iMyanmarHouse.com - Best Property Website for Myanmar
×


ခါးနာတဲ့ ျပႆနာကို လူေတာ္ေတာ္မ်ားမ်ား ခံစားဖူးၾကမယ္ ထင္ပါတယ္။ အလုပ္မွာ ပစၥည္းအေလးၾကီးေတြ မ လိုက္တဲ့အခါ၊ အားကစားလုပ္ေနရင္း ထိခိုက္မိတာ၊ ထိုင္တဲ့ ခါးအေနအထား ပံုစံမမွန္တာ အစရွိတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ခါးနာႏိုင္ပါတယ္။ ရိုးရိုးခါးနာတာပဲ ဆိုျပီး ေပါ့ဆလို႔ေတာ့မျဖစ္ပါဘူး။အခုေျပာျပေပးမယ့္ နည္းလမ္းေတြဟာ ခါးနာေ၀ဒနာကို သက္သာေစဖို႔အတြက္ ျဖစ္ျပီး အခ်ိန္ၾကာသည္အထိ လံုး၀မသက္သာလာဘူးဆိုရင္ေတာ့ အရိုးဆရာ၀န္နဲ႔ ေသခ်ာျပသၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္။

၁။ ေရခဲအိတ္နဲ႔ ေရေႏြးအိတ္ ကပ္ေပးပါ။

ခါးနာေ၀ဒနာကို အျမန္ဆံုး သက္သာေစႏိုင္တဲ့ အိမ္တြင္းနည္းလမ္းေကာင္းျဖစ္ပါတယ္။ ခါးနာကာစမွာ ေရေႏြးအိတ္အစား ေရခဲအိတ္ကိုသာ အသံုးျပဳသင့္ပါတယ္။ ေရခဲအိတ္မရွိဘူးဆိုရင္လည္း အ၀တ္ထဲမွာ ေရခဲအနည္းငယ္ထည့္ျပီး ကပ္ေပးလို႔ ရပါတယ္။

ခါးနာေ၀ဒနာကို သက္သာေစဖို႔အတြက္ ေရခဲအိတ္ကို ၁၀မိနစ္ခန္႔ ဖိကပ္ေပးပါ။ ေနာက္တစ္ခါ ျပန္ကပ္ဖို႔ ၁၀မိနစ္ခန္႔ ျခားေပးပါ။ တစ္ေန႔ကို ကိုယ္အဆင္ေျပသလို အၾကိမ္မ်ားမ်ား ကပ္ေပးႏိုင္ရင္ ပိုအဆင္ေျပပါတယ္။ ၁ရက္ ကေန ၂ရက္ထိ ေ၀ဒနာ မသက္သာဘူးဆိုမွ ေရေႏြးအိတ္ ကပ္ေပးပါ။

ေရခဲအိတ္ကပ္တဲ့ ပံုစံအတိုင္းပါပဲ။ ခါးေပၚမွာ ၁၀မိနစ္ထက္ပုိျပီး မကပ္ရပါဘူး။ ေရေႏြးအိတ္မကပ္ခင္ အေရျပားေပၚမွာ အ၀တ္တစ္ခု ခံျပီးမွ ကပ္တာ ပိုေကာင္းပါတယ္။ အပူဟာ အနာက်က္ျမန္ေစမယ့္ ဒဏ္ရာျဖစ္ကာစမွာ ကပ္ျပီး ပိုျပီးေရာင္လာႏိုင္ပါတယ္။ သတိထားရမွာက ေရေႏြးအိတ္ကို အၾကာၾကီးကပ္ထားတာ၊ ကပ္ထားျပီး အိပ္ေပ်ာ္သြားတာမ်ိဳး လံုး၀မလုပ္ရပါဘူး။

၂။ အပ္စိုက္ကုသၾကည့္ပါ။

တရုတ္ရိုးရာ အပ္စိုက္ကုသနည္းဟာ ခါးနာေ၀ဒနာကို သက္သာေစႏိုင္တယ္လို႔ ေလ့လာေတြ႔ရွိထားၾကပါတယ္။ အပ္ေသးေသးေလးနဲ႔ ခါးေနရာတစ္၀ိုက္မွာ စိုက္ထားတဲ့အခါ ေ၀ဒနာကို သက္သာေစျပီး ေသြးလည္ပတ္မႈေကာင္းေစတယ္။ အားအင္ကို ျဖည့္တင္းေပးႏုိင္တယ္။ နာက်င္မႈကို ေျပေလ်ာ့ေစပါတယ္။

၃။ အလုပ္ခြင္ဟာ ကိုယ့္အတြက္ သက္ေတာင့္သက္သာ ရွိပါေစ။

တစ္ေန႔လံုး အလုပ္က စားပြဲခံုမွာ ထိုင္ျပီး အလုပ္လုပ္ေနတဲ့သူေတြအတြက္ေတာ့ ခါးနာေ၀ဒနာဟာ ျပႆနာ ပိုျဖစ္ေစႏိုင္ပါတယ္။ ထိုင္ခံုကို ကိုယ့္ေျခေထာက္နဲ႔ ေျမျပင္ ထိကပ္ေစျပီး သက္ေတာင့္သက္သာျဖစ္ေစႏုိင္မယ့္ အျမင့္မွာ ရွိေနဖို႔ ေသခ်ာျပဳျပင္ေပးပါ။ ဒူးေခါင္းဟာ ထိုင္ေနတဲ့ တင္ပါးနဲ႔ တစ္ေျပးညီတည္း ျဖစ္ပါေစ။ ေက်ာမွီထိုင္ခံု မဟုတ္ဘူးဆိုရင္ ေခါင္းအံုးအေသးျဖစ္ေစ၊ မ်က္ႏွာသုတ္ပ၀ကို လိပ္ျပီးျဖစ္ေစ ခါးေအာက္ပိုင္းမွာ ခံထားေပးပါ။

ကြန္ပ်ဴတာမ်က္ႏွာျပင္ဟာ မ်က္လံုးနဲ႔ တစ္ေျပးညီတည္း သို႔မဟုတ္ အနည္းငယ္ ေအာက္ကို ေရာက္ေနေပးဖို႔လည္း အေရးၾကီးပါတယ္။ ထိုင္ခံုနဲ႔ လက္တစ္ကမ္းအကြာမွာ ကြန္ပ်ဴတာ မ်က္ႏွာျပင္ရွိေနပါေစ။ကိုယ့္အတြက္ အေရးၾကီးတဲ့၊ အျမဲတမ္း အသံုးျပဳေနရမယ့္၊ အသံုးလိုတဲ့ ပစၥည္းေတြရွိရင္ ကိုယ္လက္လွမ္းမီတဲ့ ေနရာမွာ ထားေပးပါ။ မၾကာခဏ ထသြား၊ ထလာလုပ္ျခင္း ခါးနာတဲ့ ေ၀ဒနာကို ပိုဆိုးေစႏုိင္ပါတယ္။

၄။ အရိုးက်န္းမာေစတဲ့ အစာအာဟာရေတြ စားေပးပါ။

အရိုးနာက်င္ေနတယ္ဆိုရင္ လ်င္ျမန္စြာ သက္သာေစႏုိင္ဖို႔ လိုအပ္တဲ့ အာဟာရဓာတ္ေတြ ပါ၀င္တဲ့ အစားအစာေတြကို မ်ားမ်ားစားေပးဖို႔ လိုအပ္ပါတယ္။ အစာအာဟာရျပည့္၀ျခင္းဟာ က်န္းမာေရးအတြက္သာမက ကိုယ္တြင္းအဂၤါေတြ ေကာင္းစြာ အလုပ္လုပ္ေစဖို႔နဲ႔ ပ်က္စီးေနတဲ့ ဆဲလ္၊ တစ္သွ်ဴးေတြကို ျပန္လည္ ျပဳျပင္ေပးဖို႔ ကူညီေပးႏိုင္ပါတယ္။

ခါးနာေနခ်ိန္မွာ အရိုးက်န္းမာဖို႔နဲ႔ သန္စြမ္းေစဖို႔ ကယ္လ္စီယမ္ဓာတ္၊ ေဖာ့စဖရပ္စ္ဓာတ္၊ ဗီတာမင္ D ပါ၀င္တဲ့ အစားအစာေတြကို မ်ားမ်ား စားေပးပါ။ ဒိန္ခ်ဥ္၊ ႏြားႏို႔၊ လိေမၼာ္သီး၊ ပဲ၊ ဟင္းသီးဟင္းရြက္ေတြ၊ ငါး၊ ပင္လယ္စာ၊ ဥေတြအျပင္ ၾကက္စြပ္ျပဳတ္လိုမ်ိဳး အာဟာရဓာတ္ေပါၾကြယ္၀တဲ့ အစားအစာေတြ စားေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

၅။ အိပ္တဲ့ အေနအထား မွန္ကန္ပါေစ။

ကိုယ္အိပ္တဲ့ ပံုစံေၾကာင့္ ခါးနာျခင္း ျဖစ္ေစႏိုင္သလို ေ၀ဒနာ သက္သာဖို႔လည္း ပိုျပီး ၾကာသြားႏုိင္ပါတယ္။ ဒါေၾကာင့္ ခါးနာေနတဲ့အခ်ိန္မွာ ေဘးေစာင္းျပီး အိပ္ေပးပါ။ ဒူးႏွစ္ဖက္ၾကားမွာ ေခါင္းအံုးတစ္ခု ခံျပီး ရင္ဘတ္ကို ဦးတည္ ေကြးထားေပးပါ။ ခါးကို တတ္ႏိုင္သေလာက္ တည့္ေနေအာင္ အိပ္ေပးပါ။ ေပ်ာ့လြန္းတဲ့ အိပ္ရာမွာ အိပ္ရင္လည္း ခါးနာေစႏိုင္တာေၾကာင့္ အနည္းငယ္မာတဲ့ အိပ္ရာခင္းမ်ိိဳး၊ ကုတင္မွာ အိပ္ေပးတာ ပိုေကာင္းပါတယ္။

၆။ ေယာဂေလ့က်င့္ပါ။

ေယာဂက်င့္ျခင္းဟာ ခါးနာတဲ့ ေ၀ဒနာကို သက္သာေစျပီး ကိုယ္ခႏၶာအႏွံ႔ ၾကြက္သားေတြကို ေျပေလ်ာ့ေစတယ္။ ခါးနာေနခ်ိန္မွာ အားကစား၊ ေလ့က်င့္ခန္း လုပ္လို႔ မရတာေၾကာင့္ ေယာဂက်င့္စဥ္ က်င့္ျခင္းဟာ စိတ္ဖိစီးမႈကိုလည္း ေျပေလ်ာ့ေစတယ္။ အရိုးနဲ႔ ၾကြက္သားကိုလည္း ေလ့က်င့္ခန္းလုပ္ေပးရာ ေရာက္တယ္။ တင္းေနတဲ့ အေၾကာေတြကိုလည္း ေျဖေလွ်ာ့ေပးႏိုင္ပါတယ္။ ခါးနာေနတဲ့အေၾကာင္းကို ေယာဂနည္းျပကို ေျပာျပေပးျပီး ကိုယ့္အတြက္ ေ၀ဒနာ သက္သာေစႏိုင္တဲ့ ေလ့က်င့္ခန္းမ်ိဳး လုပ္ေပးႏိုင္ရင္ အေကာင္းဆံုးပါပဲ။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ခါးနာတဲ့ ပြဿနာကို လူတော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ အလုပ်မှာ ပစ္စည်းအလေးကြီးတွေ မ လိုက်တဲ့အခါ၊ အားကစားလုပ်နေရင်း ထိခိုက်မိတာ၊ ထိုင်တဲ့ ခါးအနေအထား ပုံစံမမှန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ခါးနာနိုင်ပါတယ်။ ရိုးရိုးခါးနာတာပဲ ဆိုပြီး ပေါ့ဆလို့တော့မဖြစ်ပါဘူး။အခုပြောပြပေးမယ့် နည်းလမ်းတွေဟာ ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ဖြစ်ပြီး အချိန်ကြာသည်အထိ လုံးဝမသက်သာလာဘူးဆိုရင်တော့ အရိုးဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁။ ရေခဲအိတ်နဲ့ ရေနွေးအိတ် ကပ်ပေးပါ။

ခါးနာဝေဒနာကို အမြန်ဆုံး သက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းဖြစ်ပါတယ်။ ခါးနာကာစမှာ ရေနွေးအိတ်အစား ရေခဲအိတ်ကိုသာ အသုံးပြုသင့်ပါတယ်။ ရေခဲအိတ်မရှိဘူးဆိုရင်လည်း အဝတ်ထဲမှာ ရေခဲအနည်းငယ်ထည့်ပြီး ကပ်ပေးလို့ ရပါတယ်။

ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ရေခဲအိတ်ကို ၁၀မိနစ်ခန့် ဖိကပ်ပေးပါ။ နောက်တစ်ခါ ပြန်ကပ်ဖို့ ၁၀မိနစ်ခန့် ခြားပေးပါ။ တစ်နေ့ကို ကိုယ်အဆင်ပြေသလို အကြိမ်များများ ကပ်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ ၁ရက် ကနေ ၂ရက်ထိ ဝေဒနာ မသက်သာဘူးဆိုမှ ရေနွေးအိတ် ကပ်ပေးပါ။

ရေခဲအိတ်ကပ်တဲ့ ပုံစံအတိုင်းပါပဲ။ ခါးပေါ်မှာ ၁၀မိနစ်ထက်ပိုပြီး မကပ်ရပါဘူး။ ရေနွေးအိတ်မကပ်ခင် အရေပြားပေါ်မှာ အဝတ်တစ်ခု ခံပြီးမှ ကပ်တာ ပိုကောင်းပါတယ်။ အပူဟာ အနာကျက်မြန်စေမယ့် ဒဏ်ရာဖြစ်ကာစမှာ ကပ်ပြီး ပိုပြီးရောင်လာနိုင်ပါတယ်။ သတိထားရမှာက ရေနွေးအိတ်ကို အကြာကြီးကပ်ထားတာ၊ ကပ်ထားပြီး အိပ်ပျော်သွားတာမျိုး လုံးဝမလုပ်ရပါဘူး။

၂။ အပ်စိုက်ကုသကြည့်ပါ။

တရုတ်ရိုးရာ အပ်စိုက်ကုသနည်းဟာ ခါးနာဝေဒနာကို သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ အပ်သေးသေးလေးနဲ့ ခါးနေရာတစ်ဝိုက်မှာ စိုက်ထားတဲ့အခါ ဝေဒနာကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ အားအင်ကို ဖြည့်တင်းပေးနိုင်တယ်။ နာကျင်မှုကို ပြေလျော့စေပါတယ်။

၃။ အလုပ်ခွင်ဟာ ကိုယ့်အတွက် သက်တောင့်သက်သာ ရှိပါစေ။

တစ်နေ့လုံး အလုပ်က စားပွဲခုံမှာ ထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေအတွက်တော့ ခါးနာဝေဒနာဟာ ပြဿနာ ပိုဖြစ်စေနိုင်ပါတယ်။ ထိုင်ခုံကို ကိုယ့်ခြေထောက်နဲ့ မြေပြင် ထိကပ်စေပြီး သက်တောင့်သက်သာဖြစ်စေနိုင်မယ့် အမြင့်မှာ ရှိနေဖို့ သေချာပြုပြင်ပေးပါ။ ဒူးခေါင်းဟာ ထိုင်နေတဲ့ တင်ပါးနဲ့ တစ်ပြေးညီတည်း ဖြစ်ပါစေ။ ကျောမှီထိုင်ခုံ မဟုတ်ဘူးဆိုရင် ခေါင်းအုံးအသေးဖြစ်စေ၊ မျက်နှာသုတ်ပဝကို လိပ်ပြီးဖြစ်စေ ခါးအောက်ပိုင်းမှာ ခံထားပေးပါ။

ကွန်ပျူတာမျက်နှာပြင်ဟာ မျက်လုံးနဲ့ တစ်ပြေးညီတည်း သို့မဟုတ် အနည်းငယ် အောက်ကို ရောက်နေပေးဖို့လည်း အရေးကြီးပါတယ်။ ထိုင်ခုံနဲ့ လက်တစ်ကမ်းအကွာမှာ ကွန်ပျူတာ မျက်နှာပြင်ရှိနေပါစေ။ကိုယ့်အတွက် အရေးကြီးတဲ့၊ အမြဲတမ်း အသုံးပြုနေရမယ့်၊ အသုံးလိုတဲ့ ပစ္စည်းတွေရှိရင် ကိုယ်လက်လှမ်းမီတဲ့ နေရာမှာ ထားပေးပါ။ မကြာခဏ ထသွား၊ ထလာလုပ်ခြင်း ခါးနာတဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

၄။ အရိုးကျန်းမာစေတဲ့ အစာအာဟာရတွေ စားပေးပါ။

အရိုးနာကျင်နေတယ်ဆိုရင် လျင်မြန်စွာ သက်သာစေနိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ အစာအာဟာရပြည့်ဝခြင်းဟာ ကျန်းမာရေးအတွက်သာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်စေဖို့နဲ့ ပျက်စီးနေတဲ့ ဆဲလ်၊ တစ်သျှူးတွေကို ပြန်လည် ပြုပြင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။

ခါးနာနေချိန်မှာ အရိုးကျန်းမာဖို့နဲ့ သန်စွမ်းစေဖို့ ကယ်လ်စီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ။ ဒိန်ချဉ်၊ နွားနို့၊ လိမ္မော်သီး၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါး၊ ပင်လယ်စာ၊ ဥတွေအပြင် ကြက်စွပ်ပြုတ်လိုမျိုး အာဟာရဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးနိုင်ရင် ပိုကောင်းပါတယ်။

၅။ အိပ်တဲ့ အနေအထား မှန်ကန်ပါစေ။

ကိုယ်အိပ်တဲ့ ပုံစံကြောင့် ခါးနာခြင်း ဖြစ်စေနိုင်သလို ဝေဒနာ သက်သာဖို့လည်း ပိုပြီး ကြာသွားနိုင်ပါတယ်။ ဒါကြောင့် ခါးနာနေတဲ့အချိန်မှာ ဘေးစောင်းပြီး အိပ်ပေးပါ။ ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်ခု ခံပြီး ရင်ဘတ်ကို ဦးတည် ကွေးထားပေးပါ။ ခါးကို တတ်နိုင်သလောက် တည့်နေအောင် အိပ်ပေးပါ။ ပျော့လွန်းတဲ့ အိပ်ရာမှာ အိပ်ရင်လည်း ခါးနာစေနိုင်တာကြောင့် အနည်းငယ်မာတဲ့ အိပ်ရာခင်းမျိုး၊ ကုတင်မှာ အိပ်ပေးတာ ပိုကောင်းပါတယ်။

၆။ ယောဂလေ့ကျင့်ပါ။

ယောဂကျင့်ခြင်းဟာ ခါးနာတဲ့ ဝေဒနာကို သက်သာစေပြီး ကိုယ်ခန္ဓာအနှံ့ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခါးနာနေချိန်မှာ အားကစား၊ လေ့ကျင့်ခန်း လုပ်လို့ မရတာကြောင့် ယောဂကျင့်စဉ် ကျင့်ခြင်းဟာ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေတယ်။ အရိုးနဲ့ ကြွက်သားကိုလည်း လေ့ကျင့်ခန်းလုပ်ပေးရာ ရောက်တယ်။ တင်းနေတဲ့ အကြောတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်။ ခါးနာနေတဲ့အကြောင်းကို ယောဂနည်းပြကို ပြောပြပေးပြီး ကိုယ့်အတွက် ဝေဒနာ သက်သာစေနိုင်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top