iMyanmarHouse.com - Best Property Website for Myanmar
×


ဇာတ္လမ္းေကာင္းမ်ားစြာကုိ ပုံေဖာ္႐ုိက္ကူးၿပီး ႐ုိက္သမွ်ကားေတြကုိလည္း ပရိသတ္ေတြက အားေပးလက္ခံမႈကုိ ရ႐ွိထားတဲ့ ဒါ႐ုိက္တာ စတီးလ္ကေတာ့ ဒီႏွစ္အကယ္ဒမီဆန္ခါတင္ စရင္း၂၅ ကားမွာ သူ႐ုိက္ထားတဲ့ သုံးေရာင္ျခယ္ ဆုိတဲ့ကား မပါဝင္တာနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ အကယ္ဒမီဆုကုိ မေမ်ွာ္လင့္ေတာ့ပါဘူးဆုိၿပီး ေျပာသြားခဲ့ပါတယ္။ဒါ႐ုိက္တာ စတီးလ္က “ကြၽန္ေတာ္ ဒီ၂၀၁၆ခုႏွစ္ကတည္းက အကယ္ဒမီဆုိတဲ့ ဟာႀကီးကုိ မေမွ်ာ္လင့္ခဲ့တာေပါ့ေနာ္။

ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂၀၁၆မွာ အကယ္ဒမီၾကည့္ေနတဲ့ အခါမွာ ကြၽန္ေတာ့္ရဲ႕ ခုိးဆုိးလုႏႈိက္ကားေလးကုိ ၾကည့္ၿပီးေတာ့ အဲ့ဒီက အကယ္ဒမီအကဲျဖတ္တဲ့ ဒါ႐ုိက္တာေပါ့ ကြၽန္ေတာ္တုိ႔ရဲ႕ ေ႐ွ႕မွီေနာက္မွီ ပုဂၢိဳလ္ ပါပဲ။ ဒီ ပုဂၢိဳလ္ က ကြၽန္ေတာ့္ကုိ ထြက္လာၿပီး ဘာေျပာလဲဆုိေတာ့ မင္းကားကတဲ့ ဘာမွမသိဘူးတဲ့ ရပ္ကြက္ထဲမွာ ေနၿပီးေတာ့ စကားေတြကလည္း ေစာက္လုိ႔ေျပာလုိ႔ေျပာတဲ့ ဝတ္တာစားတာလည္း တစ္ကုိယ္လုံးအ႐ုပ္ေတြနဲ႔တဲ့ အဲ့တာေတြကုိ ျပည္သူေတြကုိ ခ်ျ့ ပလုိက္ေတာ့ ျပည္သူေတြက အထင္အျမင္ေတြလြဲၿပီးေတာ့ အကုန္လုံးလြဲမွား လမ္းမွားေနမွာေပါ့တဲ့။


မင္းဒီလုိကားမ်ိဳးေေတြ ေနာက္ထက္ မ႐ုိက္ပါနဲ႔လုိ႔ သူကုိယ္တုိင္ အကယ္ဒမီၾကည့္ၿပီး ထြက္လာတဲ့ ဒီဒါ႐ုိက္တာ ပုဂၢိဳလ္ ႀကီးက ကြၽန္ေတာ့္ကုိ ေျပာေတာ့ ကြၽန္ေတာ္ စဥ္းစားၾကည့္တယ္ ငါေတာ့ မွားသြားၿပီထင္တယ္။ ကြၽန္ေတာ္ဒီလုိပဲ တြက္လုိက္တာေပါ့ ငါမွားသြားၿပီ သူေျပာတာေတာ့ ျဖစ္ခ်င္ျဖစ္ႏုိင္တယ္။ ေနာက္က်ေတာ့ ငါက ျပဳျပင္ေျပာင္းလဲမႈေလးေတြနဲ႔ ျပန္႐ုိက္မယ္ဆုိၿပီးေတာ့ ဆုံးျဖတ္ခဲ့တယ္။ အဲ့လုိေလးေတြနဲ႔ပဲ ကုိယ္က ကုိယ့္ရဲ႕ ဆရာသမားေတြေျပာတဲ့ဟာကုိ ျပဳျပင္ေျပာင္းလဲၿပီး ႐ုိက္မယ္ဆုိတဲ့စိတ္နဲ႔ပဲ႐ုိက္ခဲ့တာ။ ဒါေပမဲ့ကုိယ့္ေနာက္မွာ ႐ုိက္တဲ့လူေတြက အမ်ားႀကီး ကုိယ္တစ္ေယာက္ထဲမဟုတ္ဘူးေလ။

သေဘာတရားေပါ့ ကုိယ္ကေတာ့ ရပ္ကြက္ အေျခခံလူတန္းစားတစ္ေယာက္ရဲ႕အေၾကာင္းေပါ့ ကုိယ္ကုိယ္တုိင္ကလည္း လက္႐ွိ ရပ္ကြက္ထဲမွာ ေနေတာ့ အေျခခံလူတန္းစားတစ္ေယာက္ရဲ႕ ျပႆနာေလးကုိ ကုိယ္က ႐ုိက္ျပတာပါ။ဒီဟာႀကီးကုိ ဒီလုိႀကီးေတာ့ လုပ္ရမယ္ ဒီလုိႀကီး လုပ္မွပဲ ရမယ္ဆုိၿပီး ကြၽန္ေတာ္ ႐ုိက္ျပတာေတာ့ မဟုတ္ဘူးေပါ့။ သူအဲ့လုိေျပာလုိက္ေတာ့ ကုိယ္စိတ္ထဲက နည္းနည္းမေကာင္းဘူး။ အဲ့အတြက္ ေၾကာင့္မုိ႔လုိ႔ အဲ့ႏွစ္က ကုိယ့္ကုိယ္ ပယ္လုိက္တယ္လုိ႔ ထင္တာပဲ။ ဒီႏွစ္ေပါ့ေနာ္ ဒီႏွစ္ကေတာ့ ကြၽန္ေတာ္ ေမးလုိ႔ ေျပာျပတာပါ။ ပရိသတ္ေတြ ၾကည့္တုန္းကလည္း သုံးေရာင္ျခယ္ဆုိတဲ့ကား ဖူးမွာေပါ့။


 ဒါကကြၽန္ေတာ္က ျပည္တြင္းစစ္ကုိ အေျခခံၿပီး ႐ုိက္ထားတာ။ ျပည္တြင္းစစ္ျဖစ္ရင္ ဘယ္ေလာက္အထိ ဒုကၡေရာက္လဲ အုိးကြဲအိမ္ကြဲ သားသမီးေတြ ေပ်ာက္။ ေနာက္တစ္ခါ လူကုန္ကူးမႈအေၾကာင္း။ ေနာက္ မိန္းကေလးေတြရဲ႕ ဘဝလုံျခဳံမႈ မ႐ွိဘူး အဲ့တာက ဘာလဲဆုိေတာ့ ရန္ကုန္မွာေရာနယ္မွာေရာ အကုန္လုံး ျပႆနာျဖစ္ေနတာ။ ဒီဟာတစ္ခု ေနာက္တစ္ခါ ဖခင္ရဲ႕ ေမတၱာေလးေတြကုိ ေဖာ္က်ဴးၿပီးေတာ့ ကြၽန္ေတာ္ သုံးေရာင္ျခယ္ဆုိတဲ့ဟာေလးကုိ ႐ုိက္လုိက္တယ္။

ၾကည့္ၿပီးတုန္းကလည္း ပရိသတ္ေတြ တအားၾကဳိက္ၾကတယ္ေပါ့ေနာ္။ အားလုံးကလည္း ထင္ေၾကးေတြ ေပးၾကတယ္။ ဟာဟုိလူေကာင္းတယ္ ဒီလူေကာင္းတယ္ အကုန္လုံး ေကာင္းတယ္ေပါ့။ အဲ့လုိေလးေျပာၿပီးေတာ့ ၿပီးခဲ့တဲ့ ႏွစ္ကလည္း ပြဲခံမယ္ဆုိတဲ့ ကားေလးကလည္း ဒီလုိပဲ ေကာင္းတယ္။ အဲ့ေတာ့ အုိေက ေကာ္ပီဆုိရင္ မေပးပါနဲ႔ လက္ခံတယ္။ ဒါ႐ုိက္တာကုိ မေပးဘူး ဇာတ္ကားဆုမေပးဘူး က်န္တဲ့လူေရြးလုိ႔ရတာပဲ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ႏွစ္ကလည္း ေပးေတာ့လည္း ပရိသတ္လည္း သိမွာပဲ ဒါကထားလုိက္ပါ သူတုိ႔ေရြးတဲ့ဟာသူတုိ႔မွန္တယ္လုိ႔ ေပးတာ။ ဒီႏွစ္ၾကေတာ့ ဆန္ခါတင္ေတာင္ မပါဘူးဆုိေတာ့ ကြၽန္ေတာ္ စဥ္းစားသြားတယ္ ကုိယ့္ကုိယ္ကုိယ္ ၾကဳိးစားၿပီးေတာ့ Message တစ္ခုခုေပးမယ္ ပရိသတ္ကုိ ဆုိၿပီးေတာ့။


 ဆန္ခါတင္ေတာင္ မပါဘူးဆုိေတာ့ ငါေတာ္ေတာ္ ညံ့ေနတာပဲလုိ႔ ဆုံးျဖတ္မိတဲ့အတြက္ေၾကာင့္ ခုဏ ဆုံးျဖတ္ခ်က္ကုိ ခ်လုိက္တာ။ ပြဲခံမယ္ဆုိတာကုိ ကြၽန္ေတာ္ေျပာၿပီ ကြၽန္ေတာ့္အေ႐ွ႕မွာ တကယ့္နာမည္ႀကီး ဒါ႐ုိက္တာ သုံးေယာက္ ႐ုိက္ခဲ့တယ္ အဲ့ဒီကားကုိပဲ အဲ့ဒီဇာတ္လမ္းကုိပဲ ႐ုိက္ခဲ့တာ။ နာမည္ႀကီး ဒါ႐ုိက္တာ သုံးေယာက္႐ုိက္ခဲ့တယ္။ အဲ့တုန္းကေတာ့ မျဖစ္ခဲ့ဘူး ကြၽန္ေတာ့္အလွည့္က်မွ အႀကီးႀကီးေတြ ျဖစ္သြားတာ။ ဒါကဘာလဲဆုိေတာ့ ဘယ္လုိေျပာရမလဲမသိဘူး ကုိယ့္ကံလုိ႔ပဲေျပာရမွာပဲ။ ကုိယ္ကံမေကာင္းလုိ႔ ျဖစ္တဲ့ အေျခအေနလုိ႔ပဲ မွတ္ရမွာေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit: Nanamlgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဇာတ်လမ်းကောင်းများစွာကို ပုံဖော်ရိုက်ကူးပြီး ရိုက်သမျှကားတွေကိုလည်း ပရိသတ်တွေက အားပေးလက်ခံမှုကို ရရှိထားတဲ့ ဒါရိုက်တာ စတီးလ်ကတော့ ဒီနှစ်အကယ်ဒမီဆန်ခါတင် စရင်း၂၅ ကားမှာ သူရိုက်ထားတဲ့ သုံးရောင်ခြယ် ဆိုတဲ့ကား မပါဝင်တာနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဆုကို မမျှော်လင့်တော့ပါဘူးဆိုပြီး ပြောသွားခဲ့ပါတယ်။ဒါရိုက်တာ စတီးလ်က “ကျွန်တော် ဒီ၂၀၁၆ခုနှစ်ကတည်းက အကယ်ဒမီဆိုတဲ့ ဟာကြီးကို မမျှော်လင့်ခဲ့တာပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၆မှာ အကယ်ဒမီကြည့်နေတဲ့ အခါမှာ ကျွန်တော့်ရဲ့ ခိုးဆိုးလုနှိုက်ကားလေးကို ကြည့်ပြီးတော့ အဲ့ဒီက အကယ်ဒမီအကဲဖြတ်တဲ့ ဒါရိုက်တာပေါ့ ကျွန်တော်တို့ရဲ့ ရှေ့မှီနောက်မှီ ပုဂ္ဂိုလ် ပါပဲ။ ဒီ ပုဂ္ဂိုလ် က ကျွန်တော့်ကို ထွက်လာပြီး ဘာပြောလဲဆိုတော့ မင်းကားကတဲ့ ဘာမှမသိဘူးတဲ့ ရပ်ကွက်ထဲမှာ နေပြီးတော့ စကားတွေကလည်း စောက်လို့ပြောလို့ပြောတဲ့ ဝတ်တာစားတာလည်း တစ်ကိုယ်လုံးအရုပ်တွေနဲ့တဲ့ အဲ့တာတွေကို ပြည်သူတွေကို ချြ့ ပလိုက်တော့ ပြည်သူတွေက အထင်အမြင်တွေလွဲပြီးတော့ အကုန်လုံးလွဲမှား လမ်းမှားနေမှာပေါ့တဲ့။

မင်းဒီလိုကားမျိုးေတွေ နောက်ထက် မရိုက်ပါနဲ့လို့ သူကိုယ်တိုင် အကယ်ဒမီကြည့်ပြီး ထွက်လာတဲ့ ဒီဒါရိုက်တာ ပုဂ္ဂိုလ် ကြီးက ကျွန်တော့်ကို ပြောတော့ ကျွန်တော် စဉ်းစားကြည့်တယ် ငါတော့ မှားသွားပြီထင်တယ်။ ကျွန်တော်ဒီလိုပဲ တွက်လိုက်တာပေါ့ ငါမှားသွားပြီ သူပြောတာတော့ ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်ကျတော့ ငါက ပြုပြင်ပြောင်းလဲမှုလေးတွေနဲ့ ပြန်ရိုက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ အဲ့လိုလေးတွေနဲ့ပဲ ကိုယ်က ကိုယ့်ရဲ့ ဆရာသမားတွေပြောတဲ့ဟာကို ပြုပြင်ပြောင်းလဲပြီး ရိုက်မယ်ဆိုတဲ့စိတ်နဲ့ပဲရိုက်ခဲ့တာ။ ဒါပေမဲ့ကိုယ့်နောက်မှာ ရိုက်တဲ့လူတွေက အများကြီး ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးလေ။

သဘောတရားပေါ့ ကိုယ်ကတော့ ရပ်ကွက် အခြေခံလူတန်းစားတစ်ယောက်ရဲ့အကြောင်းပေါ့ ကိုယ်ကိုယ်တိုင်ကလည်း လက်ရှိ ရပ်ကွက်ထဲမှာ နေတော့ အခြေခံလူတန်းစားတစ်ယောက်ရဲ့ ပြဿနာလေးကို ကိုယ်က ရိုက်ပြတာပါ။ဒီဟာကြီးကို ဒီလိုကြီးတော့ လုပ်ရမယ် ဒီလိုကြီး လုပ်မှပဲ ရမယ်ဆိုပြီး ကျွန်တော် ရိုက်ပြတာတော့ မဟုတ်ဘူးပေါ့။ သူအဲ့လိုပြောလိုက်တော့ ကိုယ်စိတ်ထဲက နည်းနည်းမကောင်းဘူး။ အဲ့အတွက် ကြောင့်မို့လို့ အဲ့နှစ်က ကိုယ့်ကိုယ် ပယ်လိုက်တယ်လို့ ထင်တာပဲ။ ဒီနှစ်ပေါ့နော် ဒီနှစ်ကတော့ ကျွန်တော် မေးလို့ ပြောပြတာပါ။ ပရိသတ်တွေ ကြည့်တုန်းကလည်း သုံးရောင်ခြယ်ဆိုတဲ့ကား ဖူးမှာပေါ့။

 ဒါကကျွန်တော်က ပြည်တွင်းစစ်ကို အခြေခံပြီး ရိုက်ထားတာ။ ပြည်တွင်းစစ်ဖြစ်ရင် ဘယ်လောက်အထိ ဒုက္ခရောက်လဲ အိုးကွဲအိမ်ကွဲ သားသမီးတွေ ပျောက်။ နောက်တစ်ခါ လူကုန်ကူးမှုအကြောင်း။ နောက် မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှု မရှိဘူး အဲ့တာက ဘာလဲဆိုတော့ ရန်ကုန်မှာရောနယ်မှာရော အကုန်လုံး ပြဿနာဖြစ်နေတာ။ ဒီဟာတစ်ခု နောက်တစ်ခါ ဖခင်ရဲ့ မေတ္တာလေးတွေကို ဖော်ကျူးပြီးတော့ ကျွန်တော် သုံးရောင်ခြယ်ဆိုတဲ့ဟာလေးကို ရိုက်လိုက်တယ်။

ကြည့်ပြီးတုန်းကလည်း ပရိသတ်တွေ တအားကြိုက်ကြတယ်ပေါ့နော်။ အားလုံးကလည်း ထင်ကြေးတွေ ပေးကြတယ်။ ဟာဟိုလူကောင်းတယ် ဒီလူကောင်းတယ် အကုန်လုံး ကောင်းတယ်ပေါ့။ အဲ့လိုလေးပြောပြီးတော့ ပြီးခဲ့တဲ့ နှစ်ကလည်း ပွဲခံမယ်ဆိုတဲ့ ကားလေးကလည်း ဒီလိုပဲ ကောင်းတယ်။ အဲ့တော့ အိုကေ ကော်ပီဆိုရင် မပေးပါနဲ့ လက်ခံတယ်။ ဒါရိုက်တာကို မပေးဘူး ဇာတ်ကားဆုမပေးဘူး ကျန်တဲ့လူရွေးလို့ရတာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကလည်း ပေးတော့လည်း ပရိသတ်လည်း သိမှာပဲ ဒါကထားလိုက်ပါ သူတို့ရွေးတဲ့ဟာသူတို့မှန်တယ်လို့ ပေးတာ။ ဒီနှစ်ကြတော့ ဆန်ခါတင်တောင် မပါဘူးဆိုတော့ ကျွန်တော် စဉ်းစားသွားတယ် ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြီးတော့ Message တစ်ခုခုပေးမယ် ပရိသတ်ကို ဆိုပြီးတော့။

 ဆန်ခါတင်တောင် မပါဘူးဆိုတော့ ငါတော်တော် ညံ့နေတာပဲလို့ ဆုံးဖြတ်မိတဲ့အတွက်ကြောင့် ခုဏ ဆုံးဖြတ်ချက်ကို ချလိုက်တာ။ ပွဲခံမယ်ဆိုတာကို ကျွန်တော်ပြောပြီ ကျွန်တော့်အရှေ့မှာ တကယ့်နာမည်ကြီး ဒါရိုက်တာ သုံးယောက် ရိုက်ခဲ့တယ် အဲ့ဒီကားကိုပဲ အဲ့ဒီဇာတ်လမ်းကိုပဲ ရိုက်ခဲ့တာ။ နာမည်ကြီး ဒါရိုက်တာ သုံးယောက်ရိုက်ခဲ့တယ်။ အဲ့တုန်းကတော့ မဖြစ်ခဲ့ဘူး ကျွန်တော့်အလှည့်ကျမှ အကြီးကြီးတွေ ဖြစ်သွားတာ။ ဒါကဘာလဲဆိုတော့ ဘယ်လိုပြောရမလဲမသိဘူး ကိုယ့်ကံလို့ပဲပြောရမှာပဲ။ ကိုယ်ကံမကောင်းလို့ ဖြစ်တဲ့ အခြေအနေလို့ပဲ မှတ်ရမှာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top