံက အိမ်ထောင်ရေးတစ်ခု ထူထောင်လိုက်ခြင်းကြောင့် ဇနီးဖြစ်သူအပေါ် တာဝန်ကျေဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဇနီးချော ထိုက်ဆုဝင်းကလည်း သူထူးစံရဲ့ ခပ်တည်တည်နေတတ်တဲ့ ပင်ကိုယ်ပုံစံအကြောင်းကို ပြောပြလာပါသေးတယ်။


ဒီရက်ပိုင်းအတွင်းမှာပဲ ပူပူနွေးနွေး အိမ်ထောင်ကျသွားတဲ့ သရုပ်ဆောင် သူထူးစံက အိမ်ထောင်တစ်ခု ထူထောင်လိုက်ပြီ ဖြစ်တာကြောင့် ဇနီးအပေါ် တာဝန်ကျေဖို့လိုပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ သူကိုယ်တိုင် စီစဉ်ထားတာလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

‘’ ကိုယ့်ဘာသာကိုယ် ဘယ်လိုလုပ်ရမယ်ဆိုတာတော့ Plan လေး နည်းနည်းပါးပါးတော့ ရှိတာပေါ့နော်။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး၊ ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ၊ ပြီးတော့ ကိုယ့်အနုပညာသမားတွေ ကြားထဲမှာတော့ တာဝန်ကျေအောင်နေတယ်။ သူတို့တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ကိုယ်တိုင် တာဝန်ကျေတယ်လို့ ယူဆတယ်။ အခုကတော့ သူ့အပေါ်မှာပဲ တာဝန်ကျေဖို့လိုအပ်ပါတော့တယ်’’လို့ သူကဆိုပါတယ်။

ရိုးရိုးအေးအေး နေတတ်တဲ့ သူထူးစံရဲ့ ပုံစံကိုလည်း ဇနီးဖြစ်သူ ထိုက်ဆုဝင်းက ပြောပြလာပါတယ်။ ခပ်တည်တည် နေတာက ပိုများတယ်လို့ ဆိုပါတယ်။

‘’ အစ်ကိုက ခပ်တည်တည်ပဲ ရယ်ခိုင်းလို့လည်း မရဘူး။ မင်္ဂလာပွဲမှာတောင် ရယ်ခိုင်းလို့မရဘူး။ တစ်တွတ်တွတ် ပြောရတယ်။ ဒါကလည်း သူ့စတိုင်လ်ဖြစ်နေတယ်လို့ ပြောလို့ရတာပေါ့နော်။ ကိုယ့်အချင်းချင်းကတော့ ပြောဖြစ်တယ်။ ရယ်စရာရှိရင် ရယ်တယ်။ တည်စရာရှိလည်း တည်တယ်။ အစ်ကို့ ပုံစံအတိုင်းပဲ သွားတာပါ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲပုံစံကို မြန်မာရိုးရာ မင်္ဂလာပွဲလို့ သတ်မှတ်ထားတာဖြစ်ပြီး ရတနာပုံခေတ် က အတိုင်း မင်္ဂလာဆောင်ခဲ့ကြတာပါ။ ဒီပွဲမှာတော့ သရုပ်ဆောင် ဟိန်းဝေယံက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် ယွန်းယွန်း၊ မေမြင့်မိုရ် နဲ့ ဝင့်ယမုံလှိုင်တို့က မင်္ဂလာ လက်ကိုင်ပန်းများ၊ မင်္ဂလာလက်စွပ်များ ကိုလည်း ကိုင်ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီနောက် သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ မနက်ကပိုင်းမှာ ငွေတောင်တောရ စာသင်တိုက်မှာ နှစ်ဖက်မိဘများနဲ့အတူ မင်္ဂလာဦး ဆွမ်းကပ်ခဲ့သလို ညနေပိုင်းမှာလည်း မဟာဗောဓိကျောင်းတိုက်၊ ပရဟိတ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မင်္ဂလာဦးအလှူပြုလုပ်ခဲ့ကြပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top