iMyanmarHouse.com - Best Property Website for Myanmar
×
4.အရှိတရားကို လက်ခံပါ။
Credit: Nanmalgyi
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
# Unicode Version ဖြင့် ဖတ်ပါ #
သက်တမ်းရှည်ကြာခိုင်မာတဲ့ relationshipတစ်ခုဖြစ်ဖို့ အခြေခံလိုအပ်ချက်က ယုံကြည်မှုပါ။ရိုးသားမှုနဲ့အပြန်အလှန်ယုံကြည်နားလည်မှုဆိုတာ ချစ်သက်တမ်းဘယ်တော့မှအဆုံးသတ်မသွားစေမယ့် အဓိကလျို့ဝှက်ချက်ပါ။ဆိုတော့ ဒီတစ်ခါမှာ သင့်ရဲ့ဘဝလက်တွဲဖော်နဲ့ လှပတဲ့relationshipတစ်ခုဖြစ်ဖို့ အပြန်အလှန်လိုက်နာသင့်တဲ့ အချက်အချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ။
1.သင့်ကိုယ်သင်မလိမ်ပါနှင့်။
သင့်ကိုယ်သင် မလိမ်ပါနှင့်။မလှည့်စားပါနှင့်။သင်နှင့်ပတ်သက်ရမည့်သူနဲ့ပတ်သက်ပြီး စိတ်ကိုရှင်းရှင်းထားပါ။သင့်ရဲ့ရှေ့တစ်လျှောက်လုံးအတွက်ရည်ရွယ်တာဖြစ်လို့ မပတ်သက်ခင်ကတည်းက သင့်ရဲ့အတွင်းစိတ်ရင်းအသံကို နားထောင်ပါ။
2.သင့်ရဲ့relationshipအတွက် အချိန်ပေးပါ။
အတတ်နိုင်ဆုံး တန်ဖိုးရှိတဲ့အချိန်တွေကို အတူတကွမျှဝေနိုင်ဖို့ ကြိုးစားပါ။ဤနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက်ပိုမိုရင်းနှီးကျွမ်းဝင်လာနိုင်သလို သင့်လက်တွဲဖော်နဲ့ပတ်သက်ပြီး သင့်စိတ်ထဲမှာမကျေမလည်နားလည်မှုလွဲနေတဲ့ကိစ္စများကိုလည်း ပယ်ဖျက်ပေးနိုင်ပါတယ်။
3.တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပါ။
အပြန်အလှန်လေးစားမှုရှိခြင်းကလည်း ခိုင်မြဲတဲ့Relationshipတစ်ခုကို ပုံဖော်နိုင်တဲ့နည်းဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ရဲ့ မတူညီကွဲပြားမှုတွေကို အလေးထားပေးရင်း ညှိနှိုင်းနားလည်ရှေ့ဆက်ဖို့လိုပါတယ်။
4.အရှိတရားကို လက်ခံပါ။
သင့်လက်တွဲဖော်ရဲ့ ဖြစ်တည်နေမှုပုံစံအတိုင်း လက်ခံပါ။နှစ်ယောက်ကြားမှာ ရှေ့တစ်မျိုး၊ကွယ်ရာတစ်မျိုး လိမ်ညာကွယ်ဝှက်ထားခြင်းမရှိပဲ မိမိအခြေအနေကို အရှိုအရှိအတိုင်း ထုတ်ဖော်ဖွင့်ဟပါ။
5.ပေါင်းစပ်တိုင်ပင်ခြင်း
ဘယ်လိုပြသနာမျိုးကိုမဆို ကောင်းမွန်စွာပေါင်းစပ်တိုင်ပင်ရင်း ဖြေရှင်းနိုင်ပါတယ်။အဲလိုပဲ သင့်relationshipမှာလည်း ခံစားချက်တွေကိုမျှဝေ၊အတွေးအခေါ်တွေကိုမျှဝေ၊ပြသနာတွေကို မျှဝေတိုင်ပင်ရင်း ခိုင်မာတဲ့ချစ်သက်တမ်းတစ်ခုကို တည်ဆောက်နိုင်မှာပါ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top